အခန်း (၁)
နေရောင်တစွန်းတစ်စဖြာကျလျှက်ရှိနေပီး သေးငယ်တဲ့ဖုန်မှုန့်လေးတွေတောင် နေရောင်အောက်မှာ စိတ်ကူးယဉ်ဆန်ပီး အမှန်တကယ်မဟုတ်သယောင်ဖြစ်ပေါ်နေမှုက ထာ၀ရရှင်သန်နေတဲ့ ကြီးမားကျယ်ပြောတဲ့တောအုပ်ကြီးကို ထပ်ဆင့်ပံ့ပိုးနေသယောင်ဖြစ်ပေါ်နေလေတယ်။
ဂူမန်မန်က ရေထဲမှာရပ်နေရင်း သူမနဲ့ ခြေတစ်လှမ်းစာအကွာက လူကို ငေးကြည့်နေလေတယ်။
သူက နတ်ဘုရားတစ်ပါးလိုမျိုးဟန်ပန်ရှိနေပီး သူ့ထက်အဆင့်နိမ့်တဲ့သူကို ကြည့်နေတာမျိုးဖြစ်တယ်။ သူရဲ့ သန်စွမ်းနက်မှောင်တဲ့ဆံကေသာတွေ နောက်ကျောမှာ၀ဲကျနေတာက မည်းနက်နေတဲ့တိမ်တိုက်လို ဖြစ်ပေါ်နေပီး တမူထူးခြားတဲ့သွင်ပြင်ကို ပေးစွမ်းနေလေတယ်။
မျက်ခုံးမွေးထူထူအောက်မှာ ပန်းပွင့်လွှာသဏ္ဏာန်မျက်လုံးအစုံရှိနေပီး ကြည့်မိသူ အားလုံးကို သတိကင်းလွှတ်သွားစေလောက်အောင် ချစ်ခင်ကြင်နာမှုနဲ့ ပြည့်၀နေလေတယ်။ နှာတံကဖြောင့်စင်းလျှက်ရှိနေပီး မထူမပါးအနီရောင်နှုတ်ခမ်းလေးက မျက်စိကျိန်းလောက်စရာအပြုံးကိုပြသနေလေတယ် အနည်းငယ်သာဆိုပေမဲ့လည်း ဂူမန်မန်ကို သူမလက်ရှိအခြေအနေကို မေ့လျော့စေပီး အသိစိတ်လွတ်လောက်တဲ့အထိဖြစ်သွားစေခဲ့တယ်။
ဗလာကျင်းနေတဲ့စိတ်နဲ့ သူမက လက်တစ်ဖက်ကို ဆန့်ထုတ်ပီး ဒီနတ်သူငယ်နဲ့တူတဲ့လူကို လှမ်းထိဖို့ရာလုပ်ဆောင်လိုက်တယ်။
ဒါက ရုပ်ရည်မှာ ကျရှုံးခြင်းလို့သတ်မှတ်ကြသလိုပါပဲလား.........
အဲဒီလူက ဂူမန်မန်ဆန့်ထုတ်လာတဲ့ သေးငယ်တဲ့လက်ကလေးကို ကြည့်ပီး မျက်မှောင်အနည်းငယ်ကျံ့လိုက်တယ်။ တခြားအရာကြောင့်တော့မဟုတ်ပါဘူး သူမ သတိမကပ်တဲ့အရာကို အနည်းငယ်ဒေါသထွက်ရုံသာ ဖြစ်တယ်။
တကယ်လို့လာတဲ့သူက သူသာမဟုတ်ခဲ့ဘူးဆိုရင်လည်း သူမက ဒီလိုရေထဲမှာရပ်ပီး မြူစွယ်ထူးဆန်းတဲ့ အ၀တ်အစားတွေ ၀တ်ဆင်ထားပီး သူမရဲ့ဖြူဖွေးချောမွေ့နေတဲ့လက်ကို ဒီလိုမျိုးဆန့်ထုတ်နေဉီးမှာလား......... တခြားသားရဲတွေ သူမကိုအဲလိုအခြေအနေနဲ့မြင်တွေ့သွားခဲ့ရင်ဆိုတဲ့ အတွေးက သူ့ကို အကျိုးသင့်အကြောင်းသင့် မတွေးခေါ်နိုင်လောက်အောင် ဒေါသထွက်စေတယ်။
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...