(61.2)လုယွမ်ကိုဆင့်ခေါ်နိုင်ခဲ့သည့်အကြောင်းရင်း/လုယြမ္ကိုဆင့္ေခၚနိုင္ခဲ့သည့္အေၾက

224 47 7
                                    

(Unicode)

Chapter (61.2)–လုယွမ်ကိုဆင့်ခေါ်နိုင်ခဲ့သည့်အကြောင်းရင်း

အဆောင်စာရွက်သည် ချင်းလောင်၏လက်ထဲမှ ပျံထွက်သွားပြီး စတိုခန်းရှေ့မှပင့်ကူအိမ်ဆီ သွားကပ်လေသည်။

မကြာမီ အုတ်ခဲများ ကွာကျလာပြီး ဖုန်မှုန့်တွေ အလိပ်လိုက် ထလာသည်။

နေရာတစ်ခုလုံး ရှင်းလင်းသွားပြီးနောက် အုတ်ပုံအောက်၌ အရိုးတွေမြင်လိုက်ကြရသည်။

အရာရှိချန် အံ့အားသင့်သွားပြီး စစ်ဆေးရန် ရှေ့သို့ခြေလှမ်းလိုက်သည်။

ဒါဟာ တစ်ကယ့်ကို လူအရိုးဖြစ်ကာ အစုံလိုက်ပင်မရှိတော့။ ဒါ့အပြင် တစ်ယောက်တည်းရဲ့ဟာလည်း မဟုတ်ပေ။

သူ ချက်ချင်းပင် အထွေထွေရေးရာဗျူရိုဆီ ဖုန်းခေါ်လိုက်သည်။ ချင်းလောင်ကိုကြည့်သည့် သူ့မျက်လုံးတွေကလည်း ပြောင်းလဲသွားခဲ့လေပြီ။

"ဆရာ... ဒီမှာရောပဲ..."

ကျန်းဖျင်က ဟောခန်း၏ ထောင့်မှ ရေချိုးခန်းဆီ ညွှန်ပြသည်။

"ငါ့မျက်စိအောက်က ပျောက်မသွားနဲ့လို့ ပြောထားတယ်မလား...."

ချင်းလောင်သည် ကျန်းဖျင်၏‌ဘေးကို အမြန်လျှောက်သွားပြီး အနက်ရောင်ချီများ ရစ်ပတ်လာသည့် အ၀တ်ထောင့်စွန်းကို ဆွဲလိုက်သည်။

အနံ့အသက်တစ်‌မျိုးက ဟောခန်းမထဲ ပျံ့နှံ့လာသည်။

လုယွမ်၏ခြေထောက်များ ရွေ့လျားသွားသည်။ ဘယ်ဘက်လက် ဝှေ့ယမ်းလိုက်သည်နှင့်အတူ ဟင်းလင်းပြင်ထဲက တစ်စုံတစ်ရာကိုပါ ဆွဲယူလိုက်သည်။

ချင်းလောင်သည် ထိုအရာကိုကြည့်လိုက်ပြီး သူ့ကိုမသတ်သေးဘဲ ဒီအတိုင်းတင်းကျပ်စွာဖမ်းထားရန်သာ လုယွမ်ကို အမူအရာပြလိုက်သည်။

သူသည် ပထမဆုံး အရာရှိချန်တို့ကို ရေချိုးခန်းဆီ ခေါ်လာခဲ့သည်။ ချင်းလောင်သည် ပတ်လည်ကိုကြည့်ကာ ပြုံးပြီးပြောလိုက်သည်။

"အရာရှိချန်... ဒီမှန်ချပ်ကိုခွဲလိုက်ရင် အားရကျေနပ်လောက်အောင် အံ့အားသင့်စရာကို တွေ့ရလိမ့်မယ်"

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now