113 38 8
(Unicode)
Chapter (73.1)–အနမ်းပေးပြီးအောင်ပွဲခံမယ်
"ဖာ့ခ်... သူတို့က တစ်ကယ် ဦးနှောက်မရှိတာပဲ..."
ပြေးရင်းလွှားရင်းပဲ ချင်းလောင်အပြစ်တင်လိုက်သည်။
"ဘာလို့ ဒီလောက်တောင် များနေရတာလဲ..."
"ရှေ့မှာ..."
လင်လျန်၏သူငယ်အိမ်များ စူးရှသွားပြီး ချင်းလောင်ကိုဆွဲကာ ညာဘက်က မြက်ခင်းပြင်ဆီ လှိမ့်ချလိုက်သည်။
အဆောင်အပြင်ဘက်မှ ဇွန်ဘီ နှစ်ဆယ်၊ သုံးဆယ်လောက် သူတို့နောက်ကို လိုက်လာကြဂာ ရွေ့လျားသံများက ကျယ်လောင်လှသည်။
သစ်ပင်များ၀န်းရံနေသည့် လမ်းမပေါ်၍ ချင်းလောင်နှင့် လင်လျန်တို့ ပြေးလွှားနေကြသည်။ သူတို့ ၀န်းရံခံနေရပြီဟု ပြောနိုင်သည်။
ယခုအချိန်သည် မနက် တစ်နာရီ၊ သုံးမိနစ်နှင့် လေးဆယ့်ငါးစက္ကန့်ဖြစ်ကာ အဆောင်မှထွက်လာပြီး သုံးမိနစ်အကြာဖြစ်သည်။
အဆောင်များထဲမှ ဇွန်ဘီများ အဝေးကို သွားကြပြီထင်ရဲ့။ မည်သည့်အသံမှ မကြားတော့ပေ။
ဒီအကြောင်းတွေးရင်း ချင်းလောင်သည် သီချင်းဖွင့်ကာ ဖုန်းကို လမ်းမပေါ် ပစ်ထားခဲ့သည်။
ဒီလှုပ်ရှားမှုသည် အလွန်အန္တရာယ်များပြီး phone screen လင်းလာပြီး သီချင်းသံထွက်လာသည်နှင့် အနီး၀န်းကျင်မှ ဇွန်ဘီများက သေချာပေါက် သူတို့ကို ရှာတွေ့သွားမှာဖြစ်သည်။
ဒါပေမဲ့ သူတို့မလုပ်လျှင်လည်း ထိုဇွန်ဘီတွေဆီက ပြေးမလွတ်ဘဲ အစားခံရမှာဖြစ်သည်။
ထို့ကြောင့် အန္တရာယ်များသော်လည်းပဲ ဖုန်းကိုဝေးဝေးကိုလှမ်းပစ်ကာ ထိုဖုန်းမပျက်စီးသွားပါက၊ လုံလောက်အောင် အမြန်ပြေးနိုင်ပါက လွတ်မြောက်ရန် အခွင့်အရေးတစ်ခု ရပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဘုံက သူတို့ကို မျက်နှာသာပေးခဲ့သည်။
ချင်းလောင်ပစ်လိုက်သည့် ဖုန်းသည် အစိမ်းရောင်မြက်ခင်းပြင်ထဲမှ ခြုံပုတ်တစ်ခုပေါ် ရောက်သွားပြီး တိတ်ဆိတ်နေသော ဧရိယာငယ်လေးအတွင်း မိန်းကလေးဆန်သည့် 'ကွေးညွတ်နေသော မျက်တောင်များ' ဟူသည့် သီချင်းသံက ထွက်ပေါ်လာသည်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationDonde viven las historias. Descúbrelo ahora