Part 86

5.8K 801 1
                                    

unicode

အမှိုက်ကောင် ပြန်ရှင်လာပြီ

အပိုင်း ၈၆
ထျန်းလန်အကယ်ဒမီ၏ ကွင်းပြင်ကျယ်ထဲသို့ ချီရှောက်ရုန် ရောက်လာသည်။ ထို့နောက် ချီမိသားစုမှအဆင့်(၈) နှင့်အတူ ချီရှောက်ဖူတို့ကို တွေ့လိုက်ရသည်။
ချီရှောက်ရုန်၏နှုတ်ခမ်းတွေက ကော့တက်နေသည်။ သူက အေးစက်စွာ ပြော၏။
“ချီမိသားစုက နောက်ဆုံးတော့ လှုပ်ရှားလိုက်ပြီပေါ့”
“စတုတ္ထသခင်လေး ဒီမဟာအကြီးအကဲက မင်းကိုပြန်လာဖို့ ဖိတ်ခေါ်တာပါ”
ချီယွမ်က ချီရှောက်ရုန်၏အနားသို့ ရောက်လာကာ ပြောသည်။ ချီရှောက်ရုန်က ချီယွမ်ကို စုန်ချည်ဆန်ချည် ကြည့်ပြီး မေး၏။
“ချီမိသားစုက အဖွဲ့ဝင်တောင် မဟုတ်တော့တဲ့ ကျွန်တော့်ကို ဘာကြောင့်များ ဖိတ်ခေါ်ချင်ရတာလဲ၊ ကျွန်တော့်ကို ဆက်တိုက် အခုလိုမျိုး စတုတ္ထသခင်လေးချီလို့ခေါ်နေတာက အဆင်မပြေဘူးလို့ ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အကယ်ဒမီမှာ နေရတာကိုပဲ စိတ်ဝင်စားတယ်၊ အပြင်ကို သွားဖို့တော့ ဆန္ဒမရှိပါဘူး”
“စတုတ္ထသခင်လေး အရင်က ဖြစ်ခဲ့တဲ့ကိစ္စတွေက နားလည်မှုလွဲနေတာပါ၊ သခင်လေးကပဲ နားလည်ပေးရတော့မှာပဲ”
ချီယွမ်က ပြောသည်။
ချီရှောက်ရုန်က စိတ်မရှည်စွာ ပြောလိုက်၏။
“လာစမ်းပါ စကားစကို ဖြတ်လိုက်စမ်းပါ၊ ကျွန်တော်က ပြန်မလိုက်ဘူးဆိုရင် ခင်ဗျားတို့က ဘာလုပ်ချင်လဲ”
ချီယွမ်က ချီရှောက်ရုန်ကို ကြည့်ကာပြောသည်။
“စတုတ္ထသခင်လေးက ခေါင်းမာလိုက်တာ၊ ဒီလိုဆိုရင် ကျွန်တော် နည်းနည်း ရိုင်းပြသလို ဖြစ်သွားမယ်ထင်တယ်”
ချီရှောက်ရုန်က အေးစက်စွာအော်ရယ်သည်။
“ဒီအကြီးအကဲကတော့ ကျွန်တော်က အခု စိတ်အခြေအနေ ကောင်းနေတာ မဟုတ်ဘူး၊ အကြီးအကဲက ဒီလိုမျိုး ဆက်တိုက် အနှောင့်ယှက်ပေးနေတာက အရိုက်ခံချင်လို့များလား”
ဘေးဘက်တွင် ကြည့်နေသည့် လီဟုန်က ဆွံ့အသွားသည်။ သူက မျက်မှောင်ကျုံ့ကာ တွေးလိုက်၏။
ဒီကျောင်းအုပ်နဲ့ ဒီတပည့်က တူလိုက်တာ၊ ချီယွမ်က ချီမိသားစုက ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်လေ။ ချီရှောက်ရုန်က အကြီးအကဲတစ်ယောက်ကို ဒီလိုရိုင်းပြနေတာက အဆင်ပြေပါ့မလား။
