part 81

5.9K 827 5
                                    

unicode
အမှိုက်ကောင်ပြန်ရှင်လာပြီ

အပိုင်း (၈၁)
ကျွင်းဟောင်တို့ လက်ဖက်ရည်စံအိမ်ထဲသို့ ဝင်ရောက်ကာ ထိုင်လိုက်ကြသည်။ ချီရှောက်ရုန်နှင့် ကျွင်းဟောင်တို့က မျက်နှာချင်းဆိုင် ထိုင်နေသော်လည်း သူတို့ကြားတွင် လေထုပြင်းထန်အားက ထွက်ပေါ်နေပုံရသည်။ ချီရှောက်ဖူခမျာ ဂရုတစိုက်ဖြင့် ရေကိုငှဲ့သောက်လိုက်ရ၏။
“မင်းတို့ ရီမိသားစု အကြောင်းကြားပြီးပြီလား”
ချီရှောက်ဖူက မေးသည်။ ချီရှောက်ရုန်က ချီရှောက်ဖူကို တစ်ချက်ကြည့်ကာပြော၏။
“မင်း ဆိုလိုတာက ရီဟောင်က ရီပင်းကို လျှို့ဝှက်နယ်မြေထဲမှာ သတ်ဖို့ ကြိုးစားလို့ ရီပင်းကပြန်ပြီးအဆိပ်ခတ်တာကို ပြောချင်တာလား”
ချီရှောက်ဖူက ခေါင်းညိတ်သည်။
“ဟုတ်တယ်ဟုတ်တယ် အဲဒီကိစ္စပဲ”
ချီရှောက်ဖူက သက်ပြင်းချကာပြော၏။
“ရီမိသားစုက တစ်လောကလုံးက မနာလိုကြတဲ့မိသားစုလို့ထင်နေတာ တကယ်တော့ တစ်လတောင် မကြာသေးတဲ့အချိန်မှာ နှစ်ယောက်လုံးက ဒုက္ခိတတွေ ဖြစ်သွားကြပြီ၊ ရီဟောင်က ရီပင်းရဲ့အခန်းထဲကို ပြေးသွားပြီး ရီပင်းကို သတ်ဖို့ ကြိုးစားသေးတယ်။ အခြားသူတွေကသာ မြန်မြန် မတွေ့သွားရင် နှစ်ယောက်လုံး သေသွားကြမှာပဲ”
ချီရှောက်ရုန် တောင့်တင်းသွားသည်။ သူက ပြော၏။
“ဒီလိုဖြစ်သွားမယ်လို့ မထင်ထားဘူး”
ချီရှောက်ဖူက ခေါင်းညိတ်ကာ ပြောသည်။
“ပါရမီရှင်(၇)ယောက် နေရာကတော့ အပြောင်းအလဲဖြစ်အုံးမယ်၊ ရီပင်း ဒဏ်ရာရသွားတော့ အဆင့်တက်သွားပြီး အခုရီဟောင်ကပါ ဒဏ်ရာရသွားတော့ ဒီနေရာစာရင်းက အပြောင်းအလဲဖြစ်လိမ့်မယ်”
ကျောင်းပေါင်း၁၀၀ တိုက်ပွဲပြီးသည့်နောက်တွင် ထိပ်ဆုံးသုံးယောက်နေရာက တူညီနေသေးသည်။ ချီရှောက်ရုန်က အဆင့်လေးဖြစ်ကာ ချန်မြန်က အဆင့်ငါးဖြစ်ပြီး ချီရှောက်ခန်းက အဆင့်ခြောက်သို့ ရောက်သွားသည်။ ရီဟောင်က အဆင့်(၇)ဖြစ်သွားရာမှ ယခုလိုဒုက္ခိတဖြစ်သွားသည့်အခါ ထိုနေရာက အခြားတစ်ယောက် ဝင်သွားတော့မည် ဖြစ်သည်။ ချီရှောက်ရုန်က နှာခေါင်းရှုံ့လိုက်ကာ ဂရုမစိုက်သလိုပြောသည်။
“ငါ့ကို လာမေးရင်တော့ ရီဟောင်နဲ့ရီပင်းက ဘာမှထူးခြားတာမရှိဘူးလို့ ပြောရမှာပဲ၊ ဆိုရိုးစကားတောင်ရှိသေးတာပဲ ။တောင်တစ်တောင်ထဲမှာ ကျားတွေ အများကြီး မရှိရဘူးတဲ့လေ၊ ကျားတွေ မရှိတော့တဲ့အချိန်မှာ မျောက်ကတောင် အင်ပါယာ ဖြစ်လာနိုင်သေးတာပေါ့။ ရီဟောင်နဲ့ရီပင်းက ရှန်းယွမ်နဲ့အတူတူပဲ အားလုံးက တူညီကြတယ်။ ငါ သူတို့အားလုံးကို တစ်ပြိုင်တည်း ကိုင်တွယ်နိုင်တယ်၊ သခင်လေးကျွင်းကရော ဘယ်လိုထင်လဲ”
