အခန်း (၅၁) : အနည်းငယ် ရှက်မိသည်
အဲလ်ဗစ်က ကသိကအောက်ဖြစ်မှုကို ခံစားလိုက်ရပေမဲ့ ဘာကြောင့်ဆိုတာ မသိခဲ့ပေ။ ဂူမန်မန်က လီရာကို ကြည့်သည့်ပုံကို မကြိုက်တာသာ သိသည်။ ထိုအရာက သူ့ကို ဘဝင်မကျခြင်း၊ စိုးရိမ်ခြင်း နှင့် စိတ်ဓာတ်ကျခြင်း တို့ကို ဖြစ်ပေါ်စေသည်။
သို့ပေမဲ့ ဂူမန်မန်နှင့် မထိတွေ့ဖို့ရန် လီရာကို သူမတားဆီးနိုင်ချေ။
နဇိုင်းရယ်မျိုးနွယ်စုတစ်ခုလုံးနဲ့ သူက ဂူမန်မန်ကို မျိုးနွယ်စုထဲရှိဖို့ရန် ဘယ်လိုအချက်ဖြစ်ဖြစ် အစွမ်းကုန် ပံ့ပိုးပေးမှာ ဖြစ်သည်။
သို့သော်ငြား ထိုအချက်က သူဖြစ်လျှင် သူတစ်ယောက်တည်းဖြစ်ဖို့ရန် မျှော်လင့်နေသည်။
သို့ပေမဲ့ သူ မဟုတ်ခဲ့လျှင် ဒါမှမဟုတ် သူတစ်ယောက်တည်း မဟုတ်ခဲ့လျှင် အခြားသူတွေထက်စာရင် လီရာကို ဖြစ်စေချင်သည်။
လီရာက ရန်သူအနေနှင့်ဆိုလျှင် ရင်ဆိုင်ဖို့ အခက်ခဲဆုံးသူဖြစ်ပြီး မိတ်ဖက်ဆိုလျှင် အလွန်စိတ်ချယုံကြည်ရသည့်သူဖြစ်သည်။ သူနှင့် လီရာသာ ဂူမန်မန်ပါတနာဖြစ်လာခဲ့လျှင် နဇိုင်းရယ်မျိုးနွယ်စုအတွက် အကောင်းဆုံးအခြေအနေဖြစ်ကြောင်း သိသည်။
ထို့ကြောင့် အဲလ်ဗစ်က သွေးကြောတွေထောင်လာတာကို ချိုးနှိမ်ပြီး ဂူမန်မန်နှင့် လီရာနားက ပန်းရောင်သန်းနေသည့် လေထုအခြေအနေကို လက်သီးဆုပ်ကာ ကြည့်လိုက်သည်။ သို့ပေမဲ့ သူက အားလုံးကိုလျှစ်လျူရှုပြီး ဂူမန်မန်ကို အဝေးသို့ ခေါ်တာမျိုး၊ ပြေးထွက်သွားတာမျိုး၊ ဖျက်စီးပစ်တာမျိုးတို့ မပြုလုပ်ခဲ့ပေ။
ဂူမန်မန်က နတ်ဘုရား၏ သတင်းအမှာပါးသူဖြစ်ကြောင်း သိရှိသွားပါက လီရာနှင့် သူတို့ အတူတူကာကွယ်ပေးမှသာ သူမအနေနှင့် ပိုလုံခြုံမှုရှိလိမ့်မည်။
အဲလ်ဗစ်က ပြေးထွက်ပြီး လီရာကို တိုက်ခိုက်ချင်စိတ်ကို ချိုးနှိမ်ပြီး စိတ်ထဲမှာ သူ့ဘာသာ အကြိမ်ကြိမ် ပြန်ပြောနေမိသည်။
သို့ပေမဲ့ ထိုအခိုက်တန့်က အဆုံးမရှိစွာ ကြာမြင့်နေပြီး အဲလ်ဗစ်အတွက် တစ်မိနစ်လောက် ထပ်တောင့်ခံထားဖို့ရန် ခက်ခဲနေသည်။ အကြောင်းရင်းက ဂူမန်မန်က အချောလေးအပေါ် ကြွေသွားသည့် သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။ ထူးဆန်းပြီး ပရိယာယ်အာရုံခံစားမှုအရဆိုလျှင် အဲလ်ဗစ်၏ မီးတူးပြီး တချို့ မကျက်ဖြစ်နေသည့် ပြည့်စုံစွာ ပေါင်းဖက်ထားသည့် အသားကင်က လီရာ၏ အလှတရားကို အောင်နိုင်သွားခဲ့သည်။
ဂူမန်မန်က သူမဗိုက် မခံမရပ်နိုင်အောင် နာကျင်လာခဲ့သည်။ လီရာ ဘယ်လောက်ပင် အသားကိုသေချာကင်လာပါစေ ..... သူမအနေနှင့် ပါးစပ်တောင် မဖွင့်ဟနိုင်တော့ချေ။
