အခန်း (၅၀)

3.2K 343 7
                                    


အခန်း (၅၀) : အချောလေး လီရာ


အသားကင်အတုံးလို့ ဆိုရမည့် အရာကို မြင်သည့်အခါ တချို့နေရာက တူးနေပြီး တချို့နေရာက သွေးတွေရှိနေလေသည်။ စောစောလေးက အဲလ်ဗစ်ကို ပြောထားသည့် သူမချီးကျူးထားမှုက အရမ်းအပိုတွေဖြစ်နေကြောင်း ဂူမန်မန်သိရှိလိုက်သည်။

သူမက ရုပ်ရည်က အားလုံးကို ကိုယ်စားမပြုနိုင်ကြောင်း၊ အနည်းဆုံး ချက်ပြုတ်ရေးနှင့် မဆိုင်ကြောင်းတို့ကို နက်နက်ရှိုင်းရှိုင်း စဉ်းစားခန်းဖွင့်နေသည်။

အသားပိုင်းကို ဇီဝဓာတု လက်နက်အဖြစ် ပြောင်းလဲနိုင်ခြင်းကလည်း အရည်ချင်းတစ်ခုဖြစ်သည်။

စားရမှာလား.... ဂူမန်မန် သေချာပေါက် မစားနိုင်ပေ။

သို့ပေမဲ့ သူမ မစားသည့်အကြောင်း တိုက်ရိုက်သွားပြောလျှင် အဲလ်ဗစ်ရဲ့ မျှော်လင့်ချက်ပြည့်နေသည့် မျက်လုံးကို မတွန်းလှန်နိုင်ပေ။

ဂူမန်မန်က ခဏတာစဉ်းစားတွေးတောပြီးနောက် အဲလ်ဗစ်ကျေနပ်စေရန် သူမအစာအိမ်ကို စတေးဖို့ ဆုံးဖြတ်လိုက်သည်။

နောက်ဆုံးတော့ ရုပ်ရည်က အရေးကြီးဆုံးဖြစ်နေချိန်မှာ ခေါင်းဆောင်ကသာ အမှန်တရားဖြစ်သည်။

သူမ ထိုအတွက် သေဖို့ရန် ဆုံးဖြတ်ချက်ဖြင့် ဂူမန်မန်က အဲလ်ဗစ်၏ အပြောင်မြောက်ဆုံးလက်ရာကို မြည်းစမ်းကြည့်လိုက်သည်။ သူမပါးစပါထဲ တူးသည့်အရသာဖြင့်ပြည့်သွားပြီး သူမဝါးလိုက်တိုင်းမှာ တဂျွတ်ဂျွတ်အသံထွက်ပေါ်နေသည်။ ဂူမန်မန်၏ လျှာရှိ အရသာခံအဖုလေးတွေက ကာကွယ်ရေးစနစ်ပွင့်ကာ သူမအနေဖြင့် ဘာမှ အရသာမခံမိတော့ချေ...... ဟုတ်တယ် သူမလျှာက ထုံထိုင်းနေလေပြီ.....

သူမ စိုးရိမ်သည့် တစ်ခုတည်းသောအရာက ကျောက်တုံးလိုမာကျောနေသည့် အသားကို ဝါးဖို့ရန် ခံနိုင်စွမ်းရှိလား မရှိလား မသိသည့် သူမ သွားတွေ ဖြစ်သည်။

သူမဝမ်းဗိုက်က စတင်ပြီး နာကျင်လာခဲ့သည်။

ဂူမန်မန်ခေါင်းမှ ချွေးတွေထွက်လာပြီး သူမ၏ အပြုံးက အလွန်ကြေကွဲဖွယ်ကောင်းနေသည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now