အခန်း (၇၉)

2.6K 276 3
                                    


အခန်း (၇၉) : ကျွန်မမှာ အပြုအမူကောင်း မရှိဘူး


"ဂရုစိုက်တာ၊ ပွေ့ဖက်တာ..... နမ်းတာ...."

လီရာသည် ဂူမန်မန်မျက်နှာကို လက်ချောင်းဖြင့် ကြင်နာစွာပွတ်သပ်လိုက်သည့်အခါ သွေးနံ့က ဂူမန်မန်ကို ဝန်းရံသွားလေ၏။ သူမမေးဖျားကို လက်မနှင့် လက်ညိုးသုံးကာ ဖိညှစ်လိုက်သည်။ ထိုစကားသုံးလုံးကို ထပ်ခါထပ်ခါရေရွတ်ရင်း သူ့အပြုံးတွင်အလွန်လေးနက်သော အဓိပ္ပါယ်များပါနေ၍ ဂူမန်မန်တစ်ကိုယ်လုံးကို ကြက်သီးထလာစေသည်။

"ဒယ်....ဒယ်ဒီလီ....လီရာ... ကျွန်မရှင်းပြတာ နားထောင်ပါဦး....." ဂူမန်မန်ဒူးသည် ပျော့ခွေလာပြီး အကြောက်တရားကြောင့် မြေပြင်ပေါ် ဒူးထောက်မတတ်ဖြစ်သွားခဲ့သည်။

တစ်ညတာလုံး သူမသည် လီရာ၏ နတ်ဆိုးသွင်ပြင်ကို မြင်တွေ့ခဲ့ရသည်။ လီရာသည် တစ်မျိုးနွယ်စုတည်းဖြစ်သည့် အမျိုးသားများကို ညှာတာမှုကင်းမဲ့စွာ နှစ်ထပ်စာမြင့်သည့် မျှော်စင်မှ ပစ်လွတ်ခဲ့သည်။

ဂူမန်မန်သည် မင်းသားလေးကို အချိန်ကြာမြင့်စွာ ပိုးပန်းနေရာမှ မင်းသားလေးကို ပထမဆုံးအနမ်းပေးမည့်အချိန်တွင် သူမလှည့်ကြည့်လိုက်သည့်အခါ နောက်တွင် မိဘတွေရှိနေသည့် အခြေအနေထဲ ကျရောက်နေသော ခံစားချက်မျိုးဖြစ်၏။

ကြောက်လန့်စရာအကောင်းဆုံး ရုပ်ရှင်တွေတောင် ထိုသို့ လှုံ့ဆော်မပေးနိုင်ပေ။

သေစမ်း..... ဘာလုပ်သင့်လဲ.....

"အင်း... ငါနားထောင်နေတယ်...." လီရာသည် အပြုံးကို ဆက်လက်၍ ချိတ်ဆွဲထားဆဲဖြစ်ပြီး ဂူမန်မန်အား သူမအကြောင်းကို မည်သို့ဆက်လက်၍ လုပ်ကြံပြောဆိုမည်ကို စောင့်ကြည့်နေလေသည်။

ဂူမန်မန်သည် သူမဦးနှောက်ကို အလုပ်ပေးလိုက်ပြီး ကြာရှည်စွာ ချင့်ချိန်စဉ်းစားလိုက်ပေမဲ့ 'လူမှုရေး' နှင့် 'ရင်းနှီးမှု' အဓိပွါယ်ကို တစ်ချိန်တည်း စဉ်းစားမိစဉ်တွင် လီရာ လက်ခံနိုင်လောက်မည့် ရှင်းလင်းချက်မျိုး ထွက်မလာပေ။ သေပြီ..... သားရဲလောကမှာ အမျိုးသမီးကြား ဖြူစင်သည့် ဆက်ဆံရေးမျိုး ရှိရဲ့လား..... အမျိုးသားများသည် 'တောင်ကို ဖြိုခွင်းခြင်း'ဇာတ်လမ်းလိုမျိုးဖြစ်နေချိန်တွင် သူမအနေနှင့် ဖြူစင်သော ရင်းနှီးမှု ဆက်ဆံရေးအကြောင်းကို လီရာကို မည်သို့ ရှင်းပြနိုင်မည်နည်း....

အလှလေးရှောင်မန် (Beauty and the Beast) Book 1Donde viven las historias. Descúbrelo ahora