အခန်း (၉၉) : ကိုယ်တိုင်နာကျင်စေခြင်းသည် အရူးသွပ်ဆုံး အပြုအမူဖြစ်၏
"မင်းမှာ လျို့ဝှက်ချက်တွေ ရှိနေတာလား...."
လီရာ သူမ အနားတိုးလာမှုကြောင့် နီရဲလာသည့် သူမမျက်နှာကို ကြည့်ကာ နွေးထွေးစွာ ပြုံးရင်း မေးလိုက်သည်။ အကယ်၍ တစ်ယောက်ယောက်သာ အနီးကပ်မကြည့်ပါက သူများတွေကဲ့သို့ပင် ခံစားရလိမ့်မည်။ သို့သော် သူ့အနားရှိ နွေးထွေးမှု အငွေ့အသက်က လိမ်ညာနေခြင်း မဟုတ်ပေ။
"မရှိ.....မရှိပါဘူး...." ဂူမန်မန်က အလောတကြီး ငြင်းဆန်လိုက်သည်။
လီရာသည် ထပ်၍ မမေးတော့ပေမဲ့ သူမလက်ကလေးကို ယူကာ သူ့ဘယ်ဘက်ရင်အုံပေါ် တင်ကာ သူမခါးမှ သူ့ဆီသို့ အနည်းငယ် ဆွဲလိုက်သည်။ ဂူမန်မန်သည် သူ့ရင်ခွင်ထဲ ကျရောက်နေလေပြီ။
"ငါ့နောက်ကျောကို ထိခွင့်ပြုမယ်လေ.... အဲမို့ စိတ်မဆိုးနဲ့တော့နော်....ဟုတ်ပြီလား....."
ဓာတ်လိုက်ခံလိုက်ရသလိုခံစားချက်ကြောင့် ဂူမန်မန်သည် သူမလက်ကို ချက်ချင်း ပြန်ရုတ်သိမ်းချင်သော်လည်း လီရာက ခွင့်မပြုခဲ့ချေ။ သူသည် သူမလက်ကို ကိုင်ထားပြီး သူ့နှလုံးသားရှိရာဆီ ဖိကပ်ထားလေသည်။
သူမကို ညင်သာစွာ ခေါင်းစောင်းကြည့်ရင်း မေးကြည့်လိုက်သည် "ငါ့ နှလုံးသားမှာ လျို့ဝှက်ချက်တစ်ခုရှိတယ်..... အဲဒါကို ခွဲပြီး ပြရင် မင်း ငါ့ကို စိတ်ဆိုးတာ ရပ်ပေးမလား......"
"ဟမ်...." ဂူမန်မန်က လီရာအား စိတ်ရှုပ်ထွေးစွာ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ကြည့်လိုက်လေ၏ ။
"ငါတို့ ကတိပေးပြီးပြီနော်...."
လီရာသည် ဂူမန်မန်ရှေ့တွင် လက်သည်းမထုတ်ခင်အထိ ပြုံးပြလိုက်သည်။ ထို့နောက် ဂူမန်မန်လက်အစွန်းမှ သူ့အသားထဲသို့ တဖြေးဖြေးချင်း ထိုးစိုက်လိုက်သည်။
"ဘာလုပ်တာလဲ...."
အနီရောင်သွေးစက်များသည် လီရာ လက်ချောင်းထိပ်မှ စီးကျလာလေသည်။ ဂူမန်မန်သည် တစ်စက္ကန့်လောက် ကြောင်သွားပေမဲ့ သူမအား ကိုင်ထားသော လီရာလက်မှ ရုန်းထွက်လိုက်သည်။ ထို့နောက် သူ့လက်ကောက်ဝတ်ကို ကိုင်ကာ ကိုယ့်ဘာသာ နာကျင်နေအောင် လုပ်နေခြင်းမှ တားဆီးလိုက်လေသည်။ ဂူမန်မန်သည် ဒေါသအကြီးအကျယ်ထွက်လာပြီး သူအား စိုက်ကြည့်ကာ ဆူလိုက်သည်
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...