(Unicode)
Chapter (51.1)–အရှင်ဧကရာဇ်၏ခြေတော်ရင်းက မိန်းမစိုးလို
ချင်းလောင်သည် အခန်းထဲ၀င်သွားပြီး လုယွမ်အတွက် ဖိနပ်တစ်ရံယူလာပေးရင်း အနည်းငယ်ရှက်နေသည်။
"ငါ့အိမ်ကို တစ်ယောက်ယောက် လာလည်လိမ့်မယ်ဆိုတာမျိုး တစ်ခါမှမတွေးခဲ့ဖူးတော့ မပြင်ဆင်ထားမိဘူး"
အနက်ရောင်နားရွက်လေးများပါသည့် အမွေးဖွာဖွာဖိနပ်တစ်ရံကိုကြည့်ကာ လုယွမ်၏အမူအရာ မပြောင်းလဲသွားသော်လည်း ဒီအတိုင်း အိမ်ထဲတိုက်ရိုက်၀င်သွားသည်။
သူ့ရဲ့အနက်ရောင်လည်ရှည်ဖိနပ်တွေက ကြမ်းပြင်ပေါ်မှာ အသံလေးတစ်သံပင် ထွက်မလာခဲ့ပေ။ ချင်းလောင်လည်း သူ့စကားသူပြန်မျိုချကာ နောက်မှလိုက်လာခဲ့သည်။
တခြား ghost master တွေသာ ဒီမြင်ကွင်းကိုမြင်ပါက အများစုဟာ 'ကျွန်တစ်ယောက်က သူ့သခင်ရှေ့ကနေ ဘယ်လိုလုပ်ပြီးလျှောက်ရဲရတာလဲ။ ဒါက ပုန်ကန်တာပဲ' ဆိုကာ မောက်မာထောင်လွှားပြီိး စည်းမျဉ်းများကို နားမလည်သည့်အတွက် လုယွမ်ကိုအပြစ်တင်ကြလိမ့်မည်ဖြစ်သည်။
ချင်းလောင် TV ဖွင့်လိုက်ပြီး လုယွမ်ကို ဆိုဖာပေါ်လာထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ သူကတော့ အခန်းထဲပြန်ကာ အ၀တ်အစားလဲပြီးနောက် ခေါက်ဆွဲနှစ်ပွဲ ချက်လိုက်သည်။
မူလကိုယ်၏ အချက်အပြုတ်စကေးက ကောင်းမွန်သည်။ အချိန်ကြာမြင့်စွာကတည်းက တစ်ကိုယ်တည်းနေခဲ့ရသူမို့ မိမိကိုယ်ကိုအားကိုးတတ်အောင် သင်ယူခဲ့ရသည်။
ချက်ပြီးသွားသည့်နောက် ပူပူနွေးနွေးခေါက်ဆွဲများထည့်ထားသည့် ပန်းကန်လုံးနှစ်လုံးကို ဆိုဖာရှေ့မှ ကော်ဖီစားပွဲပေါ် နေရာချလိုက်သည်။
ချင်းလောင်သည် ခွေးခြေခုံလေးတစ်လုံးကို ယူထိုင်ရင်း ပန်းကန်လုံးတစ်လုံးကို ယူလိုက်သည်။ သူ့မျက်နှာက အနည်းငယ်ရဲနေပြီး တစ်ကယ်လည်း နည်းနည်းလေးရှက်နေမိသည်။
"ငါ... ငါ... မနက်ဖြန်ကျရင် ကုန်စုံဆိုင်သွားပြီး ၀ယ်... ဈေး၀ယ်လိုက်ပါ့မယ်"
— ကျေးဇူးပြုပြီး အထင်မသေးပါနဲ့။ စားကြည့်ပါဦး။ မင်းဘာစားရတာကြိုက်လဲ။ စားရတာ မကြိုက်တာမျိုးရှိလား။

BẠN ĐANG ĐỌC
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
Lãng mạnDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...