အပိုင်း ၇

5.9K 556 0
                                    


အခန်း (၇) : မင်းကို မင်းဘာမှတ်နေတာလဲ


"အဲလ်ဗစ်က အမျိုးသမီးနဲ့ ဘယ်တော့မှ မိတ်လိုက်မှာ မဟုတ်ဘူး သူက လီရာကိုပဲ စိတ်ထဲရှိတာ.....အစ်!! ဘာကြောင့် ငါ့ကိုလာရိုက်တာလဲ" တစ်ယောက်ကပြောနေတာက တားဆီးခံလိုက်ရတယ်။ သူ့သူငယ်ချင်းသတိမပေးမချင်း သူ့စိတ်ထဲကအကြောင်းကို အပြင်မှာ ထုတ်ပြောမိနေတယ်ဆိုတာ သတိမထားလေဘူး။

အဲလ်ဗစ်ရဲ့ စိတ်ဝင်စားမှုက လျို့ဝှက်ချက်မဟုတ်ပေမဲ့ အကုန်သိတာက တစ်ခုဖြစ်ပြီး အပြင်မှာထုတ်ပြောတာနဲ့ ခြားနားလေတယ်

အဲလူက အနေခက်စွာချောင်းဟန့်လိုက်ရင်း ပြောထားတဲ့အရာကို ထပ်ကာဖို့ ကြိုးစားလိုက်တယ်။ "ငါဆိုလိုချင်တာက မိန်းမငယ်လေးက အခုထိအသက်မပြည့်သေးဘူးလေ.... အဲလ်ဗစ်က သူမကို အခုမိတ်လိုက်မှာ မဟုတ်ပါဘူး.......မိတ်ဖက်မဟုတ်ဘဲနဲ့ ကျော်ပေါ်တင်သွားမှာ မဟုတ်ပါဘူး အဲလိုမှမဟုတ်ရင် မိန်းမငယ်လေးအရွယ်ရောက်တဲ့အခါ သူ့ကို ပါတနာအဖြစ်မရွေးချယ်ခဲ့ရင် အဲလ်ဗစ်က သူ့အနာဂတ်ပါတနာအပေါ် သစ္စာမရှိဘူး ဖြစ်သွားလိမ့်မယ်....... အဲလ်ဗစ်လို သန်မာတဲ့သားရဲဖြစ်နေပါစေ အမျိုးသမီးတွေက သူ့ကိုရွေးချယ်မှာ မဟုတ်တော့ဘူး အဲကြောင့် အဲလ်ဗစ်က မိန်းမငယ်လေးကို သူ့သေချာပေါက် ကျောပေါ်စီးခွင့်ပြုမှာ မဟုတ်ဘူး .... ဟုတ်တယ် ငါပြောချင်တာ အဲလို......."

တစ်ယောက်သောသူက ဒီဆွေးနွေးမှုတစ်လျှောက်လုံးမှာ တိတ်ဆိတ်နေခဲ့တယ်။ သူက အဲလ်ဗစ်ဆီက ပခုံးရိုး အချိုးခံထားရတဲ့ ဘာရီတီဖြစ်တယ်။

အခု အဲလ်ဗစ်က မိန်းမငယ်လေးကို တွေဝေခြင်းမရှိ ကျောပေါ်ခေါ်ဆောင်သွားတာကို သူကရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။

အဲဆို သူ့အချစ်ပြိုင်ဖက်က အဲလ်ဗစ်လား...သူ ဒီလောက်ဒေါသထွက်နေတာ အံ့သြစရာမရှိတော့ပါဘူး

ဘာလုပ်သင့်လဲ... ဘာရီတီက သူရဲ့ယှဉ်ပြိုင်လိုစိတ်ကို မီးမွှေးပေးလိုက်သလိုဖြစ်ပြီး အရမ်းကို စိတ်ဓာတ်တက်ကြွလာတယ်။ သူနှစ်သက်တဲ့ မိန်းမငယ်လေးက တကယ်ကိုကွဲပြားတယ်။ အဲလ်ဗစ်လိုလူကိုတောင် ပွင့်ထွက်လာအောင် ပြုလုပ်နိုင်တယ်။ သူ့အမြင်တကယ်ကောင်းတယ်။

