(Unicode)
Chapter (52.1)–စကားပြောမကောင်းသည့် သိုးဖြူလေး
လုယွမ်၏မျက်နှာ အမူအရာ ပြောင်းလဲသွားသည်ကို မြင်တာကြောင့် ချင်းလောင်ချက်ချင်းထရပ်ကာ အဆောက်အဦတစ်ခုလုံးကို လေဆင်နှာမောင်းဖြင့် မဖြိုခင် လုယွမ်၏လက်ကို ဆွဲလိုက်သည်။ အဲဒီ့နောက် သူတို့ toilet ကို တည့်တည့်သွားလိုက်ကြသည်။
"ဒေါသမထွက်ပါနဲ့"
toilet ထဲ ဘယ်သူမှမရှိပေ။ ထို့ကြောင့် အိတ်ကပ်ထဲအမြန်နှိုက်ကာ ချောကလက်သေးသေးလေးတစ်တုံးကိုယူပြီး ထိုဘော့စ်ရဲ့လက်ထဲ ထည့်ပေးလိုက်သည်။
"သူ... သူက မင်းကို မမြင်နိုင်ဘူးလေ။ အဲဒါကြောင့် ဒေါသမထွက်ပါနဲ့တော့... ဒေါသထွက်တာက မကောင်းဘူးလေ..."
— သူဒေါသထွက်လာရင် အရူးလို ထသတ်လိမ့်မယ်။ ဒါက ဟောဒီ သရဲလူကြီးမင်းရဲ့ သဘာ၀ပဲ။
ခြောက်တိခြောက်ကပ် ရှင်းပြချက်က အကူအညီမဲ့စွာ ထွက်လာပြီးနောက် စကားပြောမကောင်းသည့် သိုးဖြူလေးက အမြန်ပဲ တစ်ဖက်ကို လှည့်လိုက်သည်။
လုယွမ် မျက်၀န်းတို့ကို မှေးကျဉ်းကာ ချောကလက်ကိုင်ထားသည့် လက်ကိုကြည့်ပြီး ရုတ်တရက်ပြုံးကာ ပြောလိုက်သည်။
"အိုကေ... ငါသူ့ကိုမသတ်တော့ဘူး။ ဒါကစားစရာလား။ သခင်... ငါ့ကိုကျွေးတာလား"
ချင်းလောင်သည် လုယွမ်၏ ရှက်စိတ်ကြောင့် နှင်းဆီရောင်သမ်းလာသော ပါးပြင်နှစ်ဖက်ကို ပြန်လှည့်ကြည့်လိုက်သည်။
စက္ကူဖြင့် ထုပ်ပိုးထားဆဲဖြစ်သော ချောကလက်တုံးကို သူကြည့်လိုက်သည်။ ဒါကို ဘယ်လိုစားရမလဲဆိုတာ လုယွမ်မသိပါ။
အဲဒါကြောင့် ချင်းလောင်က သူ့လက်ကိုပြန်ရုတ်ကာ ချောကလက်ကို ဖုံးထားသောစက္ကူကိုဖြဲပြီး လုယွမ်ကိုပေးလိုက်သည်။
"ချောကလက်ဖြူလေ... အရသာက ချို..."
'ချိုတယ်' ဟူသောစကား အဆုံးထိမရောက်ခင်မှာပဲ လုယွမ်တစ်ယောက် ချင်းလောင်၏ လက်ကောက်၀တ်ကို ဆွဲယူပြီး သူ့ခေါင်းကိုငုံ့ကာ ချောကလက်ကို ပါးစပ်ထဲ ငုံလိုက်သည်။

BẠN ĐANG ĐỌC
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
Lãng mạnDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...