ဂူမန်မန်သည် ဗိုက်ကို ဖိထားပြီး ဘောလုံးသဖွယ် ကွေးပြီးနေလိုက်သည်။ အခြေအနေက အားလုံးကို အလွန်စိုးရိမ်စေသည်.... အထူးသဖြင့် သူမမြည်းစမ်းဖူးသည့် အစားကို ဂူမန်မန်ကို ကျွေးလိုက်သည့် အဲလ်ဗစ်က နောင်တကြီးစွာ ရနေ၏။ သူက သတိလက်လွတ်နေခဲ့မိသည်။
လီရာက နဇိုင်းရယ်မျိုးနွယ်စု၏ နတ်ဆေးဆရာဖြစ်ပြီး မျိုးနွယ်စုရှိ အမျိုးသမီးတွေကို စောင့်ရှောက်ပေးခြင်းက သူ့အတွက် အဓိကအလုပ်ဖြစ်သည်။ ထို့ကြောင့် ဂူမန်မန် နာကျင်လာသည့် လက္ခဏာပြသည်ကို သူပထမဆုံး မြင်တာဖြစ်သည်။
သူ အင်အားများစွာထုတ်လာသည့် အသားကင်ကို ဘေးသို့ ပစ်လွှတ်လိုက်သည်။ လီရာက ရှေ့တိုးလာပြီး ဂူမန်မန်ကို ကလေးကဲ့သို့ သက်တောင့်သက်သာ ဖြစ်ရန် ပွေ့ချီလိုက်သည်။ သူ့၏ သေးသွယ်သောလက်ချောင်းနှင့် ဂူမန်မန် နဖူးထက် အသာပွတ်ပေးပြီး ညင်သာစွာမေးလိုက်သည် "မကြောက်နဲ့...... ဘယ်နေရာ အဆင်မပြေတာလဲဆိုတာ ငါ့ကိုပြောပြ..... ငါကုသပေးမယ်"
ဆိုရလျှင် ဂူမန်မန်အနေနှင့် အနည်းငယ်ရှက်မိလေ၏။
သို့ပေမဲ့ သူမနှလုံးသားမှ ပျော်ရွှင်မှုက ဖော်ပြ၍ မရပေ။ တန်ဖိုးထားခံရသည်ကို မကြိုက်သော မိန်းကလေးရှိပါ့မလား..... ထိုသို့ ခန့်ညားချောမောပြီး လုပ်နိုင်စွမ်းရှိပြီး ရင့်ကျက်သည့် လီရာက သင့်ကို တစ်ကမ္ဘာလုံးမှာ တန်ဖိုးထားအခံရဆုံး ကျောက်မျက်ရတနာလိုမျိုး ညင်သာစွာဖက်ပြီး သင့်အတွက်ဆို ကမ္ဘာကြီးတစ်ခုလုံးပုန်ကန်ရဲသည့်ပုံဖြစ်နေပြီး နူးညံ့မှုအားလုံးက သင့်အတွက်ဖြစ်တည်နေတာမျိုး ထိုသို့သော လူက သင့်ကို စိုက်ကြည့်နေသည့် ကိစ္စကို စိတ်ကူးယှဉ်ကြည့်လိုက်ပါ........သူ့ဂရုစိုက်မှုအနည်းငယ်ဆိုလျှင် သင့်အနေနှင့် နဖူးထက်က နွေးထွေးမှုကို ခံစားမိနေဦးမှာ ဖြစ်သည်။ သူ့လက်ဖျားမှ သင့်နှလုံးသားအထိ လျှပ်စီးဝင်ရောက်လာသလိုမျိုး ဖြစ်သည်။
သို့ပေမဲ့ ဂူမန်မန်က ရှင်းပြဖို့ရန် ပါးစပ်ကို မဖွင့်နိင်ချေ။ ယခု သူမအနေနှင့် အဲလ်ဗစ်၏ မည်းမှောင်နေသည့်အသားကင်က ခံစားနေရသည့် ဝမ်းဗိုက် နာကျင်မှုနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။ နွေးထွေးသည့်စီးဆင်းမှုက သူမကို ထိန်းချူပ်နေသကဲ့သို့ ဖြစ်သည်။
သေပြီ....... ကြီးမြတ်သည့် အန်တီ (ကြီးမြတ်သည့် အန်တီဆိုသည်မှာ အင်တာနက်ပေါ်တွင် အမျိုးသမီး ဓမ္မတာလာခြင်းကို သုံးနှုန်းခြင်း ဖြစ်သည်)..... ရှင်က တကယ်ကို ကျွန်မရဲ့သွေးသားတော်တဲ့ အန်တီပဲ......
VOCÊ ESTÁ LENDO
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...