(Unicode)
Chapter (70.2)-စွန့်စားခန်းကြီးစတင်ပြီ
တတိယမြောက်နေ့တွင် ပျင်းရိက(70.2)စွန့်စားခန်းကြီးစတင်ပြီ/စွန့်စားခန်းကြီးစတင်ပြီာ စိတ်ဓာတ်ကျနေပြီး လသာဆောင်၌ ဘယ်သူမှ စကားမပြောသလို ဘယ်သူ့ကိုမှလည်း မကယ်နိုင်ကြပေ။
ကျောင်း၏ အသံလွှင့်ခန်းမှ ကြေငြာချက်သည်လည်း ပထမဆုံးနေ့က သတိပေးချက်ကလွဲလို့ တခြားဘာမှမကြေငြာ။
ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေတာမို့ ကျောင်းသားအိပ်ဆောင်တွေမှာ သူတို့တွေ ပုန်းခိုနေကြတယ်ဆိုတာ မေ့နေကြသလား၊ ဘာအကူအညီမှ မရနိုင်တော့ဘူးလားလို့ လူတွေကို သံသယ၀င်လာစေသည်။
- ဆရာတွေအဆောင်ဘက်မှာရော တစ်စုတစ်စည်းတည်း ရှိရဲ့လား။ ကားတွေနဲ့ ထွက်သွားကြပြီလား။
- ဒီထုတ်လွှင့်မှုက စုတ်ပြတ်နေတာကြောင့် ဘယ်သူမှ ၀င်လာရဲမှာမဟုတ်တာမျိုး ဖြစ်နိုင်တယ်။ ဒါဆို သူတို့ထွက်လို့ရပြီဆိုတာ ဘယ်သူကရော လာပြောရဲမှာလဲ။
သူတို့သည် အဆောင်ထဲတွင်နေပြီး အချင်းချင်းသာ တင်းတင်းကျပ်ကျပ် ဖက်ထားနိုင်ကြသည်။ အစားအစာမရှိသော်လည်း အပြင်လည်း မထွက်ရဲကြပေ။ အချိန်အတော်ကြာသည်အထိ မျှော်လင့်ချက်တွေ ထားကြသေးပေမဲ့လည်း မျှော်လင့်ချက် မရှိတော့ပုံပေါ်သည်။
လင်လျန်၏ နှစ်ရက်တာ ဂရုစိုက်ပေးမှုအောက်တွင် ချင်းလောင်တစ်ယောက် ပြန်လည်ထူထောင်လာခဲ့သည်။
နေ့လည်မှာတော့ အခန်းဖော်အသစ်ဖြစ်သူ ကုလားထိုင်ပေါ်၌ ကွေးကွေးလေး အိပ်နေသည်ကို အခွင့်ကောင်းယူကာ အိပ်ခန်းထဲရှိ ကိရိယာများကိုယူပြီး လက်နက်များအဖြစ်သို့ ပြောင်းလဲလိုက်သည်။
လင်လျန် မြင်သော်လည်း ဘာမှမမေးဘဲ အတူတူကူညီပေးရန်၀င်လာခဲ့သည်။
ရှောင်ဖေးက အသံနိမ့်နိမ့်ဖြင့်မေးသည်။
"အစ်ကိုလောင်... မင်းဘာလုပ်နေလဲ"
ချင်းလောင်သည် တံမြက်စည်းကို သစ်သီးလှီးဓားတစ်ချောင်းဖြင့် ခုတ်ထစ်ရင်း ပြန်ဖြေသည်။

VOUS LISEZ
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
Roman d'amourDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...