part 61

5.6K 820 2
                                    

unicode

အပိုင်း ၆၁
လျှို့ဝှက်နယ်မြေထဲတွင်။
“ရှန်းယွမ် မင်း ဒီကို မြန်မြန်လာ၊ ငါ့ကို ကူညီစမ်းပါ၊ ဒီသားရဲက အရမ်းစွမ်းအားကြီးနေတယ်”
ရှန်းဟွမ်အကယ်ဒမီမှ ကျိုးဟယ်ဆိုသူက ရှန်းယွမ်ကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
“ခဏလေးပဲ၊ ငါ အခုချက်ချင်း အရောက်လာပြီ”
ရှန်းယွမ်ဆိုသူက ပြန်အော်သည်။
ထိုရှန်းယွမ်ဆိုသူက စာလိပ်များစွာကို လွှတ်ထုတ်ပစ်လိုက်သည်။ သို့သော် တစ်ဝက်က သားရဲကို ထိသွားလေပြီး အခြားတစ်ဝက်ကမူ ကျိုးဟယ်ကို ထိသွားလေသည်။
“မင်း ဘာလုပ်လိုက်တာလဲ”
ကျိုးဟယ်က ဒေါသတကြီးအော်ဟစ်သည်။
ရှန်းယွမ်ဆိုသူက ကျိုးဟယ်ဆိုသူကို တည်ငြိမ်စွာဖြင့် တိုက်ခိုက်သည်။ ထိုသို့ဖြင့် လျှို့ဝှက်နယ်မြေထဲမှ ကန်ထုတ်ခံလိုက်ရတော့၏။
“ရှန်းယွမ် မင်း ရူးနေပြီလား”
ဖီးနစ်ချိုင့်ဝှမ်း၏ အပြင်ဘက်တွင်ရှိနေသည့် ရှန်းယွမ်ကမူ ဒေါသထွက်နေသည့် ကျိုးဟယ်ကိုကြည့်ကာ မသက်မသာ ဖြစ်သွားသည်။ သူက အပြစ်ကင်းပေသည်။ ဒါကို ဟန်ဆောင်ထားသည့် ချန်းမြန်က လုပ်နေခြင်း ဖြစ်သည်။
သုံးရက်ပင် မကြာသေးသည့်အချိန်တွင်ပင် ရှန်းဟွမ်အကယ်ဒမီမှ နှစ်ယောက်က အပြင်သို့ ရောက်ရှိနေခဲ့ချေပြီ။ ထို့ကြောင့် လုမင်၏မျက်နှာက မဲမှောင်နေ၏။
လုမင်က ဟူဖုန်းကို မေးသည်။
“မင်း ဒါကိုအမိန့်ပေးထားတာ မဟုတ်လား၊ ဟူဖုန်း မင်း အရှက်ကိုမရှိဘူး”
“ဟုတ်တယ် ငါ အမိန့်ပေးထားတာ”
ဟူဖုန်းကလည်း ခေါင်းကိုမော့ထားကာ ပြောသည်။
“ကိုယ့်ကိုယ်ကို မြင့်မြတ်ချင်ယောင်ဆောင်နေတယ်၊ တော်တော်လေးကို အရှက်မရှိတဲ့အကောင်”
လုမင်က ကျိန်ဆဲသည်။ သူက ဟူဖုန်းကို အရှင်လတ်လတ် ဝါးစားချင်နေပုံရ၏။
“မင်းကရော ဒီလိုဟန်မဆောင်နိုင်ဘူး မဟုတ်လား၊ လုမင် မင်းရဲ့အကယ်ဒမီက ဘယ်လိုအခြေအနေ ဖြစ်သွားလဲ တွေးကြည့်စမ်းပါအုံး၊ ငါ ပြောပြမယ်၊ မင်းရဲ့အကယ်ဒမီက သေချာပေါက် နောက်ဆုံးပဲ ရောက်သွားလိမ့်မယ်”
ဟူဖုန်းက အော်ရယ်နေသည်။
“မင်း တိုက်ခိုက်ချင်နေတာလား”
လုမင်က အော်ဟစ်ကာ အံကိုကြိတ်ထားသည်။
ဟူဖုန်းကလည်း အံကိုကြိတ်ထားကာ ပြော၏။
“လာစမ်းပါ၊ မင်းကို ဘယ်သူက ကြောက်နေလို့လဲ”
လုမင်နှင့်ဟူဖုန်းတို့ တိုက်ခိုက်ကြသည့်အခါ အခြားသူအားလုံးက ခပ်ဝေးဝေးသို့ ရွေ့လိုက်ကြသည်။ သူတို့သာ ဝင်ပါမိလျှင် သေသွားနိုင်ပေ၏။

စွန်းလင်းက အသက်ပြင်းပြင်းရှူကာ ပြောသည်။
“ကျောင်းအုပ်ဟူဖုန်းက ဒီလိုအခြေအနေဖြစ်အောင် လုပ်လိုက်နိုင်မယ်လို့ မထင်ထားဘူး”
“ဟုတ်တယ် ငါတောင်မှ လုံးဝ မထင်ထားခဲ့မိဘူး”
လီဟုန်ကလည်းပြောသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ”
ကျွင်းလင်း မယုံကြည်နိုင်တော့ပေ။ ကျွင်းဟောင် ပြောခဲ့ဖူးသည့်အတိုင်းဆိုလျှင် နတ်ဆိုးသမားတော်က အလင်းမှော်ပညာကို ပိုင်ဆိုင်ထားသည့် သူတစ်ယောက်ဖြစ်သည်။ သို့သော် ချီရှောက်ရုန်ကမူ အမှောင်ထုမှော်ပညာကို ပိုင်ဆိုင်နေသည်။
အလင်းနှင့်အမှောင်ဟာ မတည့်သည့်အတွက် တစ်ယောက်တည်းကသာ ကျင့်ကြံမည်ဆိုလျှင် သေချာပေါက် ပေါက်ကွဲသွားပေလိမ့်မည်။
တကယ်ပဲ သူတို့က မိတ်ဆွေတွေ သက်သက်ဖြစ်နေတာများလား။
စွန်းလင်းက ကျွင်းလင်းကို ကြည့်ကာ မေးသည်။
“ဆရာမ ကျွင်းလင်း ဘာဖြစ်လို့လဲ”
ကျွင်းလင်းက ခေါင်းခါသည်။
“ဘာရယ်မဟုတ်ပါဘူး”
စွန်းလင်းက ကျွင်းလင်းကိုကြည့်ကာ ပြုံးသည်။
“ဆရာမကျွင်းလင်းက တစ်ခုခုကို သိထားတာ မဟုတ်လား၊ ဆရာမက ချီရှောက်ရုန်အပေါ်ဆိုရင် ကောင်းတယ်လေ”
“ငါက ကျောင်းအုပ်ကို ယုံကြည်ရုံပါပဲ”
“ချီမိသားစုရဲ့စတုတ္ထသခင်လေးက ကောလဟာလတွေအတိုင်း မဟုတ်နေဘူးပဲ”
စွန်းလင်းက ပြောသည်။
“အင်း”

********

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now