282 49 6
(Unicode)
Chapter (63.2)–အချစ်ပြိုင်ဘက်မှသည်ဝါးမြင်းလေးအဖြစ်သို့
ဇာတ်ရုံထဲရှိ ပရိတ်သတ်နေရာမှ ထွက်လာပြီးနောက် ထန်းရှောင်ရို့က သူမ၏မျက်မှန်ကို ပင့်တင်ရင်း မေးလာသည်။
"ဒီနေ့က ချင်းလောင်ရဲ့မွေးနေ့မဟုတ်ဘူးလား။ သူဖျော်ဖြေတာကို လာအားပေးဖို့ပြောပြီး အခုကျ ငါတို့ကို လက်ဆောင်ပါလားတောင်မမေးဘဲ ထွက်သွားပြီတဲ့။ သူနဲ့တောင် သိပ်မတူသလိုပဲ။ အရေးကြီးကိစ္စတစ်ခုခု ရှိလို့များလားမသိဘူး"
လင်လျန် အချိန်ကို တစ်ချက်ကြည့်လိုက်သည်။
"သူအဆောင်ပြန်ရောက်ပြီလားဆိုတာ ငါပြန်ကြည့်ရမယ်"
ထန်းရှောင်ရို့ခေါင်းညိတ်ကာ လင်လျန်ရှိနေရာမှ ခွဲထွက်လိုက်သည်။
"ဒါဆို ငါအရင်ပြန်တော့မယ်။ ငါဘာလက်ဆောင်မှ မပါဘူးလားလို့ သူမေးရင် ကူပြောပေးဦး။ မနက်ဖြန်ကျရင် ပေးမယ်လို့"
လင်လျန် ခေါင်းညိတ်သည်။
--------------
K university က အလွန်ချမ်းသာသည်။ ချင်းလောင် အဆောင်ကိုပြန်ရောက်ချိန်၌ ဟိုတယ်မှာရှိသည့် standard room ထဲ ၀င်မိသွားသည်ဟုပင် ‌တွေးမိလုနီးပါး ဖြစ်သွားခဲ့ရသည်။
အိပ်ခန်းနှစ်ခုသည် ကျယ်၀န်းကာ တောက်ပြောင်သည်။ တံခါးတောင်မှ လုံခြုံရေးနံပါတ်ထားနိုင်သည့် တံခါးမျိုးဖြစ်ပြီး ဒါဟာ လုံး၀ကို အသုံးအဖြုန်းကြီးလွန်းနေသည်ပင်။
သာမန် ကျောင်းသားတွေနေရသည်မှာ သစ်သားတံခါးဟောင်းကြီးများနှင့် ရှစ်ယောက် ဒါမှမဟုတ် တစ်ဒါဇင်လောက် ပြွတ်သိပ်နေရသည့် လေးထောင့်အခန်းလေးများသာ။
အခန်းလေးတွေကလည်း အများကြီးဖြစ်ပြီး အခန်းတွေကြားက လမ်းကျဥ်းကျဥ်း‌လေးများကလည်း တစ်ဒါဇင်ကျော်လောက်ရှိသည်။
အိပ်ဆောင်သို့ပြန်ရောက်ရောက်ချင်း ချင်းလောင် ပထမဆုံးလုပ်သည့်အရာမှာ သူ့ဗီရိုကိုဖွင့်ပြီး ကိုယ်ခန္ဓာ ကြံ့ခိုင်ရေးနှင့် ပတ်သတ်သော ကိရိယာငယ်အချို့ကို ထည့်ထားပြီးနောက် ဘာမှ မကျန်တော့ပေ။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationDonde viven las historias. Descúbrelo ahora