အခန်း (၆၄) : လူရမ်းကား အဲလ်ဗစ်
အဲလ်ဗစ်သည် ဂူမန်မန်၏ ကတိဖြင့် များစွာတည်ငြိမ်သွားပြီး ဒီနေ့ည မီးပုံပွဲကို မျှော်လင့်နေမိသည်။ ဂူမန်မန်သည် သူ့ကို အသိမှတ်ပြုပေးပေမဲ့လည်း ညမီးပုံပွဲရောက်လျှင် မျိုးနွယ်စုဝင် အဖွဲ့သားတွေရှေ့တွင် သူမ၏ ပထမဆုံးပါတနာဖြစ်လာမည့်အရေးကို စောင့်စားနေသည်။
သူ့ကိုယ်သူ ကိုယ်ပိုင်အဆင့်တန်းရမည့်အရေးကိုတွေးပြီး နေဝင်ဖို့ရန် ပထမဆုံးအကြိမ် မျှော်လင့်မိခြင်းဖြစ်၏။
"ဂူမန်မန်.... ဂူမန်မန် ဒီမှာ.... နင့်အတွက်...." စန္ဒီက သူမလက်မှာ သန့်ရှင်းရေးအခံကိုကိုင်ဆောင်ရင်း ဂူမန်မန်ဆီ အသက်ရှုရပ်လုမတတ် ပြေးလွှားလာပြီး သူမကို ပေးလိုက်သည် "မြန်....မြန်မြန် လဲလိုက်လေ.... နေဝင်တော့မှာ...... ဘို.... ဘိုဒီက မီးပုံပွဲအဆင့်သင့်ဖြစ်ခါနီးနေပြီလို့ ပြောတယ်......"
ဂူမန်မန်သည် ရှုပ်ထွေးသည့် အပြုံးဖြင့် စန္ဒီမှာ လေးနက်သည့်အမူအယာမရှိလျှင် သူမကို စနောက်နေသည်ဟု သေချာပေါက် ယုံကြည်မိလိမ့်မည်။
သေစမ်း...... သူမကို ဂူအပြင်ကနေ ငေးကြည့်နေကြသည့် အစိမ်းရောင်မျက်လုံး အများပြားသည် သူမ သန့်ရှင်းရေးအခံလဲမည်ကို ကြားပြီး လှည့်ကြည့်လာကြသည်။
ဂူမန်မန်သည် ဇဝေဇဝါဖြစ်သွားလေ၏။
သူမ ဓမ္မတာဖြစ်ရုံဖြင့် အာရုံစိုက်မှုအလယ်သို့ ကျရောက်ရန် တကယ်လိုအပ်လို့လား....
အဲလ်ဗစ်သည် ရှေ့နှစ်လှမ်းတက်လာပြီး စန္ဒီရှေ့မှာ ရပ်လိုက်သည်။ သူက အမူအယာကင်းမဲ့စွာ ပြောလိုက်သည် "မင်းရဲ့ ပါတနာခေါ်ပြီး မီးပုံပွဲမှာ နေရာသွားဦးချေ.......ဂူမန်မန်နဲ့ ငါ မကြာခင် လာခဲ့မယ်....."
"ဟ......ဟုတ်ကဲ့..." စန္ဒီသည် အဲလ်ဗစ်ကို ကြောက်ရွံနေဆဲဖြစ်ပြီး 'သွားခိုင်းသည့် အမိန့်'ကိုကြားပြီးနောက် ဆက်မနေရဲတော့ချေ။ စန္ဒီသည် ဂူမန်မန်ဆီ လည်ပင်းဆန့်ပြီး မလှည့်ကြည့်ခင် ကြောက်ရွံစွာ နောက်ဆုတ်သွားပြီး လှမ်းပြောလိုက်သည် "မီးပုံပွဲမှာ စောင့်နေမယ်နော်.... မြန်မြန်လာနော်...."
STAI LEGGENDO
အလှလေးရှောင်မန် (Beauty and the Beast) Book 1
Storie d'amorePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...