(Unicode)
Chapter (55.2)–ရေပြင်ပေါ်ကမြူခိုးငွေ့တွေလို
နောက်တစ်နေ့ မနက်ခင်း၌ ချင်းလောင်သည် ရှက်ကိုးရှက်ကန်း မျက်နှာဖြင့် အိပ်ရာထလာခဲ့ပြီး အောက်ခံဘောင်းဘီလျှော်ရန်အတွက် toilet ၀င်ဟန်ဆောင်လိုက်သည်။
— အာ... သူကရှက်ချင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ရှောင်လောင်က အင်နိုးစန့်ကလေးလေးလေ။
ဟိုဘက်က အိပ်မက်ထဲ၀င်နိုင်စွမ်းရှိတဲ့ သူ့အခန်းဖော်အကြောင်း နွေဦးအိပ်မက် မက်ခဲ့တာဖြစ်ကြောင်း သူတွေးမိသည်။ ဒါ့အပြင် အိပ်မက်ထဲမှာ သူနှင့်အတူပင် ကစားခဲ့သေးသည်။
ရှကိကိုးရှက်ကန်းဖြစ်ကာ နှလုံးခုန်တွေပါမြန်နေတာကြောင့် လုယွမ်ကို သူတိုက်ရိုက်မကြည့်ရဲပေ။
လုယွမ် စနောက်သည်ကို သူမစောင့်နိုင်ပေ။ သို့မဟုတ် တစ်စုံတစ်ရာ ကိစ္စမရှိပါက သူ့ရဲ့မနှစ်မြို့ဖွယ်အဖေဆီက ဖုန်းကောတစ်ခု ၀င်လာရမှာပင်။
အိုက်ယား... အဲဒါက လာနေပြီပဲ။
ချင်းလောင်သည် ရှိသမျှနေရောင်လို တောက်ပမှုအားလုံးကို ဖယ်ခွာပစ်လိုက်ပြီး မှုန်မှိုင်းမှိုင်းကောင်လေးအဖြစ် ထပ်မံဟန်ဆောင်လိုက်သည်။
သူဖုန်းကိုင်လိုက်ပြီးနောက် အပြစ်တင်စကားများကို ကြားလိုက်ရချိန်မှာတော့ ချက်ချင်းပင် ဖုန်းကိုခွာလိုက်သည်။
ငြင်းဆိုဖို့ရော ကာကွယ်ဖို့ပါမတတ်နိုင်တာကြောင့် သူလက်သီးဆုပ်မိလိုက်သော်လည်း စိတ်ပျက်အားလျော့စွာပင် ပြန်ဖြေလိုက်သည်။
"ကောင်းပါပြီ"
မနက်စာစားရန် အချိန်မရှိသော ချင်းလောင်သည် အမူအရာကင်းမဲ့သောဟန်ဖြင့် APP ကိုသုံးကာ ကားတစ်စီးခေါ်လိုက်သည်။
ကားတံခါးပိတ်ပြီးနောက် လုယွမ်လည်း လက်ထဲတွင် နွားနို့ပုလင်းတစ်ပုလင်းကိုကိုင်လျက် သူ့နောက်လိုက်ကာ ကားပေါ်တက်လာကြောင်း သဘောပေါက်လိုက်သည်။
"ဗိုက်ထဲ အစာမရှိတာ မကောင်းဘူး"
လုယွမ်၏အသံက ပေါ့ပါးနေသည်။ သူ့မျက်၀န်းထဲမှာတော့ ထူးထူးခြားခြား ခံစားချက်များရှိမနေပေ။

ESTÁS LEYENDO
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...