အခန်း (၉)

5.4K 530 2
                                    


အခန်း (၉) : တမူထူးတဲ့ လူရမ်းကား


ဟုတ်တယ်.... ရေကန်နားမှာ အဲလ်ဗစ်ကို အရင်ထိပီး နမ်းခဲ့တာက သူမဖြစ်တယ် ဒါပေမဲ့ အဲကိစ္စက သူမက အိမ်မက်မက်နေတယ်ထင်လို့ ဖြစ်တယ်။ ဂူမန်မန်ရဲ့ မျက်နှာက နီရဲလာပြီး အော်ပီးပြောလိုက်တယ် " ကျွန်မ အရင်လက်ဦးမှုက အချစ်လို့ခေါ်ပြီး ရှင်လက်ဦးမှုယူတာက လူရမ်းကားလို့ခေါ်တယ်"

"ဘာလို့လဲ" အဲလ်ဗစ်က ဂူမန်မန်ပြန်ဖြေစရာမကျန်တော့အထိ မေးဖို့ရည်ရွယ်ထားသလိုမျိုး အရှက်မဲ့စွာ ထပ်မေးမြန်းလိုက်တယ်။ ဒါပေမဲ့ သူ့သဘောထားက အရမ်းလေးလေးနက်နက် ရှိဟန်ဖြစ်တဲ့အတွက် ဂူမန်မန်အနေနဲ့ သူ့ဆီအမှားရှာမရလေဘူး။

ဟုတ်ပြီလေ...... သူကချောမောလွန်းတာကိုး.... သူလုပ်သမျှအရာအားလုံး ဂူမန်မန်မျက်လုံးထဲ အမှန်လို့မြင်နေတာ ဖြစ်တယ်။

ဒါပေမဲ့........

ကိုလူချောတိုင်း အဝတ်မပါဘဲမနေကြပါဘူး!!

ဂူမန်မန်က အဲလ်ဗစ်ရဲ့လက်ကနေ ရုန်းမထွက်နိုင်ဘူး သူမအင်အားက သူ့ကိုကလိထိုးနေရုံ ခံစားရတာအပြင် မပိုလေဘူး။ အဲကြောင့် ဂူမန်မန်က ဘေးပတ်လှည့်ပြီး မရှင်းမလင်းအသံနဲ့ တိုးတိုးလေးပြောလိုက်တယ် " ဘာလို့ဆို ရှင်က ဘာမှမဝတ်ထားတာကိုး!!"

အဲလ်ဗစ်က သူမရှောင်ဖယ်နေတာကို လျစ်လျူရှုရင်း သူမနားတိုးကပ်သွားခဲ့ပြီး မပြုံးခင်အထိ ခဏတာမှင်သက်သွားခဲ့တယ်။ သူရဲ့ နွေးထွေးစိုစွတ်တဲ့ဝင်လေထွက်လေက ဂူမန်မန်ရဲ့ နားရွက်ဖျားကို ရိုက်ခတ်သွားခဲ့ပြီး ရှတတစွဲမက်ဖွယ်အသံနဲ့ မေးလိုက်တယ် " တကယ်လို့ ငါကအဝတ်အစားဝတ်ပီး အရင်လက်ဦးမှုယူခဲ့ရင်ရော..... အချစ်လို့သတ်မှတ်မှာလား"

"အမ်..... အမ်......" အဲလ်ဗစ်ရဲ့ ရုတ်တရက် ဒွိဟဖြစ်စရာလှုပ်ရှားမှုကြောင့် ဂူမန်မန်ရဲ့နှလုံးသားက တလှပ်လှပ်ခုန်နေခဲ့တယ်။ သူမက မိန်းမပျက်နဲ့တူတယ်ဆိုပေမဲ့ ဘယ်လောက်တောင်သတ္တိမရှိလဲဆိုတာ ဘုရားသခင်သာ သိလိမ့်မယ်။ ဒီနေ့ သူမ အဲလ်ဗစ်ကို လုပ်ခဲ့တဲ့အပြုအမူတွေက သူမနေထိုင်ခဲ့တဲ့နှစ်အတွင်းမှာ လက်ရဲဇက်ရဲအရှိဆုံး အပြုအမူဖြစ်တယ်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Dove le storie prendono vita. Scoprilo ora