“စတုတ္ထသခင်လေးချီ ပြောတာ မှန်တာပေါ့၊ ရီဟောင်နဲ့ရီပင်း မင်းကို မယှဉ်နိုင်ပါဘူး၊ မင်းက သူတို့ကို စာလိပ်တွေနဲ့ ပစ်ပေါက်လိုက်ရုံနဲ့ လွင့်ထွက်သွားမှာပဲ”
ချီရှောက်ရုန်”…”
ကျွင်းဟောင် ဒီကောင်ကတော့ သူ့ကို အပြင်အားတွေ သုံးတယ်ဆိုပြီး အထင်သေးနေတာလား။ ဒါကကြွယ်ဝမှုကို ပြသနိုင်စွမ်းရှိလို့ဆိုတာ နားမလည်ဘူးလား။ ကျွင်းဟောင် ကျွင်းဟောင် တကယ်ကိုစိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲ။
ချီရှောက်ရုန်က ချီရှောက်ဖူကို ကြည့်ကာမေးလာ၏။
“ရီဟောင်က မရှိတော့ဘူးဆိုတော့ နံပါတ်(၇) နေရာကဘယ်သူ ဖြစ်သွားမှာလဲ”
ချီရှောက်ဖူက မျက်လုံးလှန်သည်။ သူက ရှက်ရွံ့နေ၏။
ချီရှောက်ရုန်၏နှလုံးသားထဲ အလင်းရောင်တွေလက်ကာ သံသယဖြင့်ပြော၏။
“သူလို့တော့ မပြောနဲ့နော်”
“ရှန်းယွမ်လေ”
ချီရှောက်ဖူက ပြောသည်။ 
သခင်လေးချီက ကြောင်သွားတော့၏။
“မြို့တော်မှာ အခြားသူတွေ မရှိတော့ဘူးလား”
ချီရှောက်ဖူက ပြောသည်။
“တကယ်တော့ ရှန်းယွမ်ကလည်း မဆိုးပါဘူး၊ အစ်ကိုကြီးရှန်းကလည်း ပါရမီရှင်ပါပဲ”
ချီရှောက်ရုန်က ချီရှောက်ဖူကို တစ်ချက်ကြည့်ကာပြော၏။
“ရှန်းယွမ်က မဆိုးပါဘူး၊ ဒါပေမဲ့ ပါရမီရှင်တွေဘယ်တုန်းက ဒီလောက်အထိ ပေါများသွားခဲ့တာလဲ။ အခုတောင်ပေါ်မှာ ခြင်္သေ့မရှိတော့ မျောက်တင်မကဘူး ယုန်လေးတွေကပါ အင်ပါယာဖြစ်နိုင်နေပြီလား”
ချီရှောက်ဖူ”…”
“စတုတ္ထညီလေး နတ်ဆိုးသမားတော်က ဘယ်သွားတာလဲ၊ ငါ ကြားတာတော့ သူက စစ်မြင်းကို ကုသပေးပြီးတာနဲ့ ပျောက်ကွယ်သွားတာဆို။ တော်ဝင်မိသားစုက သူ့ကို ကျေးဇူးတင်ချင်နေတာ၊ ဒါပေမဲ့ သူက ပျောက်သွားပြီ”
ချီရှောက်ဖူက ပြောသည်။
“တတိယအကိုက မေးခွန်းတွေ များလိုက်တာ နတ်ဆိုးသမားတော်ကို ကြိုက်နေလို့လား”
ချီရှောက်ဖူက ကမန်းကတမ်း ခေါင်းကိုခါသည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး၊ ငါ ဒီအတိုင်း နတ်ဆိုးသမားတော်က လျှို့ဝှက်ဆန်းကြယ်တယ်လို့ တွေးမိရုံပါပဲ
“တတိယအကိုမှာ ထူးထူးခြားခြား သိချင်စိတ်မရှိဘူးဆိုရင် မမေးနဲ့ပေါ့၊ တကယ်လို့ ငါကသာ အားလုံးကို ပြောပြလိုက်မယ်ဆိုရင် တတိယအကိုကတော့ ကံဆိုးမှုတွေ ဆက်လာလိမ့်မယ်ထင်တယ်”
ချီရှောက်ဖူ”…”
…...
