296 68 9
(Unicode)
Chapter (54.2)-စီနီယာအစ်ကိုက အေးစက်ပြီး ချောမောတယ်
ချင်းလောင်သည် ရှက်ရှက်ဖြင့် နေရာရွှေ့လိုက်ပြီး ကိုယ်ကိုကိုင်းကာ ဆိုဖာပေါ်မှ အိတ်နှစ်လုံးကို ယူလိုက်သည်။ ဒါတွေက သူအရင်တုန်းက အင်တာနက်ပေါ်မှ ၀ယ်ထားသော အ၀တ်အစားတွေဖြစ်သည်။ သူ့လက်နှင့်ကိုင်ထားတာမျု့ လုယွမ်အတွက် မီးရှို့ပေးဖို့မလိုပေ။
"အ၀တ်တွေ... အတူတူ လဲရအောင်လေ"
ချင်းလောင်၏လက် ပေါ့ပါးသွားသည်။ သူမော့ကြည့်လိုက်တော့ လုယွမ်က သူ့၀တ်ရုံကို လဲပြီးပြီဖြစ်သည်။
မီးခိုးရင့်ရင့် *ကုတ်အင်္ကျီရှည်ဖြင့် ထိန်းချုပ်ခံလိုက်ရချိန်မှာတော့ အမြဲတမ်း ပြုံးနေတတ်ပြီး ဆွဲဆောင်မှုရှိသော မျက်ခုံးများက အနည်းငယ် အေးစက်သွားကာ သူ၏ သရဲရောင်ဝါကို ကောင်းစွာ ဖုံးကွယ်ပေးထားသည်။
(*အစက အတိအကျမပြောထားတော့ လေပြည် '၀တ်ရုံ' လို့ရေးမိထားလို့ ပြန်ပြင်ပေးထားတယ်နော်)
သွယ်ပျောင်းပြီး ကွက်တိကျနေသည့် ဘောင်းဘီက သူ့ရဲ့ခြေတံရှည်များကို ပြည့်စုံစွာ ဖော်ပြနေသည်။
ပျော့ပျောင်းသောအသွင်အပြင်နှင့် အပြစ်အနာအဆာကင်းသော မျက်နှာ... ပြီးတော့ မွေးရာပါ တော်၀င်မြင့်မြတ်သော စိတ်နေစိတ်ထား....
ယခုအချိန်တွင် လုယွမ်သည် မွန်မြတ်သော ကျင့်ဝတ်သိက္ခာများကို ငယ်စဉ်ကတည်းက သင်ကြားခဲ့ရသည့် ချမ်းသာပြီး သြဇာကြီးမားသော ခေတ်သစ်လူငယ်သခင်လေးများလိုပင်။
ထိုဆံပင်ရှည်များသည် သူ့ပိုင်ရှင်၏ ပုခုံးထက်တွင် ပျင်းရိစွာ ကျဆင်းနေဆဲဖြစ်ပြီးအဝတ်အစားများနှင့်မူ လုံးဝမလိုက်ဖက်ပေ။
လုယွမ်သည် သူ့ဆံပင်တွေကို ချင်းလောင်စိုက်ကြည့်နေမှန်း သတိထားမိပြီး သူ့လက်ကို ဝှေ့ယမ်းကာ သူ့ရဲ့မင်လိုနက်မှောင်သော ဆံပင်များကို ချည်ထားသည့် ကျောက်စိမ်းသရဖူကို သိုင်းကြိုးအဖြစ် ပြောင်းလဲလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ပေါ်ရှိ ပျင်းရိခြင်း၏ နောက်ဆုံးခြေရာလက်ရာများမှာလည်း အေးစက်စက်ဖြစ်သွားသည်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationDove le storie prendono vita. Scoprilo ora