(Unicode)
Chapter (71.1)-လင်လျန်က ငါ့လောင်ကုန်း
လင်လျန်၏ အခန်းရှိရာ အိပ်ဆောင်သည် အလွန်ရိုးရှင်းလှသည်။ အဆောင်သို့ တခြားစီနီယာများ ပြန်မလာတာကြာပြီမို့ အိပ်ရာများ လွတ်နေလေသည်။
သူတို့သည် စီနီယာ၏ အ၀တ်ဗီရိုကိုဖွင့်ပြီး ဝါဂွမ်း၏စောင်ကိုယူကာ အိပ်ရာခင်းလိုက်သည်။ စီနီယာ၏ ဗီရိုငယ်ထဲ၌ သားရေလက်အိတ်အစုံ အနည်းငယ်ကိုလည်း တွေ့ခဲ့သည်။
စီနီယာက ခရီးတွေသွား၊ လျှောက်လည်ပတ်ရတာကို ရူးသွပ်ပုံရသည်။
ဒီလက်အိတ်ဟောင်းများသည် ပိုင်ရှင်ဖြစ်သူထံမှ နှစ်သက်ခံရပုံမပေါ်သော်လည်း ချင်းလောင်နှင့် အခြားသူတွေအတွက်တော့ အသုံး၀င်လှသည်။
လက်အိတ်သုံးစုံကို ရှောင်ဖေး၊ ယွီချောင်နှင့် ကျန်းမော့တို့ကို ပေးလိုက်သည်။ ချင်းလောင်နှင့် လင်လျန်၏လက်ထဲမှာ ဗလာဖြစ်နေတာကိုတွေ့တော့ သူတို့အနည်းငယ် ရှက်သွားကြသည်။
ရုတ်တရက်ပဲ လင်လျန်ဟာ တစ်စုံတစ်ရာကို သတိရသွားပြီး သူ့ဗီရိုကိုဖွင့်လိုက်သည်။ အထဲမှာ ဘူးတစ်ဘူးရှိသည်။
ထုပ်ပိုးထားပုံမှာ အလွန်အမင်း စိတ်ကူးယဉ်ဆန်လှပြီး အတော်လေးပေါ်လွင်ကာ အပေါစားဆန်သည့် အနီရောင်ပန်းပွင့်များပင် ပါနေသေးသည်။
ဒါက လင်လျန်၏ စိတ်နေသဘောထားနှင့် လုံး၀ကို ကွဲထွက်နေသည်။
ချင်းလောင် မျက်ခုံးပင့်လိုက်သည်။
"ယို့... မင်းမှာ ဒီလိုရသခံစားမှုမျိုး ရှိတယ်ဆိုတာ ငါမသိခဲ့ပါလား"
လင်လျန် ပေါ့ပါးစွာပြန်ပြောသည်။
"ဘာလို့ ဖွင့်ပြီး တစ်ချက်လောက်မကြည့်တာလဲ။ ဒါက အစကတည်းက မင်းအတွက် ငါပြင်ဆင်ထားတဲ့ မွေးနေ့လက်ဆောင်လေ"
"........."
လက်ဆောင်ကိုလက်ခံနေစဉ်မှာပဲ တခြားသုံးယောက်ဟာ ချင်းလောင်ကို စနောက်ကျီစယ်လိုဟန်၊ မသင်္ကာဟန်ဖြင့် ကြည့်လာကြသည်။
"မင်းမှာ ဘယ်လိုဆိုးရွားတဲ့ ရသမျိုး ရှိနေတာလဲဝးဆိုတာ ငါနားမလည်နိုင်ပေမဲ့ ဒီဘူးကိုဝော့ဘငါလက်ခံလိုက်ပါ့မယ်"
![](https://img.wattpad.com/cover/367698833-288-k959554.jpg)
BẠN ĐANG ĐỌC
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
Lãng mạnDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...