ကျွင်းမိသားစု
“အစ်ကိုကြီး ချီရှောက်ရုန်ကို သွားတွေ့တာလား”
ကျွင်းချန်က မေးသည်။ ကျွင်းဟောင်က ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ် နတ်ဆိုးသမားတော်က အချိန်အကြာကြီး ပျောက်နေလို့ ငါ သွားမေးတာ၊ ဒါပေမဲ့ သူက ပြောပြချင်ပုံမရဘူး”
ကျွင်းချန်က မကျေမနပ်ပြောသည်။
“အစ်ကိုကြီးရေ ချီရှောက်ရုန်က ဒါကို ဘယ်ပြောပြချင်ပါ့မလဲ အစ်ကိုကြီး မေ့နေတာလား ချီရှောက်ရုန်နဲ့ အစ်ကိုကြီးတို့က ပြိုင်ဘက်တွေလေ ဒီတော့ ရန်သူကိုဘယ်ပြောပြပါ့မလဲ”
ကျွင်းချန်က ပြောလိုက်သည်။
“အစ်ကိုကြီး ကြည့်ရတာ ရူးသွားသလိုပဲ”
“ချီရှောက်ရုန်နဲ့ နတ်ဆိုးသမားတော်က အချင်းချင်း သဘောကျနေတယ်လို့ ပြောရပေမဲ့ ငါကတော့ သူ့ကို ထူးခြားတဲ့ ဆက်သွယ်မှုတစ်ခု ရှိတယ်လို့ ခံစားရတယ်”
ကျွင်းဟောင်က ပြောသည်။
ကျွင်းချန်က ကျွင်းဟောင်ကိုကြည့်ကာပြောသည်။
“အစ်ကိုကြီး မသိဘူးလား၊ စတုတ္ထမင်းသားက ချီရှောက်ရုန်ကို ဖွင့်ပြောတုန်းက ချီရှောက်ရုန်က သူက နတ်ဆိုးသမားတော်နဲ့ ချစ်ကြိုက်နေတယ်ဆိုပြီး ငြင်းဆန်ခဲ့တာလေ”
ပြီးတော့ တကယ်တမ်းလည်း အဲဒီလိုဖြစ်နေနိုင်တာပဲ။
ကျွင်းချန်က ကျွင်းဟောင်အတွက် သနားသလို ခံစားလိုက်ရသည်။
အစ်ကိုကြီး အစ်ကိုကြီး ဘယ်လောက်ပဲ တော်တော် နောက်ဆုံးတော့ ရှုံးမှာပါပဲ။
ကျွင်းဟောင် အံကိုကြိတ်ထားသည်။ ထို့နောက် ဥခွံလေးတစ်ခုကို ထုတ်ယူလိုက်၏။
“အစ်ကိုကြီး ဒါကဘာလဲ”
ကျွင်းချန်က သိချင်စိတ်အပြည့်ဖြင့် မေးသည်။
“ဒါက အလင်းယူနီကွန်ရဲ့ဥခွံပဲ”
ကျွင်းချန်၏မျက်လုံးတွေက တောက်ပသွားကာ သူကပြောသည်။
“အာ ဒါနဲ့ဆိုရင် အစ်ကိုကြီးက နတ်ဆိုးသမားတော်ရှိတဲ့နေရာကို သိနိုင်တော့မှာပေါ့ဟုတ်လား”
“အစ်ကိုကြီးက ဆိုးလိုက်တာ”
ကျွင်းဟောင်က ကျွင်းချန်ကို သတိပေးသလို တစ်ချက်ကြည့်ပြီးနောက် မှော်စွမ်းအင်ကို သုံးကာ ထိုဥခွံကို အလင်းတွေ လက်လာစေသည်။ ကျွင်းချန်က စိုက်ကြည့်နေပြီး မေး၏။
“အစ်ကိုကြီး ရှာတွေ့ပြီလား”
“နေရာက ထျန်းလန်အကယ်ဒမီဘက်မှာပဲ သေချာတော့မသိဘူး”
ကျွင်းချန်က မျက်တောင်တဖျက်ဖျက် ခတ်လိုက်သည်။
“ထျန်းလန်အကယ်ဒမီဘက် ဘယ်လို ဖြစ်နိုင်မှာလဲ နတ်ဆိုးသမားတော်က ဖွက်ထားတာများလား”
ကျွင်းဟောင်၏မျက်နှာက မည်းနက်သွားသည်။ ကျွင်းချန်ကမူ နှာခေါင်းကိုသာ ပွတ်နေတော့၏။
…......
