part 139

3.5K 490 1
                                    

Unicode

အမှိုက်ကောင်ပြန်ရှင်လာပြီ

အပိုင်း (၁၃၉)

ရှန်းယွမ်က ခေါင်းညိတ်ကာ ပြောသည်။
“ဟုတ်တယ်၊ အများစုကတော့ ကျင်းပြည်နယ်ကပဲ။ ကျင်းပြည်နယ်နဲ့ယွမ်ပြည်နယ်က ရန်သူတွေဆိုတော့ ငါတို့ အကျိုးကျေးဇူး အများကြီးရသွားမှာကို စိုးရိမ်ပြီး တိုက်ခိုက်လာကြတာပေါ့ ၊နောက်ပြီး ရီမိသားစုနှင့် ချီမိသားစုက လူတွေလည်းပါတယ်။ငါတို့ကသာ အင်အားကြီးသွားမယ်ဆိုရင် ကိုင်တွယ်ရခက်ခဲသွားမှာစိုးလို့လေ ၊နောက်ပြီး လက်ရှိမှာ ဖုန်းယွမ်ကို ကုသပေးနေတဲ့လူတွေလည်းပါတယ်”

ချီရှောက်ရုန် မျက်လုံးလှန်လိုက်သည်။
“ငါ ဘယ်တုန်းက ဒီလောက်ထိ နာမည်ဆိုးနဲ့ကျော်ကြားသွားတာလဲ ဆိုးလိုက်တာ”

လူတွေအများကြီးက သူ့ကိုပြသနာရှာချင်နေကြတယ်

ရှန်းယွမ်က ချီရှောက်ရုန်ကိုကြည့်သည်။
“အင်အားကြီးလေလေ ခံရမဲ့တုံ့ပြန်နိုင်စွမ်းက မြင့်မားလေလေပဲ”

နောက်တစ်နေ့တွင် …

ချီရှောက်ရုန် မျှော်လင့်ထားသည့်အတိုင်း မူမိသားစုနှင့် ရေဝိညာဉ်ဂိုဏ်းမှလူတွေ သွားရောက်ကုသပေးကြသော်လည်း နောက်ဆုံးတွင် ပြန်လာခဲ့ကြရ၏။

“သခင်လေး ဘယ်အချိန်သွားတွေ့မှာလဲ”
ရီဖန်က အလောတကြီး မေးလာသည်။

ချီရှောက်ရုန်က ရီဖန်ကိုကြည့်သည်။
“စိတ်အေးအေးထားပါ ၊ငါတို့စားလို့တောင် မပြီးသေးဘူးလေ ။အရင်ဆုံးစားပြီးတော့မှ သွားတွေ့ကြတာပေါ့”

“ဒါဆိုရင် ကျွန်တော် လိုက်ခဲ့ပေး …”

ချီရှောက်ရုန်က လက်ကာပြသည်။
“မလိုဘူး မင်းငါ့နောက်ကို လိုက်ခဲ့ဖို့မလိုဘူး”

ချီရှောက်ရုန်က မူတင်းရွှယ်ကိုသာ ကြည့်သည်။
“တင်းရွှယ် ငါနဲ့လိုက်ခဲ့မယ်မလား”

မူတင်းရွှယ်က ခေါင်းညိတ်သည်။
“ဟုတ်ကဲ့”

ချီရှောက်ရုန်က မူတင်းရွှယ်ကို တစ်ခဏခန့်စိုက်ကြည့်ပြီးနောက် မူတင်းရွှယ်က မျက်ခုံးပင် ပင့်မလာကြောင်းမြင်လိုက်ရသည်။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now