အခန်း (၁၁)

5.1K 467 1
                                    


အခန်း (၁၁) : မင်း အဝတ်လဲဝတ်လေ ကိုယ်မတားပါဘူး


ဂူမန်မန်က ဒေါသထွက်နေခဲ့သည်။ အစားအစာမှာတောင် သူတို့ရဲ့ ခံစားချက်ရှိပြီး ရှင်သာအလိုရှိရင် စားလို့ရသည်။ ကျွန်မ မတိုက်ခိုက်နိုင်တဲ့အတွက် ရှင်ဖြစ်စေချင်တာ လုပ်ခွင့်ပြုရုံကလွဲပြီး မရှိဘူး။ ဒါပေမဲ့ လူရမ်းကားလုပ်ပြီး ကျွန်မကိုစားရင်တော့ အဲဒါရှင့်အမှားဖြစ်သွားပြီ။ သူမက ဘယ်လိုဖြစ်နေပါစေ အစားခံရမှာ သေချာသလောက်ရှိသည်။

စိတ်ထဲမှာတွေးထားပြီး ဂူမန်မန်က ပိုခက်ထန်လာခဲ့သည်။ သူမက ရုတ်တရက်ဒူးကို ကွေးလိုက်ပြီး အဲလ်ဗစ်ကို အားပြင်းတဲ့ကန်ချက်ပေးဖို့ အဆင့်သင့်ပြင်လိုက်သည်။ အခြေအနေသာ ပြောင်းလဲသွားခဲ့ရင် သူမက နာကျင်မှုသိပ်မခံစားဘဲ သေသွားနိုင်သည်။

ဒါကပမဲ့လည်း သားရဲအထီးတွေကြားမှာ အတော်ဆုံးဖြစ်တဲ့ အဲလ်ဗစ်က အန္တရာယ်ကိုအလိုလိုသိစိတ်နဲ့ တုံ့ပြန်လိုက်သည်။ အဲနောက်မှာ ဂူမန်မန်ရဲ့ ကန်ချက်က အဲလ်ဗစ်အသေးလေးကို ထိဖို့ခြေတစ်လှမ်းအလို အဲလ်ဗစ်က ဘေးတစ်ဖက်သို့ စောင်းပြီး သူမကို လွှတ်ပေးလိုက်သည်။

ဂူမန်မန်ရဲ့ ရုတ်တရက်တိုက်ခိုက်မှုကို ပတ်သတ်၍ အဲလ်ဗစ်က သူမပြောထားခဲ့တဲ့ကိစ္စကိုအပြည့်အဝနားလည်သွားခဲ့သည် : 'တခြားတစ်ယောက်ရဲ့ ခွင့်ပြုချက်မရှိဘဲ ထိကိုင်တာက လူရမ်းကားပဲ....'

သူက တိတ်ဆိတ်စွာငြိမ်နေလိုက်ပြီးနောက် လူရမ်းကားဆိုတဲ့အသုံးနှုန်းအပေါ်စွဲနေတဲ့ ဂူမန်မန်ကို သူကောင်းကောင်းနားလည်ပေမဲ့ တစ်ယောက်ယောက်ကသာ သူမကို အဲလိုပြုလုပ်မယ်ဆိုရင်တော့ သည်းခံနိုင်စွမ်းရှိမှာ မဟုတ်ပေ။ သူမရဲ့တိုက်ခိုက်မှုကို နားလည်ဖို့ရာ မခက်ခဲလှပေဘူး ဖြစ်သည်။

အဲလ်ဗစ်က သူမကိုရုတ်တရက်ကြီးလွှတ်ပေးလိုက်ပြီး သူ့ကိုအဝတ်ပြန်ပေးဖို့ကိစ္စကို ထပ်မပြောတော့ဘဲ သူမကို တစ်ယောက်တည်းထားခဲ့ပြီး ဂူထဲကို လျှောက်လှမ်းသွားသည်။ ဂူမန်မန်အနေနဲ့ ဘာလုပ်ရမလဲဆိုတာ ပျောက်ဆုံးနေလေပြီ။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now