အခန်း (၄၁) : အမျိုးသမီးဖြစ်သည့် စန္ဒီ
စန္ဒီက ဂူမန်မန်၏ တောက်ပတဲ့အပြုံးမှာ အနည်းငယ်ဒယီးဒယိုင်ဖြစ်သွားခဲ့သည်။ သူမက ဂူမန်မန်ကိုမော့ကြည့်လိုက်တဲ့အခါ စကားမဆိုနိုင်လောက်အောင်ထိ စိတ်လှုပ်ရှားလာခဲ့သည်။
သူမက အရမ်းကိုလှပပြီး လှပမှုက စန္ဒီဘယ်လိုပြောပြရမှန်းမသိအောင်အထိဖြစ်နေပြီး သူမအဘိဓာန်မှာ ဂူမန်မန်နှင့်သင့်တော်သည့်စကားလုံးရှာမတွေ့ချေ။ ထို့အပြင် ဒီလိုလှပသည့်အမျိုးသမီးက သားရဲတစ်ဝက်ဖြစ်သည့် သူမကို နှိမ်ချမကြည့်ခဲ့ဘဲ သူမက ....လက်ပါကမ်းပေးခဲ့သည်။
စန္ဒီက သူမကလက်ကိုဆန့်ထုတ်လိုက်ပေမဲ့ ဂူမန်မန် လက်ဖျားထိပ်နား မရောက်ခင် ရပ်တန့်သွားခဲ့သည်။
သူမလိုမျိုး သားရဲတစ်ဝက်လူသားက ဒီလိုလှပသည့် အမျိုးသမီးကို ထိတွေ့လို့ရပါ့မလား.......
သို့ပေမဲ့လည်း ဂူမန်မန်က စန္ဒီကို ကိုယ့်ဘာသာ မချင့်ရဲမှုအတွက် အချိန်မပေးခဲ့ပေ။ သူမက လက်ကိုဆန့်ပြီး စန္ဒီရဲ့ လက်ဖောင်းဖောင်းလေးကို အမိအရ ဆုပ်ကိုင်ထားလိုက်သည်။
မှန်သည်။ ထိတွေ့ရတာ တကယ်ကိုခံစားလို့ကောင်းသည်။
"ကျွန်မ ယုန်ကင်ထားတယ် အတူတူစားရအောင်...." ဂူမန်မန်က စန္ဒီဆာလောင်နေရက်နှင့် ရှက်နေတာမြင်ပြီး ပိုပြီးရင်းနှီးစွာနေဖို့ကြိုးစားလိုက်သည်။ သူမက ဂူမန်မန်ငယ်စဉ်ဘဝက အိမ်နီးနားချင်းကလေးမလေးနှင့် တူလှသည်။
စန္ဒီက မူလအသားကင် အနံ့ကြောင့် ရောက်လာခဲ့ပေမဲ့ အခုချိန်မှာ သူမကို ဂူမန်မန်က ဆွဲခေါ်နေလေသည်။ သူမကိုယ့်ကို ထပ်ချုပ်ထိန်းမထားနိုင်တော့ချေ။ သို့ပေမဲ့ သူမနောက်က အမျိုးသားတွေကိုကြည့်ပြီး စန္ဒီမျက်နှာက ရှက်သွေးသမ်းလာခဲ့ပြီး နူးညံ့စွာပြောလိုက်သည် "နည်းနည်း စားကြည့်မယ်"
ဂူမန်မန်က နှမြောတွန့်တိုတတ်သည့်သူ မဟုတ်ပေ။ သူမက စန္ဒီကို သူမပခုံးဖြင့် အသာတိုးလိုက်ပြီး စန္ဒီလက်မောင်းကို ကိုင်ရင်း မျက်လုံးတစ်ဖက်မှိတ် အချက်ပြ ပြောလိုက်သည် "ဘာမှစိတ်မပူနဲ့ စား..... အများကြီးကျန်သေးတယ်"
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...