ချီရှောက်ရုန်၏အဆောင်တွင်....
ယူနီကွန်လေးက စိတ်လှုပ်ရှားစွာဖြင့် အလင်းသလင်းပုံထဲ နစ်နေပေသည်။ ချီရှောက်ရုန်က ထိုအကောင်လေးကို ခပ်ဖျော့ဖျော့ကန်သည်။ ထိုကောင်လေးက မကျေမနပ်ဖြင့် ခေါင်းလေးကို လိမ်ပြ၏။ သူ၏သွားစွယ်များကိုပင် ဖြဲက ချီရှောက်ရုန်ကို မာန်ဖီပြသေးသည်။ ထို့နောက် သလင်းပုံထဲသို့ နစ်ဝင်သွားကာ စားသောက်နေပြန်၏။
“အားလုံးက ပြောကြတာတော့ မင်းက အရမ်းစွမ်းအားကြီးမှာတဲ့ ဒါပေမဲ့ ငါ့အထင်တော့ မင်းက စားဖို့ပဲသိနေတာပဲ၊ ကောင်းကောင်းပြုမူစမ်းပါ၊ ဟင်း အကောင်စုတ်လေး”
ယူနီကွန်လေးက ခေါင်းလေးကို မော့လာပြန်ကာ ညည်းညူပြပြန်သည်။ ချီရှောက်ရုန်ကို မကျေမနပ်ကြည့်နေပြန်၏။
-------
ရီဖန်က အဆောင်ထဲ ဝင်သွားသည့်အချိန်တွင် သူ၏မျက်မှောင်က ကျုံ့သွား၏။
သူ နေသည့်အဆောင်က အိပ်ဆောင်ခွဲတစ်ခုဖြစ်ကာ ချီရှောက်ရုန်ကဲ့သို့ ခမ်းနားခြင်းမရှိသော်လည်း သီးသန့်နေရာတွင် တည်ရှိနေခြင်း ဖြစ်သည်။ ရီဖန်၏အပြုအမူက အထီးကျန်ကာ လူနည်းစုကသာ လာရောက်လည်ပတ်တတ်သော စွန့်ပစ်ခံသခင်ငယ်လေးတစ်ပါးနှင့်သာ တူသည်။
ရီဖန်က တံခါးပိတ်ပြီး အဆောင်ထဲသို့ ဝင်လိုက်သည်။ ထိုအချိန်တွင် ရီဖန်က လက်ကို အသာရမ်းလိုက်သည့်အခါ ဖုန်မှုန့်အနည်းငယ်က ရေခဲနံရံနှင့် သွားတိုက်သည်။ ထို့နောက် မြေပြင်သို့ ပြုတ်ကျသွားခဲ့၏။ ထို့နောက် ရီဖန်က လက်ကို တစ်ဖက်သို့ ယမ်းလိုက်ပြန်သည့်အခါ ရီဖန်၏လက်ထဲတွင် မှော်တုတ်တံတစ်ချောင်း ပေါ်လာသည်။
ထိုသို့ပေါ်လာပြီးသည်နှင့် ရီဖန်၏လက်တွင် ရေခဲနဂါးတစ်ကောင်က ထွက်ပေါ်လာကာ တိုက်ခိုက်တော့သည်။ ထိုအခိုက် ရုတ်တရက် ထွက်ပေါ်လာသည့်သူက ရွေးချယ်စရာမရှိတော့လေဘဲ လူလုံးထွက်ပြရတော့ပေ၏။
“ရေခဲမှော်စွမ်းအင်ပဲ ရေခဲစွမ်းအင်ကို တတ်ကျွမ်းနေတာလား”
တုဖုန်းက မျက်လုံးပြူးကျယ်စွာမေးသည်။ ရီဖန်ကတစ်ဖက်သူကို တစ်ချက်ကြည့်ကာပြေ၏။
“တုဖုန်း အဲဒီခွေးမက ခင်ဗျားကို ပို့လိုက်မယ်လို့ မထင်ထားဘူး”
