(Unicode)
Chapter (60.1)–မင်းငါ့ကိုလွမ်းနေရဲ့လား
ချင်းလောင်သည် လုယွမ်၏ လက်မောင်းထဲတွင် နိုးလာခဲ့သည်။ သူနိုးလာတာမြင်တော့ လုယွမ်က သူ့နဖူးလေးကို နမ်းလာသည်။
နွေးထွေးသော နှုတ်ခမ်းလွှာလေးများ ပြန်ရုတ်သွားပြီးမကြာမီ ချင်းလောင်က လုယွမ်၏ လည်ပင်းကိုခိုကာ နှုတ်ခမ်းလွှာလေးများကိုနမ်းရန် အခွင့်အရေးယူလိုက်သည်။
လုယွမ်သည် ခဏလောက်တောင့်တင်းသွားပြီး နောက်တော့ပြန်တုံ့ပြန်လာကာ ချင်းလောင်ထက်ပင် စိတ်အားထက်သန်စွာ နမ်းလာသည်။
လွန်ခဲ့သည့်နှစ်ရက်လုံး သူနှင့် သူ၏စရိုက်ခွဲတို့ သဟဇာတရှိရှိဖြင့် အတူယှဉ်တွဲနေနိုင်ကြောင်း လုယွမ်ကို သိခွင့်ပြုခဲ့ပြီး အဲဒါကြောင့်ပဲ လုယွမ်လည်း တစ်ယောက်ပျောက်ကွယ်သွားမှာမျိုး မစိုးရိမ်ရတော့ပေ။
နှုတ်ခမ်းလွှာလေးများ ခွဲခွာသွားပြီးနောက် ချင်းလောင်က လုယွမ်၏ရင်ဘတ်ကို လေမှုတ်လိုက်သည်။
"မင်းငါ့ကိုလွမ်းနေရဲ့လား..."
လေသံနိမ့်လေးဖြင့် တရစ်ဝဲဝဲဖြစ်နေသောအသံက လုယွမ်၏ရင်ဘတ်နားမှ ထွက်ပေါ်လာသည်။ လုယွမ် ပြန်ဖြေလိုက်သည်။
"အင်း...."
ချင်းလောင် နူးနူးညံ့ညံ့လေး ရယ်လိုက်ပြီး အိပ်ရာမှထကာ လုယွမ်ကို အိပ်ရာအပြင်သို့ တွန်းထုတ်လိုက်သည်။
သူကျောင်းနားရန်ကိစ္စကို ပြီးအောင်လုပ်ရန်အတွက် ကျောင်းသွားရဦးမည်။
လက်ရှိ timeline အရ ကျောင်းတွင် တစ်ခုခုဖြစ်လိမ့်မည်။ သူ့ကတ်ကို အဖေချင်း၏မျက်နှာဆီ ပစ်ပေါက်ခဲ့တာမို့ လက်ရှိသူ့မှာ ယွမ်အနည်းငယ်သာ ရှိတော့သည်။ ဒါကြောင့် သူ့စီးပွားရေးအစီအစဥ်ကို စတင်ရတော့မည်။
ကျောင်းမှာ ဘာဖြစ်တာလဲဆိုတာအတွက်ကတော့ ချင်းလောင် အနေဖြင့် လက်ရှိစရိုက်ခွဲကိုမသုံးပါက ယန်ယန့်ကို စရိုက်ခွဲအကြောင်း လိမ်လို့ရမည်မဟုတ်ပေ။
မူရင်းဇာတ်ကြောင်းမှာ ဖော်ပြချက်အရ ယန်ယန်သည် ဖြောင့်မတ်သော လောကအမြင်သုံးမျိုးရှိပြီး အလွန်စမတ်ကျသည်။ စာနာတတ်ပြီး သိမ်မွေ့သည်။
![](https://img.wattpad.com/cover/367698833-288-k959554.jpg)
BẠN ĐANG ĐỌC
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
Lãng mạnDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...