အခန်း (၉၄)

2.4K 222 12
                                    


အခန်း (၉၄) : သေခါနီးဖြစ်နေသည့် ဂူမန်မန်


"ဟမ်....." လီရာသည် ဂူမန်မန်က သူတို့အကြောင်းပြောနေသည်ကို ရိပ်မိ၍ သူမအနားသို့ နတ်ဆိုးဆန်ဆန် ချည်းကပ်လာခဲ့သည်။ သူသည် မြူစွယ်သည့်အသံဖြင့် ပြောလိုက်ပြီးနောက် အလွန်နီးကပ်သည့် အနေအထားကျန်ရှိနေ၏ "ငါ့ကို အိမ်မွေးသားရဲ အဖြစ် မွေးချင်လား...."

"ဟင့်အင်..... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...." ဂူမန်မန်သည် သူမအတွေးကို ရိပ်မိသွားသည့်အခါ အလွန်အမင်း ရှက်သွားလေသည်။ ထို့ကြောင့် သူမသည် ချက်ချင်း လက်နှစ်ဖက်လုံးကို ခါယမ်းကာ ငြင်းလိုက်သည်။

"ဘာလို့လဲ...." လီရာသည် အနည်းငယ်စိတ်ပျက်သွားဟန် ပေါ်နေလေ၏။ သူသည် လက်တစ်ဖက်ဖြင့် ဂူမန်မန်အား ရင်ခွင်ထဲသို့ ဆွဲခေါ်လိုက်လေသည်။လီရာသည် ဂူမန်မန်မေးဖျားကို လက်ညိုးဖြင့် ပင့်ထားပြီး သူ့၏ စိုစွတ်နေသည့် နှုတ်ခမ်းသည် ဂူမန်မန်နှာဖျားထိပ်တွင် ရပ်တန့်သွားခဲ့သည်။ အသာအယာလျက်လိုက်ပြီး ဂူမန်မန်၏ နှာခေါင်းသည် သူ့ဆီ တိုးဝင်သွားဝင်လေသည်။ သူမတစ်ကိုယ်လုံး ဖိန့်ဖိန့်တုန်ခါပြီး သူမရှေ့တွင် ရှိနေသည့် လီရာကို စကားတစ်ခွန်းမျှ မဆိုဘဲ စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

ထို့နောက် လီရာသည် သူနှလုံးသားတွင် မတရားမှုကို ခံစားလိုက်ရသည်။ သူ ဘာမှမပြောပေမဲ့လည်း စောစောက အဲလ်ဗစ်က ဂူမန်မန်ဖက်ထားသည့် အချိန်တွင် သူမ၏ တုန့်ပြန့်မှုသည် သူ့ကို သဝန်တိုစေ၏။

ဤသည်က သူ နာကျင်နေသည့် နှလုံးသားအား ကုသရန် ဆေးအဖြစ် ယူဆကာ ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

လီရာသည် သူ့လျှာဖျားလေးဖြင့် သူမ၏ အရသာခံပြီးနောက် ကျေနပ်စွာ ပြုံးလိုက်လေ၏။

အနည်းငယ်ချိုမြိန်ပြီး အရသာရှိလှပေသည်။

"အိမ်မွေးသားရဲဆိုရင်.... နှင်းဖြူမြေခွေးဆို ဘယ်လိုလဲ..... မပြောပြနိုင်လောက်အောင် လှပပြီး တစ်ကိုယ်လုံးဖွေးဆွတ်နေတာ.....ပြီးတော့ ဆုတောင်းနည်းတွေနဲ့ ဆေးကုသရေးမှာလဲ ကျွမ်းကျင်တယ်လေ...." လီရာသည် အဓိပ္ပါယ်ပါပါပြုံးလိုက်ပြီး သူမ၏ နူးညံ့သည့် နားသီးလေးကို အသာအယာ ငုံ၍ မကိုက်ခင် သူမနားရွက်နား တိုးကပ်လာခဲ့သည်။ သူသည် အသက်ရှုထုတ်လိုက်ပြီး ပြောလိုက်သည် "ပြီးတော့ မင်း အိပ်ယာကို နွေးအောင်လုပ်ပေးနိုင်တဲ့သူလေ....."

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now