အခန်း (၄၄) : သူများအနိုင်ကျင့်ရန် အင်အား အလွဲသုံးစားလုပ်သည့် ဂူမန်မန်
စိတ်အနှောင့်ယှက်ပေးသည့် အမျိုးသားတွေကို အဲလ်ဗစ်ကိုင်တွယ်ဖြေရှင်းပြီးနောက် ဂူမန်မန်သည် မြေပြင်ပေါ်မှ ချက်ချင်းထလိုက်သည်။ ထို့နောက် ရည်ရွယ်ချက်ပြီးမြောက်သွားသည့် လူဆိုးသဖွယ် အမူအယာဖြင့် အဲလ်ဗစ်နောက် ခြေတစ်လှမ်းဝက်ကွာ ရပ်နေလိုက်သည်။ သူမက ခေါင်းကိုမော့ထားလိုက်ရင်း နီနာ စန္ဒီကိုကြည့်သည့် အကြည့်ထက် အထက်စီးဆန်သည့်အပြုအမူဖြင့် သူမကို ကြည့်ပြီး ပြောလိုက်သည်။
"ရုပ်ဆိုးမ ..... အခု နင်က စိတ်ကြီးဝင်နေတာ ဟုတ်တယ်မလား..... လာစမ်းပါ.... အခု ကျောထောက်နောက်ခံ ပိုကောင်းတာ ဘယ်သူလဲ ပြောပါဦး ဟင်...."
အဲလ်ဗစ်သည် မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး မျက်လုံးထောင့်ဘက်ရှိ သူ့အင်အားကို သုံးပြီး အနိုင်ကျင့်နေသည့် ဂူမန်မန်အား လှမ်းကြည့်လိုက်သည်။ ထိုအကြည့်တွင် လွန်ကဲသောနူးညံ့နေမှုဖြင့် ပြည့်နှက်နေ၏။
အဲလ်ဗစ်က သူမ၏ အဓိက အင်အားစုဖြစ်ရသည့်အတွက် သူ့နှလုံးသားမှာ နက်ရှိုင်းစွာ ဂုဏ်ယူနေလေသည်။
ထို့အပြင် အမျိုးသမီးတွေ ရန်ပွဲမှ အမြဲဝေးဝေးနေသည့် အဲလ်ဗစ်အတွက် ထိုသည်က ပထမဆုံးအကြိမ်ဖြစ်လေသည်။ သူ့အနေဖြင့် အမျိုးသမီးများကြားရှိ ပဋိပက္ခများသည် ငြီးငွေ့ဖွယ်ကောင်းပြီး စိတ်ရှုပ်စရာကောင်းသည်ဟု မထင်မိချေ။ သူသည် ဂူမန်မန်စီစဉ်ထားသည့် ပြပွဲတစ်ခုမှာ ငွေကြေးထောက်ပံ့သူအနေဖြင့် ပြုမူပြီး ပြပွဲကို ကြည့်ရှုခံစားနေ၏။
မူလအတိုင်းဆိုလျှင် နီနာသည် ဂူမန်မန်ကြောင့် ခံစားမှုဆိုင်ရာ တုန်လှုပ်ခြင်း ကြုံတွေ့နေရသည်။ သူမ ဂူမန်မန်ကို ရန်စရဲခြင်း အကြောင်းရင်းက သူမအမျိုးသားတွေကြောင့်ဖြစ်ပြီး အဲလ်ဗစ် ပါဝင်ပတ်သတ်မည်ဟု မမျှော်လင့်ခဲ့ချေ။ သူတို့နှစ်ဦးသား အတူရပ်နေခြင်းက သူမအတွက် ဖြတ်သန်းမရနိုင်သည့် တောင်တန်းသဖွယ်ဖြစ်နေသည်။
နီနာက ကြောက်ရွံ့လာခဲ့သည်။ သူမ၏ ခံစားမှုပြင်းထန်လွန်းသည့် နှလုံးသားက ဂူမန်မန်၏ 'ရုပ်ဆိုးမ' ဟု ခေါ်ခြင်း ခံရပြီးနောက် သူမအနေနှင့် နောက်ထပ်မျက်နှာပျက်စရာ ထပ်သည်းမခံနိုင်တော့ပေ။ သူမက အဝေးကို ထွက်ပြေးသွားချင်သည်။ တကယ်တမ်းဆိုလျှင် သူမက မျိုးနွယ်စုတစ်ခုလုံးမှာ အလှပဆုံးသော အမျိုးသမီးဖြစ်ပြီး သူမ၏အလှတရားက ဘယ်လိုလုပ် အပြစ်ရှာခံရတာလဲ.......
