အခန်း (၅၃)

2.9K 317 4
                                    


အခန်း (၅၃) : အဲလ်ဗစ်နေရာဆီ ပြန်သွားချင်လား ဒါမှမဟုတ် ငါ့နေရာလား

အာဝူး..........

ဂူမန်မန်သည် စိတ်ထဲတွင် ဝံပုလွေအူသံကဲ့သို့ ကြားယောင်နေသည်။

တောင့်ခံရမည်..... သူမ သေချာပေါက် တောင့်ခံထားရမည်......

ဂူမန်မန်သည် စနောက်ခြင်းကြောင့် နှလုံးပြင်းထန်စွာခုန်ပေါက်နေခြင်းကို ထိန်းချုပ်ထားလိုက်ရင်း နှုတ်ခမ်းကိုဖွင့်ဟ၍ ခွန်းတုံ့ပြန်လိုက်သည်... "ကျွန်မ အဆင်ပြေပါတယ်... ရှင် ကျွန်မကို လွှတ်ပေးလို့ရပြီ"

လီရာ၏ လက်ချောင်းသွယ်သွယ်က သူမ မေးဖျားကို အသာအယာကိုင်ထားရင်း သူက အတွေးနက်ထဲကျရောက်နေသော်လည်း တိတ်ဆိတ်စွာ နေလေ၏။ သူက သူမ၏ခေါင်းကို ပြစ်ဒဏ်စင်မြှင့်အောက်ရှိ အစိမ်းရောင်မျက်လုံးများနှင့် အမျိုးသားများဆီ တိမ်းစောင်းပြလိုက်ပြီး သူ့ဘက်ပြန်ဆွဲမလှည့်ခင် မပွင့်တပွင့်အပြုံးဖြင့် ပြောလိုက်သည် "စန္ဒီက မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

ဘာကြီးလဲ!!

သူမစိတ်ထဲ မြင်းကောင်ရေတစ်သောင်းလောက်ဖြတ်ပြေးသွားလေ၏။

ဘာတွေဖြစ်နေတာလဲ......ဝံပုလွေလူသားတွေက လပြည့်ညမှသာ အသွင်ပြောင်းကြတာ မဟုတ်ဘူးလား..... ရိုးသားလှသည့် အမျိုးသားအားလုံးက သားရဲအသွင်ပြောင်းသွားပြီး တိရစ္ဆာန်ရုံထဲက သူတို့အစာနှင့် ရုံစောင့်ကဲ့သို့ ဘာကြောင့် ကြည့်နေကြတာလဲ.... ကံဆိုးစွာပင် ဂူမန်မန် သူမကိုယ်တိုင်သည် အစားနှင့် ညီမျှနေလေ၏။

ဂူမန်မန်သည် နောက်ပြန်ဆုတ်လိုက်သည်။ သူမက ချက်ချင်း သူမလက်တွေကို လီရာ၏လည်ပင်းတစ်ဝှက် သိုင်းဖက်ထားလိုက်ပြီး သူ့လက်မောင်းထဲ ပိုတိုးဝင်လိုက်သည်။ သူမအနေဖြင့် အန်တီကိုလည်း ဂရုမစိုက်နိုင်တော့ချေ...... သူမအသက်က ပိုအရေးကြီးလေ၏။

ဂူမန်မန်၏ လှုပ်ရှားမှုကြောင့် သူမအနံ့က ပိုပြင်းလာခဲ့သည်။ ဂူမန်မန် တင်းကျပ်စွာဖက်ထားသည့် လီရာလည်း သက်ရောက်မှု ခံရသည်မှာ ထင်ရှားလှသည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Wo Geschichten leben. Entdecke jetzt