အခန်း (၄၇)

3.1K 334 6
                                    


အခန်း (၄၇) : နင်ကို မြင်တိုင်း ရိုက်မည်

နီနာသည် ဒေါသ အကြီးကျယ်ထွက်နေ၏။ သူမက ရှေ့လှမ်းတက်လာရင်း စန္ဒီအတွက် ဂူမန်မန်ကင်ပေးထားသည့် ယုန်သားကိုလုယူကာ ဂူမန်မန်မတုံ့ပြန်ခင် မြေကြီးပေါ် လွှင့်ချလိုက်သည်။ ထို့နောက် သူမက မောက်မာစွာ ပြောလိုက်သည် "နင်ကို စားခွင့်မပြုဘူးလို့ ပြောထားတယ်လေ နင် နားကန်းနေလား"

ဂူမန်မန်သည် နီနာကို မုန်းတီနေပြီးသားဖြစ်သည်။ သူမက မယ်တော်မယ်ရီလိုမျိုး ခွန့်တ်အတွက် ဝင်မပြောပေးခဲ့ပေမဲ့ ဂူမန်မန်က သူမဖြေရှင်းမည့်နည်းလမ်းမရှိတော့တာ မဆိုပေ။ ထို့အပြင် နီနာသည် သူမစတင်ပေါ်လာကတည်းက ပြဿနာလိုက်ရှာနေခဲ့သည်။ သူမကို ရိုက်နှက်ဖို့ အဆင့်သင့်ပြင်ပြီးပေမ့လည်း သူမက ခွန့်တ်ကို ပြဿနာလိုက်ရှာနေခဲ့သည်။ ရလဒ်အနေဖြင့် ဂူမန်မန် ဒေါသတွေ ထိန်းချုပ်ထားရခြင်းဖြစ်သည်။

အခု သူမက စန္ဒီအစားအစာကို မြေကြီးပေါ် လွှင့်ပစ်ပြီး နောက်တစ်ကြိမ် ပြဿနာ လာထပ်ရှာပြန်သည်။

စန္ဒီ၏ ဝမ်းနည်းပက်လက်ပုံစံကို မြင်ပြီး ဂူမန်မန်သည် ဒေါသထွက်လာခဲ့သည်။

"ဟင်း... နင့်အပူပါလား... နင်မစားနဲ့ဆိုတိုင်း ငါတို့က လိုက်နာမယ်လို့ မျှော်လင့်နေတာလား .......ဘယ်သူ့ကို လာအမိန့်ပေးနေတာလဲ"

ဂူမန်မန်အားထည့်တွန်းမှုကြောင့် နီနာက နောက်ဆုတ်သွားရသည်။ သို့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူမက ပြင်ဆင်ထားခဲ့သည့်အတွက် လဲကျမသွားခဲ့ပေ။

နီနာက ခွန့်တ်အပေါ် ဒေါသဖြေလျော့နေပြီး ဂူမန်မန်ကို မထိရဲချေ။ ဒီလို ပိန်ပြီး ငယ်ရွယ်သည့် အမျိုးသမီးက ဘာများကောင်းလို့လဲ...... ဘာရီတီက သူမကို နှစ်သက်သည်၊ အဲလ်ဗစ်လည်း သူမကို သဘောကျသည်၊ လီရာတောင် သူမကို ထောက်ခံမှုနှင့် ဂရုစိုက်မှုကို ပြသခဲ့သည်။ အကောင်းဆုံးသော အမျိုးသားတွေကို မျိုးနွယ်စု၏ အလှဆုံးဖြစ်သည့် သူမသာ ပိုင်ဆိုင်သင့်သည်။

ထို့ကြောင့် နီနာက အရှုံးမခံဘဲ ဂူမန်မန်ကို အတုခိုးပြီး ပြန်တွန်းခဲ့သည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Où les histoires vivent. Découvrez maintenant