195 51 8
(Unicode)
Chapter (68.1)–ဒါက သောက်ဖုတ်ကောင်လေးပဲ မဟုတ်ဘူးလား
လင်လျန်နှင့် ယွီချောင်တို့၏ အမူအရာများ ပြောင်းလဲသွားပြီး ချင်းလောင်လည်း ‌သူတို့ကိုကြည့်ရန် လသာဆောင်ကို ထွက်လာသည်။
"မလွတ်စေနဲ့... သေသေချာချာ ကိုင်ထား..."
ချင်းလောင် စိုးရိမ်တကြီး လှမ်းအော်သည်။
ကယ်တင်ခံရသောကောင်လေးသည် သူ့ဆီကိုလာနေသည့် ကူးစက်ခံထားရသူများ ပိုပြီးများလာသည်နှင့် အလွန်ကြောက်လာသည်။
သူသည် ချင်းလောင်၏အသံကို ကြားသည်နှင့် network cable ကြိုးကိုကိုင်ကာ အပေါ်သို့တွယ်တက်လာသည်။ သူသည် ရုတ်တရက် နိုးထလာသူတစ်ယောက်လို ဖြစ်သွားပြီး နှစ်မိနစ်တည်းနှင့် အပေါ်ကိုရောက်သွားလေသည်။
လူတိုင်းသည် သူ့ကိုကယ်တင်တင်ရန် ခက်ခက်ခဲခဲကြိုးစားလိုက်ရပြီး လှုပ်ယမ်းနေသောကြိုးသည် အပေါ်ကိုဆွဲတင်နေသူနှစ်ဦးအတွက် ခက်ခဲမှုကိုတိုးစေသည်။
သူ့ရဲ့တုံ့ပြန်မှုကြောင့် သူတို့တွေ မတော်တဆပြုတ်ကျသွားပါက ကျန်တစ်ဘ၀လုံး အပြစ်ရှိစိတ်ကို ခံစားနေရပေမည်။
ကံကောင်းစွာဖြင့် သူမလှုပ်ပေ။ ထို့ကြောင့် မတိုင်ခင်က ဒါဇင်နှင့်ချီသော ကူးစက်ခံထားရသူများ သူ့ဆီစုပြုံလာပြီး ဖမ်းဆွဲရန် ကြိုးစားကြသော်လည်း လင်လျန်နှင့် ယွီချောင်တို့က သူ့ကိုချောချောမွေ့မွေ့ ဆွဲတင်လိုက်နိုင်သည်။
သူကြိုး‌တွေ မဖြည်ရသေးခင်မှာပဲ လင်လျန်က သူ့ကိုလသာဆောင်မှသည် အခန်းထဲအထိဆွဲခေါ်သွားပြီး လသာဆောင်ကို သော့ခတ်ကာ လိုက်ကာ‌တွေကို ပိတ်လိုက်သည်။
"လေးလွှာကချင်းလောင်... မြန်မြန်အထဲကို၀င်ပါ။ ကူးစက်ခံထားရသူတွေရဲ့ မျက်လုံးက မြင်နိုင်သေးတယ်။ သက်ရှိတစ်ယောက်မှမတွေ့ရင် သူတို့ထွက်သွားလိမ့်မယ်"
ဆန့်ကျင်ဘက်မှ လီပင်းက လှမ်းအော်သည်။
ချင်းလောင်သည် လင်လျန်၏ အခြေအနေကို အလွန်စိုးရိမ်နေသော်လည်း အထဲပြန်၀င်လိုက်သည်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationNơi câu chuyện tồn tại. Hãy khám phá bây giờ