အခန်း (၅၁)

3K 304 5
                                    


အခန်း (၅၁) : အနည်းငယ် ရှက်မိသည်


အဲလ်ဗစ်က ကသိကအောက်ဖြစ်မှုကို ခံစားလိုက်ရပေမဲ့ ဘာကြောင့်ဆိုတာ မသိခဲ့ပေ။ ဂူမန်မန်က လီရာကို ကြည့်သည့်ပုံကို မကြိုက်တာသာ သိသည်။ ထိုအရာက သူ့ကို ဘဝင်မကျခြင်း၊ စိုးရိမ်ခြင်း နှင့် စိတ်ဓာတ်ကျခြင်း တို့ကို ဖြစ်ပေါ်စေသည်။

သို့ပေမဲ့ ဂူမန်မန်နှင့် မထိတွေ့ဖို့ရန် လီရာကို သူမတားဆီးနိုင်ချေ။

နဇိုင်းရယ်မျိုးနွယ်စုတစ်ခုလုံးနဲ့ သူက ဂူမန်မန်ကို မျိုးနွယ်စုထဲရှိဖို့ရန် ဘယ်လိုအချက်ဖြစ်ဖြစ် အစွမ်းကုန် ပံ့ပိုးပေးမှာ ဖြစ်သည်။

သို့သော်ငြား ထိုအချက်က သူဖြစ်လျှင် သူတစ်ယောက်တည်းဖြစ်ဖို့ရန် မျှော်လင့်နေသည်။

သို့ပေမဲ့ သူ မဟုတ်ခဲ့လျှင် ဒါမှမဟုတ် သူတစ်ယောက်တည်း မဟုတ်ခဲ့လျှင် အခြားသူတွေထက်စာရင် လီရာကို ဖြစ်စေချင်သည်။

လီရာက ရန်သူအနေနှင့်ဆိုလျှင် ရင်ဆိုင်ဖို့ အခက်ခဲဆုံးသူဖြစ်ပြီး မိတ်ဖက်ဆိုလျှင် အလွန်စိတ်ချယုံကြည်ရသည့်သူဖြစ်သည်။ သူနှင့် လီရာသာ ဂူမန်မန်ပါတနာဖြစ်လာခဲ့လျှင် နဇိုင်းရယ်မျိုးနွယ်စုအတွက် အကောင်းဆုံးအခြေအနေဖြစ်ကြောင်း သိသည်။

ထို့ကြောင့် အဲလ်ဗစ်က သွေးကြောတွေထောင်လာတာကို ချိုးနှိမ်ပြီး ဂူမန်မန်နှင့် လီရာနားက ပန်းရောင်သန်းနေသည့် လေထုအခြေအနေကို လက်သီးဆုပ်ကာ ကြည့်လိုက်သည်။ သို့ပေမဲ့ သူက အားလုံးကိုလျှစ်လျူရှုပြီး ဂူမန်မန်ကို အဝေးသို့ ခေါ်တာမျိုး၊ ပြေးထွက်သွားတာမျိုး၊ ဖျက်စီးပစ်တာမျိုးတို့ မပြုလုပ်ခဲ့ပေ။

ဂူမန်မန်က နတ်ဘုရား၏ သတင်းအမှာပါးသူဖြစ်ကြောင်း သိရှိသွားပါက လီရာနှင့် သူတို့ အတူတူကာကွယ်ပေးမှသာ သူမအနေနှင့် ပိုလုံခြုံမှုရှိလိမ့်မည်။

အဲလ်ဗစ်က ပြေးထွက်ပြီး လီရာကို တိုက်ခိုက်ချင်စိတ်ကို ချိုးနှိမ်ပြီး စိတ်ထဲမှာ သူ့ဘာသာ အကြိမ်ကြိမ် ပြန်ပြောနေမိသည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now