ယန်မန်က ရီဖန်အတွက် နှစ်များစွာ လုပ်ကိုင်ပေးခဲ့ကာ တစ်ဖက်တွင်လည်း အာဏာတစ်ခုကို ပိုင်ဆိုင်ထားပေသည်။ ယခုရောက်လာသည့် တုဖုန်းဆိုသည်မှာ ယန်မန်၏လက်အောက်ငယ်သားတွေထဲမှ တစ်ယောက်ဖြစ်သည်။
“ငါက ရေခဲစွမ်းအင်ကို သိနေတော့ရော ဘာဖြစ်လဲ၊ ငရဲကိုသွားပြီး အင်ပါယာကို အဖော်ပြုပေးလိုက်ပါလား”
ရီဖန်၏မျက်ဝန်းတွင် အေးစက်သည့် အလင်းတွေက တောက်ပလာသည်။ တုဖုန်းရှေ့တွင် ရေခဲဖီးနစ်တစ်ကောင်က ထွက်ပေါ်လာကာ အလန့်တကြား အမူအရာမျိုး ဖြစ်နေပေ၏။
ရီဖန်ကို အန္တရာယ်အများဆုံး တိုက်ကွက်မျိုးဖြင့် သူက တိုက်ခိုက်ရန် ကြိုးစားလိုက်ပေသည်။ တုဖုန်းက ထိုသို့ တိုက်ခိုက်ပြီးသည်နှင့် ထွက်ပြေးရန် ကြံစည်တော့ပေသည်။ သို့ရာတွင် တုဖုန်း၏ရှေ့သို့ အနီရင့်ရောင် မြွေတစ်ကောင်က ထွက်ပေါ်လာသည်။ မြွေထံမှ အနက်ရောင်မြူထုက ထွက်ပေါ်လာပြီး တုဖုန်းက တစ်ပြိုင်တည်း မြေပြင်သို့ လဲကျသွားသည်။ ရီဖန်က တုဖုန်း၏ရင်ဘတ်ကို ဖနောင့်ဖြင့်ပေါက်ကာမေးသည်။
“ခင်ဗျားကို ဘယ်သူ လွှတ်လိုက်တာလဲ အဲဒီမိန်းမယန်မန်ဆိုတာက ငါ့ကို သတ်ခိုင်းလိုက်တာ မဟုတ်လား”
တုဖုန်းက ရီဖန်ကို စိုက်ကြည့်နေကာ သြရှသည့်လေသံဖြင့်ပြောသည်။
“မင်းပဲ ဒုတိယသခင်လေးနဲ့ အကြီးဆုံးသခင်လေးကိုဒုက္ခရောက်အောင်လုပ်တာ မင်းပဲ မဟုတ်လား၊ သူတို့အချင်းချင်း သတ်ဖြတ်အောင် မင်းပဲ လုပ်ခဲ့တာမဟုတ်လား”
ရီဖန်က တုဖုန်းကို ကြည့်ကာပြောသည်။
“ကောင်းလိုက်တဲ့မေးခွန်း မြန်လိုက်တဲ့အရှိန်နှုန်းပဲ နှမြောစရာကောင်းတာက အဲဒီခွေးမက ဒီလောက်ထိ ဉာဏ်ကောင်းမနေခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ခင်ဗျားဘယ်လောက် ဉာဏ်ကောင်းဉာဏ်ကောင်း အစောင့်ခွေးပဲ ဖြစ်နေတုန်းပဲ”
တုဖုန်းက ရီဖန်ကိုကြည့်ကာပြောသည်။
“မင်း အပြစ်ပေးခံရလိမ့်မယ်၊ သခင်မက မင်းကို ချမ်းသားပေးမှာမဟုတ်ဘူး”
“ကောင်းပြီ ဒီခွေးမအကြောင်းကို ပြောတာတော်လောက်ပြီ အခု ငါ့အလှည့်ပဲ”
ရီဖန်က ထိုသို့အသာယာပြောလိုက်သည်။
“မင်း …”
တုဖုန်းက ရီဖန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now