အခန်း (၅၂) : ဂူမန်မန်က လူကြီးဖြစ်ပြီ.... နဇိုင်းရယ်မျိုးနွယ်စုရှိ အမျိုးသားတွေ ပျော်ရွှင်နေကြသည်
ချိုမြိန်သည့် အနံ့လေး ဖြေးဖြေးချင်း ပြန့်နှံ့လာသည့်အခါ နဇိုင်းရယ်မျိုးနွယ်စု တစ်ခုလုံးပျော်ရွှင်သွားကြ၏။
မှန်သည်....နဇိုင်းရယ်မျိုးနွယ်စုမှာ နောက်ထပ်အမျိုးသမီးတစ်ယောက် အရွယ်ရောက်လေပြီ......
မျိုးနွယ်စုသို့ ရောက်ရှိတာ နှစ်ရက်မြောက်ဖြစ်ပေမဲ့လည်း သူမက နဇိုင်းရယ်၏ အမျိုးသမီးဖြစ်သည်။
အမျိုးသမီးတိုင်း အရွယ်ရောက်လာသည့်အခါ မျိုးနွယ်စုမှာ ပျော်ပွဲရွှင်ပွဲကျင်းပလေ့ရှိသည်။ အကြောင်းရင်းတစ်ခုက အမျိုးသမီး လူဦးရေအချိုးက အလွန်နိမ့်နေပြီး သူတို့၏ အားနည်းလှသည့် သဘာဝကို ထပ်ထည့်ပေါင်းလျှင် အရွယ်ရောက်သည်အထိ သူတို့အတွက် အသက်ရှင်ရန် မလွယ်ကူပေ။ ဒုတိယအကြောင်းရင်းက မိတ်ဖက်မရှိသေးသည့် အမျိုးသားအားလုံးက ငယ်ရွယ်သည့်အမျိုးသမီးကို ကာကွယ်စောင့်ရှောက်ရန် သူတို့မွေးလာကတည်းက တာဝန်ရှိလေသည်။ သူတို့အရွယ်ရောက်လာသည့်နေ့မှာ မျိုးနွယ်စုအနေနှင့် လူလွတ်အမျိုးသားများကြားမှ အမျိုးသမီးက သူတို့နှစ်သက်သည့် အမျိုးသားကို သူမပါတနာအဖြစ် ရွေးချယ်ဖို့ရန် မီးပုံပွဲကျင်းပပေးလေ့ရှိသည်။
အမျိုးသားတစ်ယောက်၏ ဘဝမှာ အမျိုးသမီး၏ပထမဆုံးပါနတာဖြစ်ရေးကလည်း သေရေးရှင်ရေးလောက် အရေးပါပေသည်။ အနာဂတ်မှာ အမျိုးသမီးက ပါတနာဘယ်လောက်ပင်ရှိပါစေ..... ပထမအမျိုးသားက အမျိုးသမီးပြီးလျှင် မိသားစုထဲတွင် အရေးကြီးဆုံးလူသားဖြစ်သည်။ အမျိုးသမီးတွေသည် ဘာမှသိပ်ဂရုစိုက်တတ်သည့် သူတွေဖြစ်သောကြောင့် ပထမအမျိုးသားသာလျှင် မိသားစုတစ်ခုလုံးကို ထိန်းချုပ်နေရတာဖြစ်သည်။
ထို့အပြင် ဂူမန်မန်သည် ဒီနေ့တွင် အရွယ်ရောက်လာပြီဖြစ်သည်။ မျိုးနွယ်စုသို့ လွန်ခဲ့သည့်နှစ်ရက်က ရောက်ရှိလာခဲ့ပေမဲ့လည်း သူမက နဇိုင်းရယ်မျိုးနွယ်စုကို အံ့အားသင့်စရာ အများအပြားကို ဆောင်ယူလာခဲ့၏။
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...