chapter 58 (Z)

2.3K 197 3
                                    

အခန်း (၅၈) : ဓမ္မတာနှင့် မိတ်လိုက်ခြင်းကြားရှိ ဆက်စပ်မှု


"သူတို့ဝရုန်းသုန်းကားဖြစ်နေတာ ကျွန်မနဲ့ ဘာဆိုင်လို့လဲ...." ဂူမန်မန်က မပျော်ရွှင်စွာ နှုတ်ခမ်းစူကာ ပြောလိုက်သည်။ သူမက ထိုအရာအတွက် အပြစ်တင်ခြင်း မခံချင်ပေ။

"သူတို့က မင်းရဲ့အနံ့ကြောင့် အဲလိုဖြစ်နေတာ.... " အဲလ်ဗစ်က ပြုံးလိုက်လေ၏။ အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် ဂူမန်မန်ကို ဘယ်သူမှ ရှာမတွေ့နိုင်သည့် နေရာမှာ သိမ်းထားချင်မိသည်။

သို့ပေမဲ့လည်း သူမသည် နတ်ဘုရား၏ အမှာပါးသူ ဖြစ်သည်။

"ကျွန်မက မိန်းမငယ်လေးပါလို့ ပြောပြီးပြီလေ..... ကျွန်မက မိတ်လိုက်ရမဲ့ အချိန်မရောက်သေးဘူး...." သူမစကား မပြီးဆုံးခင် ဂူမန်မန်သည် တစ်ခုခုကို အမှတ်ရသွားသည့်ပုံစံဖြင့် တံတွေးကို မျိုချကာ မျက်နှာနီရဲစွာ မေးလိုက်သည် "ခေါင်းဆောင် ရှင်က ဓမ္မတာကို မိတ်လိုက်ချိန်လို့ ခေါ်တာလား......"

"ဓမ္မတာ....." အဲလ်ဗစ်သည် ဂူမန်မန်ပြောနေသည့် အကြောင်းအရာကို တစ်စက်လေးမျှ မသိချေ။

"အမ်.... အဲဒါကမိန်းမတွေ...... အဲလေ....အမျိုးသမီးတွေက အလွန်ဆိုးရွားတဲ့ စိတ်အခြေအနေဖြစ်တဲ့ရက်ကို ပြောတာ....." ဂူမန်မန်ကို အဲလ်ဗစ်ကို ရိုးရှင်းစွာ ရှင်းပြဖို့ကြိုးစားလိုက်သည်။ သို့သော် အဲလ်ဗစ်က ပို၍ ရှုပ်ထွေးလာသည့် မျက်နှာဖြစ်လာလေ၏။

အမျိုးသမီးတွေ စိတ်အခြေအနေဆိုးရွားစွာ ကြုံတွေ့ရသည့် ရက်အနည်းငယ်သာ ရှိတာလား.... အမျိုးသမီးတွေက နေ့တိုင်း စိတ်တိုနေသည်ဟု ဘာကြောင့် သူ ခံစားနေရတာလဲ.....

"အဲလိုမျိုး.... ကျွန်မကလည်း အဲလိုမျိုးဖြစ်နေတာ ....... မနာပေမဲ့လည်း သွေးထွက်နေတာ...." ဂူမန်မန်သည် သူမ၏ ကိုယ်ကျင့်တရားသည် ထိုနှစ်ရက်အတွင်း မိုင်ပေါင်းထောင်ချီ ကျော်လွန်သွားပြီဟု ခံစားမိသည်။ အဲလ်ဗစ်ကို ဓမ္မတာအကြောင်း ဘာကြောင့် ရှင်းပြနေမိတာလဲ....

အဲလ်ဗစ်သည် ဂူမန်မန်၏ အပြောကို ထောက်ခံလိုက်ရင်း ပြောလိုက်သည် "ဟုတ်တယ်... မင်းရဲ့လက်ရှိအခြေအနေက မိတ်လိုက်ချိန်လို့ ခေါ်တယ်....."

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now