အခန်း (၈၇) : ဒယ်ဒီလို့ ခေါ်လေ...
လီရာအမူအယာသည် အလွန်လေးနက်နေသည်။ ဂူမန်မန်အား သူမမှတ်ဉာဏ်ထဲတွင် ပုန်းကွယ်နေသည့်ညက သူ့၏ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ရေရေရာရာ မသိသော ယူဆချက်များကို ပြန်အမှတ်ရစေသည်။ ညမှောင်မှောင် လကွယ်ညတွင် သေချာမမြင်ရသည့် လူတစ်ယောက်က လက်တစ်ဖက်ကိုသုံးကာ ခွန့်တ်၏ လက်ကို အလွယ်တကူ ချိုးဖဲ့ကာ သူမကို သေမင်းလက်မှ လက်မတင်လေး ကယ်တင်ခဲ့လေ၏။
သူမသည် လီရာ၏ စကားများကို သံသယမရှိချေ။ တိုက်ခိုက်ရေးစွမ်းသည် အရေးကြီးဆုံးဖြစ်သော ဤသားရဲလောကတွင် အသန်မာဆုံးသောသူများသည်သာ အောင်မြင်မှု အဖူးအပွင့်ကို စံစားကြရသည် ဖြစ်၏။ လီရာသည် သူ့ပြောသည့်အတိုင်း ဖြစ်အောင်လုပ်နိုင်သည့် အရည်အချင်းလည်း ပိုင်ဆိုင်ပေသည်။ သူသာ တကယ်လုပ်လျှင် တစ်ယောက်မှ မသင့်တော်ဘူးဟု မခံစားကြရပေ။ အနိုင်ရရှိသူသာ ဘုရင်ဖြစ်ပြီး မှန်ကန်သော သဘောတရားဖြစ်လေ၏။
သို့သော် ဂူမန်မန်နေထိုင်ခဲ့သည့် ပတ်ဝန်းကျင်သည် ငယ်စဉ်မှ ဘယ်လိုနေထိုင်ရမည်၊ မည်သို့ပြုမူရမည်ကို သင်ကြားပေးခံခဲ့ရပြီး ထို့အပြင် အသက်များသည်လည်း အရေးကြီးလှကြောင်း သိရှိခဲ့လေ၏။ ထို့ကြောင့် သူမသည် တစ်ခြားလူများက သူမအတွက် အချိန်မရွေး အသက်စွန့်ခြင်းကို လက်သင့်မခံနိုင်ပေ။
"လီရာ....ဒီကမ္ဘာက အရမ်းလှပတယ်.... ဒါပေမဲ့ ရှင်က ဒေါသကြီးလွန်းတယ်.... ဒါကမှားတယ်...မှားနေတယ်..." ဂူမန်မန်သည် ခေါင်းကို ညိတ်ကာ လေးနက်သည့်အမူအယာဖြင့် လီရာကို အဓိပ္ပါယ်မဲ့လှသည့် အတွေးကို လက်လျော့ဖို့ ဖြောင့်ဖြရန် ကြိုးစားလိုက်သည်။
လီရာ၏ အကြည့်သည် ဂူမန်မန်မျက်နှာတွင် တည်ရှိနေပြီး သူသည် လက်ညိုးဖြင့် သူမ မေးကို ပင့်လိုက်သည်။ သူမက ကြည့်နေသည်ကို မြင်ပြီးနောက် သူ့နှုတ်ခမ်းထောင့်သည် အပေါ်သို့ ကွေးညွှတ်သွားပြီး ဆွဲဆောင်မှုရှိသည့် အပြုံးမျိုးဖြစ်လာလေ၏။ ထိုအပြုံးသည် ကျော့မော့ပြီး တော်ဝင်ဆန်လှသည့် အလှတရားတို့ကို ပိုင်ဆိုင်လေသည်။
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...