အခန်း (၈၆)

2.5K 235 2
                                    


အခန်း (၈၆) : လီရာ... ကျွန်မ တောင်းပန်ပါတယ်


"ဒါပေမဲ့..... " ဂူမန်မန်သည် သူမလည်ချောင်းမှ တင်းကျပ်လာသည်ဟု ခံစားလိုက်ရ၏။ သူမသည် တစ်ယောက်ယောက်ကို ငြင်းပယ်ရာ၌ မကောင်းပေ။ လီရာသည် ဘယ်လိုပင် မြင့်မြတ်ပြီး နူးညံ့၍ ချိုမြိန်သောသူဖြစ်နေပါစေ သူမတစ်ဘဝလုံးကို အလောတကြီး မပုံအပ်ရဲချေ။

"ငါတို့သိတာ သုံးရက်ပဲရှိသေးတယ်လေ....."

"မင်းမှာ ငါ့ကိုနားလည်ဖို့ အချိန်အများကြီး ကျန်ပါသေးတယ်" တစ်ဖက်မှာ လီရာသည် ဂူမန်မန်ခေါင်းနောက်ကို သပ်ပေးကာ ခါးမှ သိုင်းဖက်ထားလေသည်။ သူသည် အားနည်းနည်းထည့်မိရုံဖြင့် သူမ နာကျင်သွားမလား စိုးထိတ်နေသည်။ သို့သော် သူအားနည်းနည်းလေးသုံးမိပါက သူ့လက်မှ ရုန်းထွက်သွားပြီး ဘယ်သောအခါမှ ပြန်မလာမှာကိုလည်း ကြောက်ရွံလှသည်။

ဂူမန်မန်သည် လီရာကို တွန်းလွှတ်သော်လည်း မအောင်မြင်ခဲ့ပေ။ အမျိုးသားများနှင့်ယှဉ်လျှင် သူမသည် နှစ်နှစ်တာ လေ့ကျင့်ခန်းလုပ်ခဲ့သည်ဆိုတောင် သူမသည် ကြက်တစ်ကောင်တောင် မသတ်နိုင်သည့် အားနည်းသော အမျိုးသမီးဖြစ်နေဆဲဖြစ်သည်။

"လီရာ...ကျွန်မတောင်းပန်ပါတယ်......" ဂူမန်မန်သည် ရုန်းကန်ခြင်းကို ရပ်တန့်လိုက်ပြီး လီရာကို ဖက်ခွင့်ပြုလိုက်သည်။ သူမသည် သားရဲလောကရှိ အမျိုးသားများသည် အကြားစွမ်းရည်ကောင်းကြသည်ကို သိ၍ သူမနှင့်လီရာကြားတွင် သူမအသံသည် မည်မျှပင်တိုးနေပါစေ လီရာသည် သေချာပေါက် ရှင်းရှင်းလင်းလင်း ကြားလိမ့်မည်။ ထို့ကြောင့် သူမပြောလိုက်သည် "တစ်ဘဝလုံးစာက ကတိတည်ဖို့ရာ ခက်ခဲတယ်.... ကျွန်မ သုံးရက်ပဲတွေ့ဖူးသေးတဲ့လူတစ်ယောက်ကို တစ်ဘဝလုံး ပုံအပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...."

လီရာသည် သူမ၏ အေးစက်စက်အမူအယာကို ခံစားမိသည်။ သူ့နှလုံးသားသည် အတွေ့ကြုံများပြီးသည့်နောက်တွင် ထပ်၍ မနာကျင်တော့ဘူးဟု ထင်ခဲ့သော်လည်း သူမှားယွင်းသွားလေသည်။

"ဒါပေမဲ့ ... မင်းက အဲလ်ဗစ်ကို လက်ခံတယ်လေ...." လီရာသည် အနည်းငယ် စိတ်ဓာတ်ကျနေလေသည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Onde histórias criam vida. Descubra agora