(65.2)ဥက္ကာပျံမိုး ရွာချပြီ/ဥကၠာပ်ံမိုး ႐ြာခ်ၿပီ

212 51 2
                                    

(Unicode)

Chapter (65.2)–ဥက္ကာပျံမိုး ရွာချပြီ

ချင်းလောင်သည် အဆောင်ရောက်သည်နှင့် ရေအရင်ချိုးရန် ဟန်ပြင်လိုက်သည်။

အင်တာနက်စွဲလမ်းသည့် ဆယ်ကျော်သက်လေး ရှောင်ဖေးကတော့ လွန်ခဲ့သောညကလည်း ဂိမ်းဆော့ရန်အတွက် ညနက်သည်အထိ နေခဲ့သည်ဆိုတာ သိသာပါသည်။

တံခါးဖွင့်ကာ ၀င်လာသည့် ချင်းလောင်၏လှုပ်ရှားမှုက သူ့ကိုအပြည့်အ၀ အိပ်ရာမနိုးစေနိုင်ပေ။ ‌ချင်းလောင် ရေချိုးကာ ထွက်လာချိန်မှာတော့ သူ့စောင်ကိုလှပ်ကာ ချင်းလောင်ကို ရှုပ်ထွေးနေဟန်ဖြင့် 'ချင်းလောင်ညတုန်းက ကတိပေးထားသည့် ညလယ်စာမုန့်အကြောင်း' မေးလာလေသည်။

ချင်းလောင် သူ့ကို လျစ်လျူရှုထားပြီး စောင်ထဲ၀င်ကာ သူ့ကိုယ်သူ ဖုံးအုပ်ပြီး ညတုန်းက မူး‌အောင်သောက်မိသည့်အကြောင်း ပြန်တွေးမိလေသည်။

သူသည် လင်လျန်ကို အကျိုးအနည်းငယ်သက်ရောက်မှုရှိသည့် ဝိုင်ကို ပေးခဲ့သည်။ သို့သော် အပျော်အနေဖြင့် နည်းနည်းလေး ပေါင်းထည့်ထားရုံသာ။

အကြောင်းပြချက်အမှန်က လင်လျန်ကိုယ်တိုင်လည်း သူ့ကိုယ်သူ gay ဖြစ်ကြောင်း ဟိုးငယ်ငယ်လေးကတည်းက သိနေခဲ့ခြင်းပင်။

သူသည် ဝိုင်ကြောင့်မူးနေသော်လည်း စိတ်ထဲမှာတော့ သူ့ရဲ့ ideal type က ရှိနေဆဲပင်။

မူလဇာတ်လမ်းထဲမှာလည်း လင်လျန်က gay ဖြစ်သည်။ ဒါဟာ  post-apocalyptic ၀တ္တုဖြစ်ရုံသာမက အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်ကို straight အဖြစ် ပြောင်းလဲနိုင်ခဲ့သော ဇာတ်လမ်းမျိုးလည်းဖြစ်သည်။

ဒါပေမဲ့ လက်ရှိမှာတော့ ထန်းရှောင်ရို့နှင့် ဆက်ဆံရေး အနေအထားက‌ အလွန်ကောင်းပေမဲ့လည်း လင်လျန်ကို ဘယ်တုန်းကမှ မလှုံ့ဆော်နိုင်ခဲ့ပေ။

လွန်ခဲ့သောညက ပြင်းထန်လွန်းသွားတာကြောင့် ချင်းလောင်တစ်ယောက် လဲလျောင်းလိုက်သည်နှင့် အိပ်ချင်လာပြန်သည်။

ဒီလိုနဲ့ပဲ သူအိပ်ပျော်သွားခဲ့ပြီး system ကို ကန္ဓမာပန်းအဆီနည်းနည်း‌လောက်တောင်းရန် မေ့သွားခဲ့သည်။

စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationDonde viven las historias. Descúbrelo ahora