အခန်း (၄၃)

3.1K 338 22
                                    


အခန်း (၄၃) : သူတို့ ရှက်တတ်သေးရဲ့လား


သူမက ပြန်ရိုက်နှက်ဖို့ကြံစည်ထားပေမဲ့လည်း သူမဆီ ပြေးလာသည့် ဂူမန်မန်ကို မြင်ပြီး နီနာက ချက်ချင်း နောက်ဆုတ်လိုက်သည်။

အမှန်ဆိုလျှင် ဂူမန်မန်က သူမကို ရိုက်နှက်ဖူးသည့် ပထမဆုံးလူဖြစ်ပြီး သူမခေါင်းကနာကျင်မှုကို အခုထိ ခံစားမိသေးသည်။

အမျိုးသားတွေက အမျိုးသမီးတွေကို မတိုက်ခိုက်ကြပေမဲ့လည်း သူတို့အမျိုးသမီး အနိုင်ကျင့်ခံရတာကို ဒီအတိုင်းထိုင်မကြည့်နိုင်ချေ။ ထို့ကြောင့် နီနာကို ဘေးမှတွဲပေးခဲ့သည့် အမျိုးသားနှစ်ယောက်က အလိုလိုရှေ့တိုးလာပြီး သူမကို နောက်မှာထား၍ တံခါးစောင့်သဖွယ် ကာကွယ်ထားလိုက်သည်။

ဂူမန်မန်က ဒေါသဖြင့် အံ့ကိုကြိတ်လိုက်ပြီး အမျိုးသားကို လက်ညိုးထိုး ညွှန်ပြပြီး ဆူပူလိုက်သည် "ဒါက မိန်းမတွေ..... အမျိုးသမီးတွေကြားက တိုက်ပွဲ...... အမျိုးသားတွေ ဘေးဖယ်နေ!!"

အမှန်ပဲ......ဒီသားရဲကမ္ဘာမှာ အမျိုးသမီးတွေရန်ပွဲမှာ အမျိုးသားတွေ ပါဝင်ဖို့ ခွင့်မပြုသည့် ဥပဒေရှိလေသည်။

ပုံမှန်အခြေအနေဆိုလျှင် သားရဲကမ္ဘာမှာ အမျိုးသမီးတွေက မကြာခဏ ပဋိပက္ခဖြစ်လေ့ရှိသည်။ သူတို့ကြားက ပြဿနာက သူတို့အမျိုးသားတွေ အသေအကြေ တိုက်ပွဲဖြင့် ဆုံးဖြတ်လေ့ရှိသည်။ အမျိုးသမီးကိုယ်တိုင် တိုက်ခိုက်ရမည့် အခြေအနေက တစ်ခါမှ မကြုံတွေ့ဖူးချေ။

လုံးဝဖယ်ရှားပေးမည့်ပုံမပေါ်သည့် တံခါးစောင့်တွေကို ကြည့်ပြီး ဂူမန်မန်က ပိုဒေါသထွက်လာခဲ့သည်။ သူမက ဝတ်စုံကိုလုံးချေလိုက်ရင်း ပြင်းပြင်းထန်ထန် ပြောလိုက်သည် "အခုဘာလဲ.... ရှင်တို့ကပါ တိုက်ခိုက်ချင်တာလား..... မနေ့က နင်တောင်းဆိုလို့ ခွန့်တ်က ငါ့ကိုသတ်ဖို့ကြံခဲ့တယ် ပြီးတော့ သူကျရှုံးတာနဲ့ ဒီနေ့ ရှင်တို့နှစ်ယောက်က အစားထိုးဝင်ရောက်ပြီး နဇိုင်းရယ်မျိုးနွယ်စုရှေ့မှာ ကျွန်မကို သတ်ချင်တာလား..... လာစမ်းပါ.... ကျွန်မက ကြောက်မယ်ထင်နေလား...."

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now