ချီယွမ်၏မျက်နှာက ပျက်ယွင်းသွားသည်။ သူကပြော၏။
“စတုတ္ထသခင်လေး စိတ်မကောင်းပါဘူး”
ချီရှောက်ရုန်က အေးစက်စွာ အော်ရယ်ပြန်ကာ သူ့လက်တွင် စာလိပ်များစွာကို ထွက်ပေါ်လာစေလျက် ချီယွမ်ကို ပစ်ပေါက်လိုက်သည်။
ချီရှောက်ဖူက ချီရှောက်ရုန်၏လှုပ်ရှားကွက်ကို မြင်ကာ မနာလို ဖြစ်သွားသည်။ ချီရှောက်ဖူက ပြော၏။
“စတုတ္ထသခင်လေးက တော်တော်လေးကို မိုက်တာပဲ၊ ဒီအဆောင်လက်ဖွဲ့ အစုံလိုက်ဆိုရင် ရွှေပြား၁၀၀၀၀လောက် ကုန်မယ်၊ ညီငယ်လေးက တကယ် ချမ်းသာတာပဲ”
ချီယွမ်က ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်ရသည်။ ချီရှောက်ရုန်ကို ပြန်ကြည့်ကာ သူ၏အမူအရာက မည်းမှောင်လာ၏။
“စတုတ္ထသခင်လေး ဒီသခင်က မင်းကို အိမ်တော်ကိုပြန်လိုက်ဖို့ပဲ ဖိတ်ခေါ်တာကို မင်းက ဒီလောက်ထိ စိတ်လှုပ်ရှားနေဖို့ လိုအပ်လို့လား”
ချီရှောက်ရုန်က မှော်တုတ်တံကို မြောက်လိုက်သည်။
“အဖိုးကြီး စကားတွေ အရမ်းများတာပဲ၊ တကယ်လို့ဖိအားသုံးပြီး ခေါ်ချင်တယ်ဆိုရင်လည်း ဘယ်လောက် လုပ်နိုင်လဲဆိုတာကို ပြသလိုက်လေ”
ချီယွမ်”…”
ချီရှောက်ဖူက တစ်စုံတရာဝင်ပြောရန် ပြင်လိုက်ချိန်တွင် ချီရှောက်ရုန်က အနက်ရောင်အရှိန်ဝါတွေဖြင့် လွှမ်းခြုံလျက် အလွန်ကြောက်မက်ဖွယ်ကောင်းလာကြောင်း မြင်လိုက်ရကာ စကားလုံးတွေကို ပြန်လည်မျိုချလိုက်သည်။
“စတုတ္ထညီငယ်က ကြောက်ဖို့ကောင်းလာသလိုပဲ”
ချီယွမ်က လက်ကို မြောက်လိုက်ကာ သစ်သားနွယ်ပင်တွေကို ထွက်ပေါ်လာစေလျက် ချီရှောက်ရုန်ကို ဝိုင်းပတ်ရန် ကြံစည်သည်။ ချီရှောက်ရုန်ကသူ၏မှော်တုတ်တံကို ဝှေ့ရမ်းလျက် အနက်ရောင်မှော်စွမ်းအင်တွေကို ထွက်ပေါ်လာစေသည်။
ချီရှောက်ရုန် ဝတ်ဆင်ထားသည့် ဝတ်စုံတစ်ခုလုံးက သလင်းရောင်တွေဖြင့် လင်းလက်တောက်ပလာသည်။ ဒါကစွမ်းအားတွေကို တိုးမြင့်ပေးနိုင်စွမ်းရှိကာ အချိန်တစ်ခဏတော့ဖြင့် မြောက်များနေပေလိမ့်မည်။
ကောင်းကင်တွင် အနက်ရောင်နှင့် အပြာရောင် အလင်းတွေ ထိပ်တိုက်တွေ့ဆုံနေခဲ့ကာ ထျန်းလန်အကယ်ဒမီမှ သူတွေက ဆွံ့အစွာဖြင့် စောင့်ကြည့်နေကြသည်။ သူတို့အားလုံး စိတ်လှုပ်ရှားနေကြ၏။
