(71.2)တာဝေးအပြေးချန်ပီယံ/တာေဝးအေျပးခ်န္ပီယံ

171 43 6
                                    

(Unicode)

Chapter (71.2)–တာဝေးအပြေးချန်ပီယံ

"........."

ပြောဖို့ ဆွံ့အ...

ရူးနေရင်တောင် သူတို့တွေက ဦးနှောက်သေနေတဲ့ဖန်တွေ ဖြစ်နေတုန်းပဲ။

"လေးလွှာက တစ်ယောက်..."

လီပင်းသည် စိုးရိမ်ကြောင့်ကြနေသည့်ကြားက ရုတ်တရက်ဆိုသလို အခွင့်အရေးကို ဖမ်းဆုပ်လိုက်သည်။ သူ့မျက်စိကို မှေးကျဉ်းကာ ဆန့်ကျင်ဘက်ကို ကြည့်လိုက်သည်။

"မင်းက မနေ့ညက မင်းရဲ့အသင်းဖော်‌‌တွေကို ဇွန်ဘီတွေဆီ တွန်းထုတ်ခဲ့တဲ့တစ်ယောက်ပဲ။ ဟာတ်တယ်မလား။ မနေ့ညက ချင်းလောင်ရဲ့အခန်းက မီးလင်းနေတာကို မင်းတွေ့ခဲ့တယ်။

ဒီတော့ မင်းရဲ့အခန်းဖော်ကို တွန်းထုတ်ပြီး ချင်းလောင်နဲ့တခြားသူတွေဆီ အကူအညီတောင်းဖို့ ပြေးသွားခဲ့တယ်။ သူတို့ကို မင်းအတွက် တံခါးဖွင့်ခိုင်းခဲ့တယ်လေ"

၀မ်လိန်သည် အပြစ်ရှိစိတ်ကြောင့် အပြုံးတွေ တောင့်တင်းသွားရသည်။

"အ‌ဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့..."

လီပင်းသည် စိတ်တည်ငြိမ်အောင်ထားပြီး သူ့ခေါင်းသူပုတ်ကာ ရယ်မောလိုက်သည်။

"ငါဘာလို့မေ့နေပါလိမ့်။ လင်လျန်ရဲ့အခန်းက ချင်းလောင်နဲ့။ မျက်နှာချင်းဆိုင်မှာလေ။ သူတို့ညတုန်းက လင်လျန်နေတဲ့အခန်းဆီ ရွှေ့သွားကြတာနေမယ်။ အဆောင်ကနေ ဆင်းဖိူ့အစီအစဉ်ဆွဲနေကြတာ ဖြစ်နိုင်တယ်"

ရုန်းရင်းဆန်ခတ်ဖြစ်နေသော လသာဆောင်၌ သတိ၀င်လာကြသလို တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။

စိတ်ဆင်းရဲခြင်း၊ စိတ်ပျက်အားငယ်ခြင်းတို့ကြောင့် အလွန်ဒေါသထွက်နေကြသူများသည် လီပင်း၏စကားကို ကြားချိန်၌ ပျောက်ကွယ်လုလု မျှော်လင့်ချက်ရေးရေးကလေးမှာ ပြန်ပေါ်လာလေသည်။

— အခုတွေးကြည့်ရသလောက်... သူတို့တစ်ကယ်ပဲ အစောကြီးထွက်သွားချင်တယ်ဆိုရင် သူတို့ကိုလိမ်ဖို့က လိုတောင်လိုရဲ့လား။ ဘာတစ်ခွန်းမှမပြောဘဲ သူတို့ဘာသာ ထွက်သွားမှာပေါ့။

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationNơi câu chuyện tồn tại. Hãy khám phá bây giờ