အခန်း (၈၂)

2.6K 270 16
                                    


အခန်း (၈၂) : လီရာ အဆင့်နိမ့်သွားတာလား.... မင်း ဒယ်ဒီလီရာရဲ့ အမြီးလိုချင်လား....


တစ်ဖက်တွင် လီရာသည် ရယ်ချင်စိတ်ကို ထိန်းထားရင်း မမျှတမှုကြောင့် ခံစားနေရသည်နှယ် ဟန်ဆောင်နေသည်။ သူသည် ပူးပေါင်းမှုတွင် ပါဝင်လိုက်ပြီး ခေါင်းကိုညိ့တ်ပြရင်း အဲလ်ဗစ်ကို ကြည့်လိုက်သည်။

အလွန်ကြီးမားတုတ်ခိုင်သော အကြောများသည် အဲလ်ဗစ်၏ နဖူးမှထွက်ပေါ်လာပြီး အံ့ကိုကြိတ်ကာ မာန်ဖီ၍ အော်လိုက်သည် "လီရာ...."

အဲလ်ဗစ်အော်ဟစ်ခြင်းခံရပြီးနောက် လီရာခေါင်းမှ တြိဂံပုံသဏ္ဍာန် အမွေးဖွာဖွာနားရွက်တစ်စုံ ရုတ်ချည်း ထွက်ပေါ်လာလေသည်။ ထွက်လာသည့် တည်နေရာသည် စန္ဒီ၏ နားရွက်များရှိသည့်နေရာဖြင့် တူညီပြီး ကွဲပြားသည်က စန္ဒီနားရွက်များသည် အညိုရောင်ဖြစ်ပြီး သူ့ဟာသည် အခြားအရာများနှင့် မသက်ဆိုင်သည့်အလား ဖြူဖွေးဆွတ်နေလေသည်။

လီရာ၏ ထိုအပြုအမူသည် အဲလ်ဗစ်ကို အကြီးအကျယ်ကြောက်လန့်စေသည်။ သူသည် ပျောက်ဆုံးလုနီးပါးဖြစ်နေသော ဒေါသကို ချိုးနှိမ်လိုက်ပြီး ရင်ဘတ်ထဲ သိမ်းဆည်းထားလိုက်သည်။ ဆင့်ကဲဖြစ်စဉ်ပြီးပြည့်စုံသွားသောသူများသည် ထိုသို့သော သားရဲပြောင်းလဲမှု လက္ခဏာမျိုး မပြသချေ။ ဖြစ်နိုင်သည်က လီရာသည်..... အဆင့်နိမ့်ကျသွားသည်လား.... သို့သော် သားရဲလောကတွင် အရင်က ထိုသို့ဖြစ်စဉ်မျိုး မရှိခဲ့ချေ။

အဲလ်ဗစ်သည် တစ်ခုခုကို ပြောရန်ကြံစည်လိုက်ပေမဲ့ လီရာသည် သူ့အမြီးကို စတင်၍ ဝှေ့ယမ်းလာလေသည်။ ထိုအပြုအမူသေးသေးလေးသည် အဲလ်ဗစ်ကို တုန်လှုပ်စေရုံသာမက နဇိုင်းရယ်မျိုးနွယ်စုရှိ အမျိုးသားများအားလုံးကိုလည်း တုန်လှုပ်စေခဲ့၏။

လီရာ.....အဆင့်နိမ့်သွားတာလား....

သူသည် အဲလ်ဗစ်၏ မာန်ဖီမှုကြောင့် အဆင့်နိမ့်သွားသည့်အထိ လန့်သွားသည်များလား......

"လီ...လီရာ....." အဲလ်ဗစ်သည် မျက်မှောင်ကျုံ့လိုက်ပြီး ပါးစပ်ဖွင့်ဟကာ ပြောချင်သော်လည်း ဘာပြောရမှန်း မသိပေ။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Donde viven las historias. Descúbrelo ahora