လီဟုန်က ချီရှောက်ရုန်နှင့်ချီရွမ်တို့၏တိုက်ပွဲကို ကြည့်ကာ မျက်မှောင်ကျုံ့သည်။
“ဒုကျောင်းအုပ် ကျောင်းသားချီက တကယ် ခေါင်းပူပြီး အလောတကြီး လုပ်လွန်းတယ်”
ဆရာတစ်ယောက်က ပြောသည်။ ထိုဆရာ၏စကားက ထွက်လာသည်နှင့် ချီရှောက်ရုန်က နောက်ထပ် အဆောင်လက်ဖွဲ့ အပုံလိုက်ကို ချီယွမ်ကို ပစ်ပေါက်လိုက်ပြန်သည်။
“ကျောင်းအုပ်ရဲ့တပည့်ကတော့ တကယ်ချမ်းသာတာပဲ”
“ကျောင်းအုပ်ရဲ့တပည့်ကတော့ တကယ်ကိုလူချမ်းသာပဲ”
အားလုံးက ပြောနေကြသည်။
“ကျောင်းအုပ်က တစ်ခုခုတော့ တစ်ခုခုပဲ၊ ဒီလောက်ပါရမီကြီးတဲ့ ကျောင်းသားမျိုးကို သိုဝှက်ထားနိုင်တယ်။ ရှန်းယွမ်အကယ်ဒမီက သူတွေကတောင်မှ ဒီလောက်အထိ ပိုက်ဆံ မဖြုန်းနိုင်ဘူးလို့ ငါ လောင်းရဲတယ်”
လီဟုန်၏လက်ထောက်က ပြောသည်။
လီဟုန်၏မျက်နှာက မည်းမှောင်နေသည်။
“မင်းက ငါတို့အကယ်ဒမီရဲ့ ဆရာတစ်ယောက်နော် ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ငါတို့အကယ်ဒမီက နံပါတ်တစ်ပဲ ဖြစ်နေရမယ်၊ ဒါကြောင့် အပြင်ကျောင်းရဲ့ ကျောင်းသတင်းတွေကို မပြောတာက အကောင်းဆုံးဖြစ်လိမ့်မယ်”
လီဟုန်၏ဘေးနားတွင်ရှိသည့် ဆရာတစ်ယောက်က ပြောလာပြန်သည်။
“ဒုကျောင်းအုပ် ဒီအကြောင်းတွေ မပြောစမ်းပါနဲ့၊ ကျွန်တော် သိထားတဲ့အတိုင်းဆိုရင် ရှန်းယွမ်အကယ်ဒမီက အဆင့်တစ်ရမယ်လို့ လောင်းရဲတဲ့ထဲမှာ ခင်ဗျားလည်း ပါတယ်မဟုတ်လား”
လီဟုန်”…”
မင်းက ငါ့ကို အပြစ်တင်နေတာလား။ ကျောင်းအုပ်ဟူဖုန်းတောင်မှ ပြိုင်ပွဲစခါနီးချိန်မှာမှ ပြောင်းပြီး လောင်းလိုက်တာလေ။
“ကျောင်းသားချီရဲ့ စွမ်းအင်တွေက ကုန်ဆုံးတော့မယ်ထင်တယ်”
လီဟုန်က ပြောသည်။
“ဟုတ်တယ် သူက ဘယ်လောက်ပဲ ကောင်းကင်အဆင့်စွမ်းအင်ကို ပိုင်ဆိုင်ထားပါပစေ၊ သူက ငယ်ရွယ်လွန်းသေးတယ်။ တစ်ဖက်သူနဲ့ နှစ်ဆင့်တောင် ကွာနေတာ အကြာကြီး ဘယ်တောင့်ခံနိုင်ပါ့မလဲ”
လီဟုန်ကလည်း မျက်မှောင်ကျုံ့နေသည်။
“ဖြစ်နိုင်တာက ကျွင်းဟောင်ကြောင့် ငါတို့ရဲ့စတုတ္ထသခင်လေးချီက သက်ရောက်မှုခံနေရတာ ဖြစ်မယ်။ မဟုတ်ရင် သူ အကောင်းဆုံး အခြေအနေမှာဆိုရင် ဒီထက်ပိုပြီး တောင့်ခံနိုင်မှာပဲ”

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now