အာ.... အရမ်းကိုဂုဏ်ယူစရာကောင်းနေပြီ

"အဲလ်....ဗစ်....!!" ဆံပင်ရှုပ်ရှုပ်က ဂူမန်မန်ရဲ့ "ငါ့အနားမလာနဲ့" ဆိုတဲ့စကားကို တုံ့ပြန်တုန်းရှိသေးတယ် အဲလ်ဗစ်က ရုတ်တရက်ကြီး ပျောက်သွားခဲ့တယ်။ သူမမျက်နှာက ဒေါသနဲ့နီရဲနေပြီး အဲလ်ဗစ်နာမည်ကို အဆုတ်ထဲအသံနဲ့ အော်ဟစ်ပြီးနောက် သူတို့နောက်ကို လိုက်သွားခဲ့တယ်။

သူမအမြန်နှုန်းက အဲလ်ဗစ်ကို မယှဉ်နိုင်ပေမဲ့ သူဦးတည်သွားတဲ့နေရာကိုတော့ သိတယ်။

မျိုးနွယ်စုထဲ အလှဆုံးဖြစ်တဲ့သူမက အဲလ်ဗစ်လို သန်မာတဲ့ယောကျာ်းမျိုးနဲ့သာ လိုက်ဖက်ပေတယ်။ အဲဒီခွေးမ!!! အဲလ်ဗစ်ကို သူမလို အလှလေးကို ဘေးမှာထားရစ်ခဲ့ပြီး သူ့ကျောပေါ်ရောက်သွားအောင် ဘယ်လိုလှည့်ဖျားလိုက်တာလဲ

မျက်နှာတောင်မပြရဲတဲ့ အဲဒီခွေးမကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး.... ဘယ်တော့မှ....

ဆံရှုပ်က အဲလ်ဗစ်ရဲ့ ဂူကို ကျုးကျော်ဖို့ရာ အပြေးအလွှားသွားခဲ့တယ်။ သူမရဲ့ပါတနာတွေနဲ့ စိတ်ဝင်စားသူတွေက သူမနောက်မလိုက်ခင် အချင်းချင်း အကြည့်ချင်း ဖလှယ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ပုံရိပ်တစ်ခုကနေ ရပ်တန့်တာ ခံလိုက်ရတယ်။

"ဘာရီတီ ငါ့လမ်းကဖယ်နေ!!" သူမက ခြေကားပြီး လက်ကခါးမှာထောက်ထားတဲ့အနေအထားနဲ့ မတ်တပ်ရပ်နေတယ်။ သူမက သူမလည်ပင်းကို ဆန့်ထုတ်ပြီး ဘာရီတီကို သူမရဲ့ ပဲတီလေးလိုမျက်လုံးပေါက်ကျဉ်းကျဉ်းနဲ့ စိုက်ကြည့်နေတယ်။

"နီနာ ဘာတွေအလျှင်လိုနေတာလဲ" ဘာရီတီရဲ့ ပခုံးတစ်ဖက်က အဲလ်ဗစ်ရဲ့ခြေမွခြင်းခံထားရပြီး သူ့ညာဖက်လက်က အားနည်းစွာဘေးမှာတွဲလောင်းချထားရတယ်။ နာကျင်မှုခံစားနေရပေမဲ့လည်း သူက ထောင်ချီတဲ့လူတွေကို တစ်ယောက်တည်းချေမှုန်းနိုင်တယ်ဆိုတဲ့အငွေ့အသက်ကိုထုတ်လွှင့်နေတယ်။ သူရပ်နေရုံနဲ့ နီနာနဲ့သူမအပေါင်းအပါတွေကို အဲလ်ဗစ်နောက်လိုက်ဖို့ သတ္တိပျောက်သွားစေတယ်။

"အဲလ်ဗစ်ရဲ့ ဂုဏ်သတင်းကယ်တင်ဖို့ ငါ အဲခွေးမကို သတ်ပစ်မှာ" ဆံရှုပ်.......အို..သူမနာမည်က နီနာဖြစ်ပြီး အဲလ်ဗစ်က သူမအပိုင်ဖြစ်ကြောင်း လူသိရှင်ကြားကြေညာနေသလို ပြောဆိုနေတယ်။

ဘာရီတီက နီနာကို ကြည့်ပြီးထေ့ငေါ့လှောင်ပြောင်ပြောလိုက်တယ် " အဲလ်ဗစ်ရဲ့ ဂုဏ်သတင်းကို မင်းက ဘာလို့ ကယ်တင်ရမှာလဲ.....မင်းကိုမင်း ဘာမှတ်နေလဲ....."

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now