chapter 67 (Z)

2.3K 184 10
                                    


အခန်း (၆၇) : အဲလ်ဗစ်သည် ဂူမန်မန် အဝတ်လဲရန် ကူညီပေးသည်

"အခု မင်းမမြင်ရတော့ဘူး....."

ဂူမန်မန်သည် ဆွံအသွားလေ၏။

ခေါင်းဆောင်... ကျွန်မသာ ရှင် လီရာကိုကြိုက်မှန်းမသိရင် ရှင့်ကို လူရမ်းကားလုပ်ရတာကြိုက်တယ် ထင်မိနေမှာ အသေချာပဲ.......

ဂူမန်မန်သည် မျက်ရည်တစ်စက်မှ မကျဘဲ ငိုချင်နေလေသည်။ ထိုကြီးမားသည့် ညပုလဲက ထိုသို့ ခြေမွခံလိုက်ရသည်လား......

"ခေါင်းဆောင်...." ဂူမန်မန်သည် ပုလဲအကြောင်းတွေးမိလျှင် သူမနှလုံသားက နာကျင်လာသည့်အတိုင်း ငိုရှိုက်သည့် အသံဖြင့် ခေါ်လိုက်လေ၏။ လိင်တူချင်းသဘောကျသူအနေနှင့် ကျွန်မလို အမျိုးသမီးကို လာပြိုင်နေရတာလဲ.....

"ကောင်းကောင်းနေ....." အဲလ်ဗစ်သည် ဂူမန်မန်ကို သူလက်ထဲဆွဲခေါ်ပြီး သူမခေါင်းကို သူ့မေးဖျားဖြင့် အသာယာ ပွတ်သပ်ပေးနေလေ၏။

သူမ၏ မှားနေသည့်ပုံစံက အရမ်းချစ်ဖို့ကောင်းလှ၏။ အဲလ်ဗစ်သည် သူမကို အနိုင်ကျင့်ပြီး သူ့ကို အကူညီမဲ့စွာငေးကြည့်နေမည့် သူမပုံစ့ကို မြင်ယောင်ရင်း ထိုခံစားချက်ကို နှစ်သက်လာခဲ့သည်။

ဧရာမအမှောင်ထုထဲတွင် ဂူမန်မန် မှီခိုနိုင်သည့် တစ်ခုတည်းသောအရာက အဲလ်ဗစ်ဖြစ်သောကြောင့် သူမသည် အဲလ်ဗစ်လည်ပင်းကို သိုင်းဖက်ထားလိုက်ပြီး သူမမျက်နှာသည် 'အသက်ရှင်ဖို့ရန် ဘာမျှမရှိ' သကဲ့သို့ ဖြစ်နေပေမဲ့ မသေဆုံးချင်သည့် ပုံပေါက်နေပြီး ကွဲကြေသွားသည့်ပုလဲအတွက် စိတ်မကောင်းပေ။

ထိုစဉ် အမှောင်ထု၏ သက်ရောက်ခြင်းမရှိသည့် အဲလ်ဗစ်သည် သမင်သားရေကိုယူပြီး ဂူမန်မန်ကို ပြောင်းလဲဝတ်ဆင်ပေးလိုက်သည်။ သူသည် အသားမကျပေမဲ့လည်း ဂူမန်မန်ပူးပေါင်းမှုနှင့်အတူ အောင်မြင်စွာ ဝတ်ဆင်လို့ရသွားလေ၏။

ဂူမန်မန် အာရုံအားလုံးမှာ ပုလဲအကြောင်းနေရာယူထားပြီး ထို့အပြင် လီရာနှင့် အဲလ်ဗစ်သည် အတွဲဖြစ်သည်ဟု စိတ်ထဲတွင် ယုံကြည်ထားလေ၏။ ထို့ကြောင့် သူမသည် အဲလ်ဗစ်ကို ညီအစ်မသဖွယ် ဆက်ဆံလေ၏။ ထို့အပြင် ဂူအတွင်းတွင် အလင်းရောင်မရှိသည့်အတွက် အဲလ်ဗစ်၏ အဆင်မပြေမှုကို သတိမပြုမိပေ။ ထို့ကြောင့် သူမသည် သတိမမူ၍ ရိုးသားစွာ အဲလ်ဗစ်ကို ဝတ်စုံလဲပေးခွင့် ပြုခဲ့တာဖြစ်လေ၏။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now