(Unicode)
(*အရင်က 'လေသာဆောင်'လို့ သုံးမိထားတာလေးကို 'လသာဆောင်' လို့ ပြောင်းသုံးသွားမယ်နော်)
-----------
Chapter (67.2)–အချိန်က အရာရာ
"ငါ့နာမည်က ယွီချောင်... ငါ့အဆင့်က စာပေဘက်မှာ မကောင်းလှပေမဲ့ ကာယပညာဘက်ကနေ တက္ကသိုလ်ကိုဝင်လာတာ"
သုံးလွှာက ကောင်လေးကပြောသည်။
"ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက မဆိုးပါဘူး။ ဖုတ်ကောင်တွေ အဝေးထွက်သွားကြပြီဆိုပေမဲ့ တစ်ချို့တစ်လေက အောက်မှာရှိနေတုန်းပဲ။ ငါတို့မြန်မြန်လုပ်ရမယ်။
ကြိုးစားခွင့်ကလည်း တစ်ခါပဲရမှာ။ မဟုတ်ရင် ခဏနေလို့... လျှောက်သွားနေတဲ့ ဖုတ်ကောင်တွေ အောက်ထပ်ကိုရောက်လာရင် အချိန်ရမှာမဟုတ်တော့သလို ဆန္ဒရှိရင်တောင် ကယ်ပေးနိုင်မှာ မဟုတ်ဝောာ့ဘူး"
ဟုတ်သည်။ အချိန်က အရာရာပင်။ မဟုတ်ပါက ချင်းလောင်လည်း network cable ကြိုးကိုသုံးရန် စိတ်ကူးရမည်မဟုတ်ပေ။
စောင်တွေ၊ အ၀တ်တွေကို စုတ်ဖြဲကာ ဆက်လျှင်ရသော်လည်း အချိန်ပေးရတာကြောင့် အလွန်နောက်ကျသွားပေလိမ့်မည်။
လင်လျန် ရုတ်တရက် ပြောလိုက်သည်။
"ငါဆင်းလာခဲ့မယ်။ အတူတူ ဆွဲတင်ကြတာပေါ့"
ပထမထပ်၏ လသာဆောင် ထောင့်နားလေး၌ ကွေးကွေးလေးရှိနေသော ကောင်လေးသည် အပေါ်ကိုမော့ကြည့်ရင်း မျက်ရည်တွေ ကျလာသည်။
ချင်းလောင် တောင့်တင်းသွားပြီး ချက်ချင်းဆိုသလို လင်လျန်၏ အင်္ကျီကို ဆွဲထားလိုက်သည်။
ထိုခဏ၌ ဖုံးကွယ်ထားသော အတွေးများနှင့် ခံစားချက်များအားလုံး အဝေးလွင့်သွားပြီဖြစ်ကာ အကြောက်တရားသာလျှင် ကျန်ရစ်တော့သည်။
— လင်လျန် အောက်ထပ်ကိုဆင်းနေတုန်း သေသေချာချာ မကိုင်ထားနိုင်ဘဲ အောက်ကိုပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ။
— သူ့ကိုတစ်ယောက်ယောက် ကုတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ အဲဒီ့လိုသာဆို...
[ဒင်... လင်လျန်၏ နှစ်သက်မှု (+5) လက်ရှိ နှစ်သက်မှု (43)]
လင်လျန်သည် သူ့အ၀တ်ကိုဆွဲကိုင်ထားသည့် ချင်းလောင်၏လက်ကို အသာပုတ်ပေးရင်း ခေါင်းလှည့်ကာ ပြောလိုက်သည်။

KAMU SEDANG MEMBACA
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomansaDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...