အခန်း (၃၅) : မီးတောက်နတ်ဆိုး နှင့် မီး
မီးခိုးကို မြင်သည့်အခါ အဲလ်ဗစ်က ခဏတာရပ်တန့်သွားခဲ့သည်။ အနံ့က သိပ်မပြင်းပေမဲ့ သူက 'မီးတောက်နတ်ဆိုး' အနံ့ကို သေချာရနေသည်။
"ဟေး.... မရပ်နဲ့လေ" ဂူမန်မန်က နောက်ဆုံးတော့ သူမရဲ့မျှော်လင့်ချက်အလင်းရောင်လေးကို မြင်ရပြီဖြစ်သည်။ အဲလ်ဗစ်သာရပ်တန့်ခဲ့မယ်ဆိုလျှင် မီးခိုးက လေထဲပျောက်ကွယ်သွားလိမ့်မည်။
ဂူမန်မန်စိုးရိမ်တာမြင်ပြီး တွေဝေနေပေမဲ့လည်း အဲလ်ဗစ်က သစ်သားချောင်းကို ဆက်လက်ပွတ်တိုက်ခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း မကြာခင်မှာ သေးငယ်တဲ့မီးတောက်လေး မြင်ရပြီဖြစ်သည်။
ဂူမန်မန်က ပါးစပ်နားရွတ်ချိတ်မတတ်ပျော်ရွှင်နေလေသည်။ သူမက သစ်ရွက်ခြောက်တွေကိုကောက်ယူလိုက်ပြီး သေးငယ်သည့် မီးတောက်နားထားပြီး မီးကို လောင်စာထည့်ပေးလိုက်သည်။ အောင်မြင်မှု လက်တစ်ကမ်းအလိုမှာ ဂူမန်မန်ခံစားလိုက်ရသည်က သူမခြေထောက် မြေကြီးမှ လွှတ်သွားပြီး နတ်ဘုရားပြစ်ဒဏ်ကျခံသည့်စင်မြင့်ကနေ ခုန်ဆင်းသွားသည့် အဲလ်ဗစ်လက်ထဲပါသွားလေသည်။ သူက မီးတောက်လေးကို မျက်မှောင်ကျုံ့ကြည့်လိုက်ပြီး သူ့အမူအယာက ထိုအရာ ကိုရင်ဆိုင်ဖို့ရန် ကြိုတင်ခန့်မှန်းမှုများနှင့် ပြည့်နေသည်။
အဲလ်ဗစ်သာ မဟုတ်ဘဲ ဘေးပတ်လည်က အမျိုးသားတွေပါ အားပြင်းသည့်ရန်သူကိုရင်ဆိုင်နေရသလိုမျိုး ဖြစ်နေပြီး လေထုက အုံ့မှိုင်းလာလေသည်။
"ဘာ....ဘာဖြစ်လို့လဲ" ဂူမန်မန်က မသိနားမလည်စွာမေးလိုက်သည်။
"မီးတောက်နတ်ဆိုးက အရမ်းအန္တရာယ်များတယ် မျိုးနွယ်စုတစ်ခုလုံးကို ဝါးမျိုသွားလိမ့်မယ်" အဲလ်ဗစ်အမူအယာက အရမ်းကိုလေးနက်နေပြီး စစ်ပွဲသို့ အချိန်မရွေးဝင်ဖို့အဆင့်သင့်ဖြစ်နေသည့် စစ်သူကြီးနှင့်တူပေသည်။
"မီးတောက်နတ်ဆိုး...." ဂူမန်မန်က အဲလ်ဗစ်စကားကိုသံသယဖြင့် ထပ်ရေရွတ်လိုက်ရင်း သူမမျက်လုံးတွေက ပတ်ဝန်းကျင်ကို ဘက်ပေါင်းစုံလိုက်ကြည့်လိုက်ပြီး မျိုးနွယ်စုတစ်ခုလုံးကို အချိန်မရွေးဝါးမျိုသွားနိုင်သည့် ကြီးမားတဲ့မကောင်းဆိုးဝါးကိုရှာဖွေလိုက်သည်။
ESTÁS LEYENDO
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...