အခန်း (၂၄)

3.6K 398 0
                                    


အခန်း (၂၄) : အငြိုးထားသော ရည်ရွယ်ချက် (၂)


လှဲပြီး သေချင်ယောင်ဆောင်လျှင် ကောင်းမလား........ ဝက်ဝံတွေက သားကောင်အသေတွေကို မစားဘူးမလား....

သို့ပေမဲ့ ဝက်ဝံဆိုသည်က ညမှကျက်စားသည့် တိရစ္ဆာန်မလား....... သေစမ်း!!! ဂူမန်မန်က ဒီနှစ်အတွင်းမှာ 'တိရစ္ဆာန်ကမ္ဘာ' အစီအစဉ်ကို သေချာ မကြည့်ခဲ့မိသည့်အတွက် နောင်တရနေ၏။

"ဂူမန်မန်" ဂူမန်မန်သည် သူမအတွေးတွေရောက်ယက်ခတ်နေစဉ် အစိမ်းရောင်မျက်လုံးပိုင်ရှင်က စတင်၍ စကားဆိုလာခဲ့သည်။ သူမသည် မျက်နှာကို ရှင်းလင်းစွာမမြင်ရပေမဲ့ ဂူမန်မန်က လေထုထဲက အေးစက်မှုတော့ ခံစားမိလေသည်။ အကြောင်းရင်းက ထိုလူက သူမနာမည်ကို သွားကြားထဲက လေသံဖြင့် ခေါ်တာဖြစ်သည့်အတွက် သူ့မှာ မကောင်းသည့် ရည်ရွယ်ချက်ရှိတာ ထင်ရှားသည်။

"ဘယ်သူလဲ" ဂူမန်မန်သည် ချက်ချင်းနောက်ဆုတ်လိုက်ပြီး သူမ ဝမ်းဗိုက်နှင့်နောက်ကျော တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန် သစ်ပင်အကြီးကြီးဆီ မှီကပ်ထားလိုက်သည်။ ဘေးမှရှိနေသည့် သစ်သားချောင်းကို ကောက်ယူလိုက်ပြီး သူမရင်ဘတ်မှာ ကာထားလိုက်ပြီး အစိမ်းရောင်မျက်လုံးကို သတိထားပြီး စိုက်ကြည့်လိုက်သည်။

အစိမ်းရောင်မျက်လုံးပိုင်ရှင်က တစ်လှမ်းချင်း ချည်းကပ်လာပြီး နင်းခြေလိုက်တဲ့ သစ်ရွက်ခြောက်တွေရဲ့ ကြွေမွသံနှင့်အတူ ဂူမန်မန်၏ တစ်ကိုယ်လုံး တောင့်တင်းသွားလေသည်။

"ရှင် ရှေ့တိုးလာရင် ကျွန်မ အဆိုး မဆိုနဲ့နော် ......အားနာနေမှာ မဟုတ်ဘူး"ဂူမန်မန်က သူမ ခုန်လျှင် အစိမ်းရောင်မျက်လုံးပိုင်ရှင်ရဲ့ အရပ်ကို မှီ မမှီ ချင့်ချိန်တွက်ချက်ရင်း သူမ၏ သစ်သားချောင်းကို မြှောက်ရွယ်ထားလိုက်သည်။

"အားမနာဘူးပေါ့..... နီနာကိုတိုက်ခိုက်တုန်းကလည်း မင်း အားမနာခဲ့ဘူးမလား" အစိမ်းရောင်မျက်လုံးပိုင်ရှင်က သူတို့ကြား ခြေတလှမ်းမျှသာ ကွာဝေးသည်အထိ ဂူမန်မန်ရှေ့သို့လျှောက်လာခဲ့သည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now