အခန်း (၇၆)

2.6K 266 0
                                    


အခန်း (၇၆) : ဂူမန်မန်သည် မျိုးနွယ်စုတွင် ပထမတန်းစား အလှလေးဖြစ်လာခြင်း


ထိုအဓိပ္ပါယ်မဲ့လှသည့် သွေးထွက်သံယိုမှု ဖြစ်စဉ်က တစ်ညတာ ကြာရှည်ခဲ့လေသည်။ မိုးကုတ်စက်ဝိုင်းဆီမှ နေမင်းထွက်ပေါ်လာသည့်အခါ ဂူမန်မန်မျက်နှာပေါ် နေရောင်ကျရောက်လာပြီးနောက် မျှော်စင်အောက်မှ အမျိူးသားထု၏ ကျယ်လောင်စွာ အားပေးကြွေးကြော်မှုက ထွက်ပေါ်လာ၏။

ဂူမန်မန်သည် ဘေးပတ်လည်လျှောက်ကြည့်လိုက်ပြီးနောက် သူမကို တစ်လျှောက်လုံးပွေ့ထားခဲ့သည့် အဲလ်ဗစ်ကို ကြည့်လိုက်သည်။ သူမမျက်လုံးများသည် နောက်ဆုံးကန့်သတ်ချက်ရောက်နေသကဲ့သို့ ထုံထိုင်းထိုင်း ဗလာနတ္ထိဖြစ်နေလေ၏။

ဟုတ်သည်..... ထိုညတွင် အဲလ်ဗစ်သည် လက်တစ်ချောင်းမျှ မြှောက်ရန်မလိုအပ်ခဲ့ချေ။ မျိုးနွယ်စုရှိ လူလွတ်အမျိုးသားများ အားလုံးကို လီရာတစ်ဉီးတည်း အနိုင်တိုက်ခဲ့လေသည်။

"အခု ပြီးဆုံးသွားပြီ...." အဲလ်ဗစ်သည် ဂူမန်မန်နောက်ကျောကို ညင်သာစွာပုတ်ကာ မနက်ခင်းနေရောင်ကို နှုတ်ဆက်သကဲ့သို့ သူမဂျိုင်းမှ မြှောက်ထားလိုက်၏။

မျှော်စင်အောက်ရှိ အမျိူးသားများသည် ပို၍ စိတ်လှုပ်ရှားလာကြပြီး သူတို့၏ ကြွေးကြော်သံသည် ကောင်းကင်တခွင် ပြန့်နှံ့သွားလေ၏။

ဂူမန်မန်သည် အရွယ်ရောက်ပွဲအခမ်းအနား၏ အဓိပ္ပါယ်ကို နားမလည်သေးချေ။ သို့သော် သူမ၏ နတ်မင်းများကို ကျေးဇူးတင်လိုက်၏။ နောက်ဆုံးတော့ ပြီးဆုံးသွားလေပြီ။

အဲလ်ဗစ်သည် ဂူမန်မန်ကို ပွေ့ချီထားရင်း မျှော်စင်မှ ခုန်ဆင်းလိုက်လေသည်။ ဒဏ်ရာရနေသည့် အမျိုးသားများကြားတွင် ရပ်နေပြီး သူသည် နှစ်ထပ်စာမြင့်သည့် မျှော်စင်ကို ညွှန်ပြကာ ပြောလိုက်သည် "ကြည့်..... ဒါက မင်းရဲ့ မီးပုံပွဲပဲ....."

ဂူမန်မန်သည် အဲလ်ဗစ်ညွှန်ပြရာ နေရာသို့ ကြည့်လိုက်သည်။ သစ်သားမျှော်စင်သည် အနီရောင်ဖုံးလွှမ်းနေပြီး သစ်သားသည်လည်း သွေးဖြင့် ပေကျံနေလေသည်။ နေရောင်နှင့်ဆန့်ကျင်လျှက် သူတို့ရှေ့တွင် ရှိနေသော ထိုအရာက တည်ငြိမ်စွာတောက်လောင်နေသည့် မီးတောက်နှင့်တူလှ၏။ သူတို့ဆီ ပေါ့ပေါ့ပါးပါးလျှောက်လှမ်းလာသည့် လီရာ၏ အနီရောင်ဝတ်စုံက လေထဲတွင် တလွင့်လွင့် ဖြစ်နေပြီး သက်ဝင်ပန်းချီကားကို အသက်သွင်းပေးသကဲ့သို့ ဖြစ်နေလေ၏။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Donde viven las historias. Descúbrelo ahora