ထို့ကြောင့် နီနာက သူမ၏နောက်ဆုံးသတ္တိကို စုစည်းပြီး ရင်ကော့ခေါင်းမော့ကာ ပြောလိုက်သည်။ "ငါ....ငါ.....က စန္ဒီကိုပြောတာ..... နင်နဲ့ဘာဆိုင်လို့လဲ"
"စန္ဒီက ငါ့သူငယ်ချင်း...... နင်သူ့ကိုပြောတာက ငါ့အလုပ်ပဲ" ဂူမန်မန်က စန္ဒီပခုံးကို ဖက်ရင်း သူမ၏ တုန်လှုပ်နေပြီး ချွေးထွက်နေသောလက်ကို ရွံရှာခြင်းမရှိစွာ ကိုင်ကာ ပြောလိုက်သည်။ ဂူမန်မန်က မေးကိုမော့လိုက်ပြီး စန္ဒီကို မမေးခင်မှာ အချက်ပြလိုက်သည် "ဟုတ်တယ်မလား စန္ဒီ"
"အ....အင်း... ငါတို့က သူငယ်ချင်းတွေ....." စန္ဒီက နီနာရှေ့မှာ အမြဲကြောက်ခဲ့ရသည့်အတွက် ဂူမန်မန်နောက်ခံရှိလျှင်တောင် နီနာမျက်လုံးကို မကြည့်ရဲပေ။ သူမက ဂူမန်မန်နောက်မှာ ကြက်ပေါက်လေးလိုမျိုး ပုန်းကွယ်နေခဲ့သည်။
သို့ပေမဲ့.......
ဂူမန်မန်၏ သေးငယ်သည့်ပုံရိပ်က အသားပြည့်သောစန္ဒီ၏ ခန္ဓာတစ်ဝက်ကိုပင် ကာဆီးမထားနိုင်ချေ။ ထိုမြင်ကွင်းက အနည်းငယ် ဟာသမြောက်နေလေ၏။
သို့ပေမဲ့ နီနာက သူတို့ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ကြောင့် စိတ်မရှုပ်ပေ။ သူမက သူမဘာသာ အပြစ်တင်ကျိန်းမောင်းနေသည်။
သူမသည် ဂူမန်မန်ကို ရန်စမိ၍ အဲလ်ဗစ်နှင့် ဘာရီတီတို့ သူမဘက်ရောက်သွားခြင်းကို နားလည်သည်။ သို့ပေမဲ့ မျိုးရိုးနိမ့် သားရဲဖြစ်သည့် စန္ဒီက သူမကို လူသိရှင်ကြားဆန့်ကျင်ရဲသည်လား.... ကောင်းကင် ပြိုကျလာတာများလား....
"စန္ဒီ ဒီကိုလာစမ်း" နီနာသည် ဂူမန်မန်နောက်က စန္ဒီကို ပညာပြဖို့ရန် ခုန်ဝင်လာရင်း ပြောလိုက်သည်။
ဂူမန်မန်က သူမကို မည်သို့ခွင့်ပြုနိုင်ပါနည်း........ တစ်ချိန်တည်းမှာ နီနာက ခုန်ဝင်လာခဲ့သည်။ ဂူမန်မန်သည် စန္ဒီကို ဘေးတွန်းရွေ့လိုက်ပြီး တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။ ထို့နောက် သူမက ခြေထောက်ကို ရှေ့ထုတ်ပြီး နီနာကို ခွေးကျ ကျအောင် ပြုလုပ်ခဲ့သည်။
အဆင်ပြေခြင်းတစ်ခုက သူမသည် ခွန့်တ်ရှေ့မှာ လဲကျသွားခဲ့သည်။
ခွန့်တ်က နီနာကို လက်ကမ်းကူညီချင်ပေမဲ့ သူ့လက်ကောက်ဝတ်ကို အဖြူရောင်လက်တစ်ဖက်က ဆုပ်ကိုင်ထားခံရသည်။ ဆွဲဆောင်မှုရှိသည့်အသံက ထွက်ပေါ်လာပြီး "မင်း နီနာကို ကူညီချင်ရင် ဒါက အမျိုးသမီးတွေကြားက သေးငယ်တဲ့ ပြဿနာအနေနဲ့ ကျန်ရှိမှာ မဟုတ်ဘူး..... ဘာရီတီ၊ အဲလ်ဗစ် နဲ့ ....ငါ.....ကို နိုင်မယ်လို့ ယုံကြည်ချက်ရှိလို့လား"
ESTÁS LEYENDO
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...