အခန်း ၈

5.6K 565 8
                                    


အခန်း (၈) : လူရမ်းကားလုပ်ရင် သေချာပေါက် အရိုက်ခံရလိမ့်မယ်


ဂူမန်မန်အနေနဲ့ အဲလ်ဗစ်က သူမကို နေထိုင်ရာဂူဆီခေါ်ဆောင်လာပြီး ကောက်ရိုးပုံပေါ်တင်ထားတဲ့အချိန်အထိ စိတ်ရှုပ်ထွေးနေခဲ့တယ်။ သူမက အနက်ရောင်ဝံပုလွေကန လူအဖြစ် အသွင်ပြန်ပြောင်းလာတဲ့ အဲလ်ဗစ်ကို စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေမိတယ်။

သူမရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေက ဂူမန်မန်ရဲ့ နားလည်နိုင်စွမ်းကို ကျော်လွန်နေပြီး သူမကမ္ဘာကို ဇောက်ထိုးဖြစ်သွားစေတယ်။

ဟဲလို ကိုးတစ်တစ် ကလား? ဝံပုလွေတစ်ကောင်က နတ်သားအဖြစ်ပြောင်းလဲသွားတယ် ပြီးတော့ သူက မယုံကြယ်နိုင်လောက်အောင် ခန့်ညားလွန်းတယ်။

သူက အနက်ရောင်ဝံပုလွေဖြစ်ပေမဲ့ သူ့အသားရည်က နှင်းလို ဖွေးဆွတ်နေတယ်။ ဂူအပေါက်ဝမှာ နေရောင်နဲ့ဆန့်ကျင်ဘက်ရပ်နေတာက အဲလ်ဗစ်ကို ကိုယ်ရောင်ကိုယ်ဝါတောက်ပနေတဲ့ နတ်ဘုရားတစ်ပါးအလား ထင်မှတ်စေတယ်။

သူရဲ့ ကြီးမားကျယ်ပြန့်တဲ့ ပခုံးရယ်၊ ကျည်းမြောင်းတဲ့တင်ရိုးရယ် ကျောက်တုံးအလား မာကျောနေတဲ့နံရိုးတွေရယ် ပြီးတော့ ပြည့်စုံလွန်းတဲ့ ဗွီပုံသဏ္ဏာန်ဝမ်းဗိုက်ပိုင်းတွေက သူမကို အတွေးရိုင်းတွေ ဖြစ်ပေါ်စေတယ်။ ခဏလောက်နေပါဦး.........ဂူမန်မန်ရဲ့ အကြည့်က ဝမ်းဗိုက်ပိုင်းကနေ အောက်ဆင်းသွားပြီးနောက် ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။ တစ်ခုခုက အရမ်းကို ရယ်ဖို့ကောင်းနေတယ်........ အဲဒါဘာလဲ........

"အား!!!!!!!!!" ဂူမန်မန်က နားထောင်စွမ်းမြင့်တဲ့ အဲလ်ဗစ်ရဲ့ နားစည်ကွဲလုနီးပါးအထိ စူးစူးဝါးဝါးအော်ဟစ်လိုက်တယ်....

အဲလ်ဗစ်က မျက်မှောင်အနည်းငယ်ကျုံ့လိုက်ပြီး စကားတစ်ခွန်းမှ မဖွင့်ဟလေဘူး။ သူက ဂူမန်မန်အော်ဟစ်တာကို တိတ်တဆိတ်ရပ်ကြည့်နေတာက အောက်ဆီဂျင်ပြတ်လပ်တဲ့ လက္ခဏာြဖစ်တဲ့ သူမမျက်နှာ နီရဲမလာခင်အထိဖြစ်တယ်။ အဲနောက် အဲလ်ဗစ်က ရှေ့တိုးလာပြီး ဂူမန်မန်ခါးကို လက်တစ်ဖက်နဲ့ပွေ့လိုက်ရင်း ကျန်တစ်ဖက်က သူမခေါင်းကိုထိန်းထားခဲ့ပြီး သူအနီရောင်နှုတ်ခမ်းကို သူမဆီထိကပ်လိုက်ပြီးနောက် ...... ဖူး...........

အလှလေးရှောင်မန် (Beauty and the Beast) Book 1Où les histoires vivent. Découvrez maintenant