အခန်း (၄၆)

3.1K 318 0
                                    


အခန်း (၄၆) : ပျက်စီးနေသည့် ဆက်ဆံရေးနှင့် ကွာရှင်းခွင့်မပြုဘူးလား


ဂူမန်မန်သည် စန္ဒီကို သူမဘာကြောင့်ပြောမှန်း မသိသည့်အတွက် စိတ်ရှုပ်သောမျက်နှာဖြင့် ကြည့်လိုက်သည်။

စန္ဒီက သူမနှုတ်ခမ်းတွေကို ဖိကပ်ထားလိုက်ရင်း အသံတိုးတိုးလေးဖြင့် ပြောလိုက်သည် "ဒါက သူတို့နဲ့ အမျိုးသားတွေကြား ပြဿနာရှိရင် ဝင်မစွက်ဖက်သင့်တဲ့ အမျိုးသမီးတွေကြားက အလိုလိုသိတဲ့ ဥပဒေပဲလေ"

ဂူမန်မန်က စန္ဒီကို ကြည့်လိုက်ပြီး ခေါင်းမညိတ်ခင် ခဏတာတွေးတောလိုက်သည်။

အမှန်ဆိုလျှင် အရာရှိတောင် မိသားစုပြဿနာကို ဖြေရှင်းပေးဖို့ရန် ခက်ခဲလှပေ၏။ အပြင်လူဖြစ်သည့် သူမအနေဖြင့် ဝင်မစွက်ဖက်သင့်ပေ။

ဂူမန်မန်သည် သက်ပြင်းချလိုက်ပြီး သူမ၏သူရဲကောင်းဆန်သည့် နှလုံးသားကို ထိန်းချုပ်ထားလိုက်သည်။ သူမသည် မိမိဘာသာနှိမ်ချလိုက်ရင်း 'ထိုကွာရှင်းပွဲ' ကို ပရိတ်သတ်အနေနှင့် ကြည့်ရှုဖို့ ဆုံးဖြတ်လိုက်သည်။

"ကျွန်မသာ ခွန့်တ်ဆိုရင် နီနာနဲ့ကွာရှင်းပြီးတာ ကြာလှပေါ့ " ဂူမန်မန်က နှုတ်ခမ်းကို တွန့်ချိုးရင်း စန္ဒီဘက် ခေါင်းအနည်းငယ်စောင်းကာ ပြောလိုက်သည်။

ဂူမန်မန်က အသံနိမ့်ပြောသော်လည်း လူထုက ကြားနိုင်လေသည်။

သူမစကားလုံးတွေသည် နီနာက ခွန့်တ်နှင့်ကွာရှင်းချင်သည်ဟု ပြောသည့်ကိစ္စထက် ပိုလက်မခံနိုင်စရာကောင်းသော အရာ ဖြစ်သည်။ ထိုအတွေးက ကမ္ဘာတစ်ခုလုံးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေလိမ့်မည်။

စန္ဒီသည်လည်း တုန်လှုပ်သွားပြီး သူမ၏ ကြီးမားပြီး ချစ်စရာကောင်းသည့် မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဂူမန်မန်အား ကြည့်လိုက်သည်။ အချိန်များစွာကုန်ဆုံးပြီးနောက် သူမက ပြောလိုက်သည် "အမျိုးသား တစ်ယောက်က သူတို့ဘဝသက်တမ်းတစ်လျှောက်လုံးမှာ ပါတနာ တစ်ယောက်သာရှိနိုင်တယ်။ သူတို့ပါတနာဆီက ကွာရှင်းခံတာနဲ့ သူတို့က နတ်ဘုရား အမျက်ဒဏ်သင့်လိမ့်မယ်။ သန်မာလွန်းပြီး အသက်ရှင်ကျန်ရစ်မယ်ဆိုရင်တောင် သူတို့က လေလွင့်သားရဲအဖြစ် နေရလိမ့်မယ်။ ရှင်လျှက်နဲ့သေဆုံးတဲ့ဘဝကို ပိုင်ဆိုင်ပြီး ကျန်တဲ့သက်တမ်းတစ်လျှောက်လုံး ပျော်ရွှင်မှုနဲ့ နွေးထွေးမှုကို ထပ်ခံစားရမှာ မဟုတ်ဘူး။ အဲဒီအပြင် ကျန်တဲ့ သားရဲမျိုးနွယ်စုတွေရဲ့ သတ်ဖြတ်ခြင်းလည်း ခံရနိုင်တယ်....... ဒီလိုဘဝမျိုးက အရမ်းသနားဖို့ကောင်းတယ်"

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now