(Unicode)
Chapter (72.2)–ကန်ရေပြင်အောက်က အနမ်းတစ်ပွင့်
"ဆင်းမလာနဲ့..."
ရုတ်တရက်ဆိုသလို အဆောင်ဂိတ်တံခါး၏ အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
အသံသည် ကျယ်လောင်ကာ ကြည်လင်ပြတ်သားနေသည်။ ကြိုးကိုခိုကာ အောက်ကိုခုန်ဆင်းတော့မည့်သူများသည် ကြိုးကို ပြန်လည်ဆုပ်ကိုင်ထားမိကြပြီး အသက်ပင် ရဲရဲမရှူရဲဘဲ လှမ်းကြည့်လိုက်သည်။
"မလိုအပ်တဲ့စကားကို ငါမပြောဘူး။
ချင်းလောင်၏အသံက အတော်လေးကျယ်ရာ အထဲကလူတိုင်း ကြားနိုင်သည်။
"အခု ငါတို့... သူတို့ကို လမ်းကြောင်းလွှဲပေးမယ်။ ပြီးရင် မင်းတို့က ဒါကိုအခွင့်အရေးယူပြီး ကန်တင်းဆီကိုပြေးကြ... နားလည်ရဲ့လား..."
"အသံမထွက်နဲ့တော့..."
လင်လျန် စူးရှစွာ အော်လိုက်ပြီး ချင်းလောင်ကိုဆွဲကာ သူတို့ဆီပြေးလာနေသည့် ဇွန်ဘီအုပ်စုကို ကြည့်လိုက်သည်။
"သွားကြတော့... အစီအစဉ်ကို သတိရဦးနော်။ တစ်ဖွဲ့ပြီးမှ တစ်ဖွဲ့ ခွဲသွားကြ..."
"အဲဒါ ချင်းလောင်နဲ့ လင်လျန်ပဲကွ..."
— သူတို့က အရင်ထွက်မသွားကြတဲ့အပြင် သူတို့ကိုယ်သူတို့ ငါးစာအနေနဲ့ပါ သုံးလိုက်ကြသေးတယ်...
လီပင်း၏မျက်၀န်းများ ရဲတက်လာပြီး တဖြည်းဖြည်း ပို၍ဝေးဝေးသွားသော ပုံရိပ်လေးနှစ်ခုကို ကြည့်နေရုံသာ တတ်နိုင်သည်။
သူ၏ ကသောင်းကနင်းဖြစ်နေသော အတွင်းစိတ်မှာ အိပ်ဆောင်၏ အမှောင်ထုထဲ၌ ပါးစပ်တွေကိုအုပ်ပြီး တိတ်တဆိတ်ငိုကြွေးနေသည့် အခြားသူများနှင့် အတူတူပင်။
ဒီတစ်ခဏမှာ သူတို့၏စိတ်တွေကို တည်ငြိမ်အောင် မထားနိုင်ကြပါချေ။ လူတိုင်းဟာ ၀မ်လိန်လို တစ်ကိုယ်ကောင်းဆန်သူများ မဟုတ်ကြပါ။သူတို့သည် K University ၏ ကျောင်းသားများဖြစ်ကြပြီး သန်မာကာ ရဲရင့်ကြသည်။ သူတို့တစ်တွေ ပူးပေါင်းလိုက်ပါက အတူတူရှင်သန်နိုင်ကြလိမ့်မည်။

أنت تقرأ
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
عاطفيةDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...