အခန်း (၈၀) : လီရာကို အဆင့်အတန်းပေးဖို့လား
အဲလ်ဗစ်သည် ဂူမန်မန်မျက်နှာပေါ်ရှိ မျက်ရည်စီးကြောင်းများကို သုတ်ပေးလိုက်သည်။ သူ့အကြည့်သည် ညင်သာနူးညံ့လှပြီး အသံသည်လည်း အလွန်ပျော့ပျောင်းနေလေသည်။ သူသည် မိမိဘာသာပြောနေသကဲ့သို့ ဂူမန်မန်အား ပြောလိုက်သည် "အပြုအမူကောင်း မရှိတာ ကောင်းတယ်.... နောက်လဲ အဲလိုဆက်နေနော်...... ဟုတ်ပြီလား...."
ဂူမန်မန်သည် ပြန်ပြောဖို့ရန် လုံးဝအရှုံးပေးလိုက်ချေပြီ။ အနည်းဆုံးတော့ သူမသည် မော်စီတုန်း၏ အတွေးများဖြစ်သည့် ဘဝအကြောင်း တန်ဖိုးသုံးမျိုး၊ တိန့်ရှောင်ဖိန်၏ သီအိုရီနှင့် သုံးမျိုးသောအကျိုးရလဒ်နှင့် မာ့စ်လီနင်၏ တော်လှန်ရေးယဉ်ကျေးမှုတွင် လူငယ်များနားလည်ရန် လိုအပ်သော စိတ်ဖိစီးမှုငါးမျိုးနှင့် အလှတရားလေးမျိုး စသည်ကို သူမကျော်ဖြတ်ခဲ့ပြီး ဖြစ်၏။ နောက်နေတာများလား..... သူမသည် အပြုအမူကောင်းရှိဖို့ မလိုဘူးဆိုလျှင် ထိုတန်ဖိုးသုံးခုသည် တစ်စစီ ပဲ့ကြွေသွားလိမ့်မည်။
"ကောင်းပြီ.... ပထမဆုံး လီရာ မင်းအတွက် အသားသွားမကင်ခင် မင်းရွေးချယ်မဲ့ ပါတနာကို ကြေညာပေးမယ်" အဲလ်ဗစ်သည် သူ့မျေှာ်လင့်ချက်ကို သူမမရိပ်မိစေရန် တည်တည်ငြိမ်ငြိမ်ပုံစံဖြစ်ဖို့ရန် ကြိုးစားလိုက်သည်။
ယမန်နေ့ညက စိန်ခေါ်မှုအားလုံးကို လက်ခံခဲ့သူက လီရာတစ်ဦးတည်းဖြစ်ခဲ့သော်လည်း မည်သူမျှ အဲလ်ဗစ်စွမ်းရည်ကို သံသယမဖြစ်ပေ။ အားလုံးသည် ဂူမန်မန်၏ အဲလ်ဗစ်နှင့် လီရာတို့အပေါ် မှီခိုမှုကို သိရှိပြီး သူတို့သည် ပထမဆုံးပါတနာဖြစ်ကြောင်း သံသယမရှိချေ။
ယခု အားလုံးလိုအပ်သည်က ဂူမန်မန်သည် နှုတ်မှ ဖွင့်ဟပြီး သူတို့ကို အဆင့်တန်းသတ်မှတ်ပေးရုံသာ ဖြစ်၏။
သို့သော်လည်း.....
"ဘာပါတနာလဲ...." ဂူမန်မန်သည် စိတ်ရှုပ်ထွေးသွားခဲ့သည် "မနေ့ညက ဒယ်ဒီလီရာကို ဘယ်သူမှ အနိုင် မတိုက်နိုင်ဘူးမလား..... ကျွန်မတို့ အိမ်ကို တည့်တည့်ပြန်လို့ မရဘူးလားဟင်....."
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...