part 138

3.7K 509 4
                                    

Unicode

အမှိုက်ကောင်ပြန်ရှင်လာပြီ

အပိုင်း ၁၃၈

မူတင်းရွှယ်က ရီဖန်၏အနောက်မှ လိုက်သွားသော်လည်း သူက နောက်သို့လှည့်ကာ မူဟွိုင်ကို ကြည့်သည်။ မူဟွိုင်ကလည်း သူ့ကိုကြည့်၏။ သူတို့အချင်းချင်း စိုက်ကြည့်နေကြသည်။

“အာ မူဟွိုင် ဘာဖြစ်လို့လဲ”
လန်ချင်းဟွာက မူဟွိုင်ကို ပြောသည်။

“အဲဒီလူက ငါ့ကိုသိနေသလိုပဲ”
မူဟွိုင်က ပြောသည်။

လန်ချင်းဟွာက ပြုံးလိုက်၏။။
“မူဟွိုင်ရယ် နင်က ကျော်ကြားနေတာပဲ၊ လူအများကြီးသိတာက ပုံမှန်ပါပဲ”

မူဟွိုင်က အံကိုကြိတ်သည်။
“မဟုတ်ဘူး၊ ကွာခြားတယ်၊ သူ့ရဲ့အကြည့်က အရမ်းကို စိတ်ရှုပ်ထွေးနေတဲ့ ပုံမျိုးပဲ”

“ဘယ်လိုစိတ်ရှုပ်ထွေးတာလဲ”

“ငါ့ကိုမုန်းပြီး မနာလိုဖြစ်လောက်အောင် မုန်းနေတဲ့ပုံမျိုးပဲ”
မူဟွိုင်က ပြောသည်။

လန်ချင်းဟွာက ရယ်သည်။
“ဒါက ဘာထူးဆန်းလို့လဲ၊ နင့်ကို လူအများကြီးက အားကျမနာလိုပြီး မုန်းတီးနေကြတာပဲလေ”

မူဟွိုင်က မျက်မှောင်ကြုတ်သည်။
“ဟုတ်မှာပါ”

ရီဖန်က အခန်းထဲဝင်လာပြီး ချီရှောက်ရုန်ကို သတင်းအချက်အလက် အများအပြားပါဝင်သည့် စာရွက်အထပ်လိုက်ကို ပေးသည်။

“ကျွန်တော် ဒါကို ပိုင်ရှောင်ထန်းဆီကနေ ရအောင် ပိုက်ဆံအများကြီး သုံးလာခဲ့ရတယ်၊ ဖုန်းယွမ်က ဒီတစ်ကြိမ်မှာ ဆရာသခင်များစွာကို ဖိတ်ထားခဲ့တယ်၊ အားလုံးအယောက် ၂၀ ကျော်လောက်တယ်၊ သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေ အကုန် ဒီမှာရှိတယ်”

ချီရှောက်ရုန်က ထူထဲသည့် သတင်းအချက်အလက်စာရွက်အပုံလိုက်ကို ကြည့်လိုက်သည်။
ရီဖန် ဒီကောင် အိမ်စာကောင်းကောင်း လုပ်လာသားပဲ။

ရီဖန်က စကားကို ရပ်သည်။
“ဖုန်းယွမ်ရဲ့အခြေအနေက ဆိုးသထက်ဆိုးနေတာ၊ ရှန်းမန်က ကတိပေးထားတယ်၊ ဖုန်းယွမ်ကိုသာ ကုသပေးနိုင်မယ်ဆိုရင် အဲဒီလူ တောင်းဆိုသမျှကို ရှန်းယွမ်က ဘာမဆို ဖြည့်ဆည်းပေးမယ်တဲ့”

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now