chapter 85 (Z)

2.1K 156 6
                                    


အခန်း (၈၅) : ငါ့ကို ယုံပါ.... တကယ်အတည်ပါ...

"ဒီနေ့ကစပြီး မင်းက ငါက မင်းအပိုင်မဟုတ်ဘူးလို့ ပြောခွင့်မပြောဘူး......ဟုတ်ပြီလား...." လီရာသည် လက်တစ်ဖက်ဖြင့် ဂူမန်မန်၏ ကားမှန်သုတ်သည့်အရာကဲ့သို့ ရွေ့လျားနေသော လက်ကို ဆွဲယူလိုက်ပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ဂူမန်မန်သည် လီရာ၏ အမွှေးဖွာဖွာအမြီးထဲတွင် နှစ်မြှပ်သွားပြီးနောက် သူသည် သူမခေါင်းကို ပုတ်ကာ အနည်းငယ်သုန်မှုန်နေသည့် အသံဖြင့် ပြောလိုက်သည် "ငါ စွန့်ပစ်တာ မခံချင်ဘူး....."

ဂူမန်မန်သည် လီရာ၏ အမြီးကို ဖက်တွယ်ကာ ဝမ်းနည်းကြေကွဲစွာ ပြောလိုက်သည် "ဒယ်ဒီလီရာ.... ကျွန်မ ရှင့်ကို မစွန့်ပစ်ပါဘူး.... ဒါပေမဲ့ ကျွန်မတကယ် ရှင်နဲ့ မိတ်မလိုက်နိုင်ဘူး...."

"မင်းက ငါ့ကို မစွန့်ပစ်ပေမဲ့ ငါနဲ့မိတ်မလိုက်နိုင်ဘူးလား..... ငါနဲ့အဲလ်ဗစ်ကို အောင်သွယ်ပေးဖို့ စီစဉ်ပေးနေတုန်းလား......" လီရာသည် နတ်ဆိုးဆန်ဆန် ရယ်မောလိုက်ပြီး သူ့လက်ကို ကြမ်းပေါ်ထား၍ မေးထောက်ထားလိုက်သည်။ သူသည် ဂူမန်မန်အား မြူစွယ်သည့်ပုံစံဖြင့် ကြည့်လိုက်လေ၏ "အကယ်၍ မန်မန်သာ သဘောကျမယ်ဆိုရင်.... ပူးပေါင်းပါဝင်ပေးနိုင်တယ်.... ဒါပေမဲ့ ငါသဘောတူရင်တောင် အဲလ်ဗစ်က သဘောတူမယ်မထင်ဘူး....."

ဖူး......

ဂူမန်မန်သည် သူမနှာခေါင်းမှ သွေးများ ဆူပွက်လာသည်ဟု ခံစားလိုက်ရသည်။ သွေးဆုံးရှုံးမှု များနေ၍ သွေးလိုအပ်နေလေပြီ.....

လီရာ ရှင့်အမေက ရှင့်စိတ်စွန်းထင်းနေတာ သိရဲ့လား..... သူတို့ပထမတွေ့ဆုံခဲ့စဉ်က သူမသည် လီရာအား မြင့်မြတ်ပြီး မထိတွေ့နိုင်သည့် ပန်းလေးတစ်ပွင့်အလား ခံစားခဲ့ရသည်။ သို့သော် တစ်ညတာတည်းဖြင့် လီရာ၏ ပုံရိပ်သည် ပြိုလဲသွားချေပြီ။ သူသည် ပြန်လှည့်၍ မရနိုင်တော့သည့်အထိ လမ်းဆုံးရောက်နေခဲ့ပြီ ဖြစ်၏။

လီရာသည် ဂူမန်မန်လက်ကို ညင်သာစွာ ကိုင်လိုက်ပြီး သူ့အကြည့်သည် မျက်ရည်များထွက်မလာခင်အထိ အလွန်အမင်း နူးညံ့နေခဲ့လေ၏။ ဂူမန်မန်ကို ချစ်မြတ်နိုးစွာ ကြည့်လိုက်ပြီး ပြောလိုက်သည် "ဂူမန်မန်..... ငါ့ကို ကတိပေးပါ.... ဘယ်လိုဖြစ်ဖြစ် ငါ့ကို မစွန့်ပစ်သွားပါဘူးလို့ ကတိပေးပါ.... ဟုတ်ပြီလား...."

အလှလေးရှောင်မန် (Beauty and the Beast) Book 1Onde histórias criam vida. Descubra agora