အခန်း (၇၂)

2.7K 277 17
                                    


အခန်း (၇၂) : လေတိုက်ခံလိုက်ရသည့် ဂူမန်မန်

လီရာသည် အဲလ်ဗစ်လက်ထဲရှိ ဂူမန်မန်ကို စောင်းကြည့်ကာ ရယ်မောချင်မှုကို အောင့်အီး၍ မေးလိုက်သည် "မင်းက ငါ့အတွက် စိုးရိမ်နေတာလား..... ငါက အမြင့်နေရာမှာ ဆုတောင်းနေတာကြောင့်လား......"

အဲလ်ဗစ်သည်လည်း ဂူမန်မန်ကို အံ့အားသင့်စွာကြည့်လိုက်ပြီး သူမအဘယ်ကြောင့်ပြောသည်ကို နားမလည်နိုင်ပေ။ သူမ စောစောက ပြောတာက......

အဲလ်ဗစ်သည် ဂူမန်မန်၏ လီရာအပေါ် နှစ်သက်မှုကို ရုတ်တရက် အမှတ်ရလိုက်သည်။ သူတို့ဂူထဲတွင်ရှိနေစဉ်က သူမသည် သူနှင့်လီရာကို သဘောကျကြောင်း ပြောခဲ့ဖူး၏။ ထို့ကြောင့် သူမသည် ဒီနေ့ သူတို့ကို လက်ထပ်မှာ ဖြစ်သည့်အတွက် အနာဂတ်မိသားစု၌ သူတို့ဆက်ဆံရေး သဟဇာတဖြစ်‌ရေးအတွက် သူမပြောခဲ့သည်များလား......

အဲလ်ဗစ်သည် သူ့နှလုံးသား၌ နာကျင်မှုကို ခံစားမိလေသည်။

သူမက.....တကယ်ကို..... စေ့စေ့စပ်စပ်တွေးတောထားတာ ဖြစ်သည်။

အဲလ်ဗစ်သည် လီရာနှင့် အဆင်ပြေကာ ဘာပြဿနာမှ မရှိသည်ကို သိသော်လည်း ဂူမန်မန်၏ ရည်ရွယ်ချက်ဖြစ်သည့်အတွက် သူက သတ္တိစုစည်း၍ ခေါင်းညိတ်ကာ ပြောလိုက်သည် "ဟုတ်တယ်..... အဲဒါက အရမ်းမြင့်တယ်.... ပြီးတော့ အလွန်အန္တရာယ်များတယ်...."

အဲလ်ဗစ်သည် 'အန္တရာယ်များသည်'ဟု ပြောသည့်အခါ လျှာကိုက်လုနီးပါးဖြစ်ခဲ့လေသည်။

လိပ်ပြာမလုံမှု..... သူ့တွင် စိတ်မသိုးမသန့်မှု များလွန်းလှသည်။

သူနှင့်လီရာ ဘေးချင်းယှဉ်တိုက်ခိုက်ခဲ့စဉ်က သူတို့သည် မြေပြင်ပေါ် လမ်းလျှောက်နေသကဲ့သို့ပင် မတ်စောက်သည့် တောင်စွန်းများ တက်ခဲ့ကြပြီး မြင့်မားလွန်းသည့် ရှေးသစ်ပင်များမှ ခုန်ဆင်းခဲ့ကြသည်။ ယခု သူသည် အရမ်းမြင့်လွန်းသည့်အတွက် စိုးရိမ်သည်ဟု အမှန်တကယ် ပြောခဲ့လေ၏။

လီရာသည် ထိုအရာက အဲလ်ဗစ်၏ ရည်ရွယ်ချက်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိသည်။ ထိုအစား သူက ခေါင်းညိတ်ပြလိုက်ပြီး အဓိပ္ပါယ်ပြည့်နေသည့် အပြုံးကို ပြန်ပေးခဲ့၏။ ထို့နောက် သူသည် ခေါင်းငုံ့ထားလွန်း၍ မျက်နှာနီရဲနေသည့် ဂူမန်မန်ဘက်ကြည့်လိုက်ပြီး သူမမေးဖျားမှ လက်ကိုပြန်ရုတ်လိုက်ပြီး သူမမျက်နှာကို သက်သက်သာသာ ပွတ်သပ်ပေးလိုက်လေသည်။ ထိုအပြုအမူသည် ဂူမန်မန်ကို အောင်မြင်စွာ ကျီစယ်ခဲ့ပြီး နောက်အခိုက်အတန့်တွင် သူသည် ခပ်တည်တည်မေးလိုက်သည် "ဆုတောင်းပွဲကိုကျော်လိုက်ပြီး တိုက်ပွဲတိုက်ရိုက် စလိုက်ကြရအောင်...."

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now